NEWS

Jin shi yuan အထည်ချုပ် စက်ရုံ သတ်မှတ်အချိန်ပို ထက် ပိုခိုင်း

CoverLogo
188 Views
 
Jin shi yuan အထည်ချုပ်စက်ရုံအတွက် တင်ပြစရာလေးရှိလို့ပါ ရှင့်။
 
စက်ရု့ အလုပ် တက်ချိန်ဟာ မနက် ၈နာရီဖြစ်ပေမဲ့ ၇နာရီ ၅၀မိနစ်ထက်ကျော်ပြီးမှ အလုပ်ရောက်ခဲ့ရင် ညနေ ၄နာရီ ခွဲ နောက်ပိုင်းရတဲ့ အိုတီ ot ကြေး ၈၀၀ကို ဖျက်ချပြီး အိုတီကြေးကို ၁၂၀၀ ပဲ ပေးပါတယ်။
 
ပုံမှန် အိုတီကြေးက တနာရီ ကျပ် ၂၀၀၀ ပါ။ အဲ့ဒါကို ၈၀၀ အဖြတ်ခံရပါတယ်။
 
စက်ရုံ အိမ်သာကလည်း အရမ်းကို ညစ်ပက်တော့(ဓါတ်ပုံပါ) ကြာရင် အလုပ်သမားတွေ ဝမ်းရောဂါနဲ့ တခြား ရောဂါတွေ ရနိုင်ပါတယ်။
 
စက်ရုံကို Jin shi yuan လို့ခေါ်သလို ခမ်းစန်းရုံ 4 လို့လည်း ခေါ်ကြပါတယ်။ လိပ်စာအတိအကျက အမှတ်၂၉ ၊ ကျောက်စိမ်းလမ်း၊ သာဓုကန်စက်မူ့ဇုန်၊ ရွှေပြည်သာမြို့နယ် ( ဟာမိုက်အရုပ်စက်ရုံနှင့်မျက်နှာချင်းဆိုင် ) မှာပါ ။
 
စနေနေ့လို တခြား စက်ရုံတွေက ၄နာရီခွဲ ပြန်ကြပေမဲ့ စက်ရုံကတော့ ည ၆ ခွဲ အထိ ဆင်းပေးနေရပါတယ်။
မနက် အအလုပ်တက်ချိန် ၈နာရီ ညနေ အလုပ်ဆင်းချိနိ ၇ ခွဲပါ ရှင့်။
 
ဒါကို စနေနေ့တွေဆို အမြဲလိုလို ၆ခွဲ ဆင်းပေးနေရပါတယ်။
 
အိမ်သာက အရမ်းကိုညစ်ပတ်ပြီး မပြုပြင်ဘဲ ထားထား ပါတယ်။ အလုပ်သမားတွေမှာ အိမ်သာသွားတိုင်း စိတ်ညစ်ရပါတယ်။
 
စက်ရုံမှာ WCC အဖွဲ့အစည်း ရှိမရှိ မသိရပါဘူး။
 
စက်ရုံမှာ စက်လိုင်း ၇ လိုင်း ရှိပါတယ်။ တလိုင်းကို ချုပ်သမား ၆၀ ဝန်းကျင်လောက်ရှိပါတယ်။ ခေါင်းဆောင်က သုံးယောက်ပါ။
 
စက်ရုံသူဌေးက တရုတ်လူမျိုးပါ။
 
အထည်ချုပ်နေတာကတော့ ဝယ်လွန်အထည်တွေ ဖြစ်ပါတယ်။။
 

Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026