NEWS

Jin Shi Yuan Garment အလုပ်သမားဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ခိုင်း

CoverLogo
29 Views
 
Jin Shi Yuan Garment Co., Ltd အထည်ချုပ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်းစေနေတယ်လို့ သိရပါတယ်။ အချိန်ပို ညနက် ၉ နာရီ ဒါမှမဟုတ် အော်လင်းအောနိုက် တွေ လုပ်ကိုင်ပေးရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပို ည ၉ နာရီ၊ အော်လင်း၊ အော်နိုက်တွေ ဆင်း ရတယ်။ တနင်္ဂနွေတွေလည်း မပိတ်ဘူး ။ အချိန်ပိုကို ငြင်းလိုမရဘူးး မဆင်းရင် နောက်နေ့ အလုပ်မလာနဲ့လို့ စက်ရုံကရော ခေါင်းဆောင်တွေကပါ ပြောထားတယ်။ နောက်အချိန်ပိုကြေးကို ဒေးကြေးနဲ့ တွက်ပေးတာမဟုတ်ဘူး ၇၈၀၀ နဲ့ တွက်ထားတာ။” လို့ ပြောပါတယ်။
 
ဒါ့အပြင် အလုပ်ပိတ်ရက်တွေမှာ သတ်မှတ်ဒေးကြေး ၁၁၀၀၀ မပေးဘဲ ၇၈၀၀ နဲ့သာ စက်ရုံဘက်က တွက်ချက် ပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်မှာ နေ့စားအလုပ်သမားတွေကို အမြဲတမ်း ခန့်ထား တာ မရှိပဲ အလုပ်မျိုးစုံကို လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ နေ့စားအလုပ်သမားတွေက လုပ်သက် ၃ လကျော်၊ ၁ နှစ်ကျော်တွေအထိ ရှိနေပြီ။ နေ့စားအနေနဲ့ပဲ စက်ရုံက ခန့်ထားတာ၊ တခြားအလုပ်သမားတွေလို့ ခံစားခွင့် မပေးဘူး။ လုပ်ငန်းခွင်ထဲမှာ အလုပ်မျိုးစုံ ခိုင်းတယ်။ အမြဲတမ်း အလုပ်သမား ခန့်ပေးဖို့ ပြောတော့ “အလုပ်ထွက်လိုက်ပါ၊ မထွက်ရင် အလုပ် ထုတ်မယ်လို့” ပြောတယ်” လို့ ပြောဆိုပါတယ်။
 
ပုံမှန်လည်ပတ်နေတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်သမားတွေကို အစမ်းခန့်ကာလပြီးနောက် အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ရမှာဖြစ်သလို ဘယ်အလုပ်သမားမဆို တစ်ပတ် အလုပ်ချိန် ၄၄ နာရီ ပြည့်အောင် လုပ်ကိုင်ခဲ့ပါက ရက်သတ္တပတ်အလုပ်ပိတ်ရက်ကို လုပ်ခလစာနှင့်အတူ ခံစားခွင့်ရှိတယ်ဆိုတာကို ဥပဒေမှာ ပြဌာန်းထားတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် - IWFM တာဝန်ရှိသူက ပြောတယ်။
 
အလုပ်သမားသမားတွေ ခွင့်ယူလိုပါက ကြိုတင်ခွင့်တင်ရပေမဲ့ ခွင့်တင်လည်းမပေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်က သောက်ရေမှာ ရေသန့်မဟုတ်တဲ့အပြင် တခြား သုံးရေပိုက်တွေနဲ့ ချိတ်ဆက် ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“သောက်ရေသန့် မဟုတ်ဘူး။ ရေပိုက်မှ ရေပဲ၊ အဲ့ရေက သုံးရေ၊ အိမ်သာရေတွေနဲ့ ချိတ်ထားတာ။ ရေစင် ကလည်း အတူပဲ။ ရေသောက်ရင် သံချေးနံ့နဲ့ တခြား အနံ့တွေရတယ်။ အခုလို ရာသီဥတု ပူလာရင် ရေသောက်ဖို့ ပိုခက်လာတယ်လို့ ပြောပါတယ်။
 
အလုပ်သမားတွေအတွက် စီစဉ်ပေးထားတဲ့ ကြိုပိုယာဉ်တွေနဲ့ အလုပ်သမား မမျှတလို့ ယောက်ျားလေး၊ မိန်းကလေး အကုန်တွယ်စီးရတယ်လို့ အန္တရာယ်တွေနဲ့ ရင်ဆိုနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လုပ်ငန်းခွင်ညှိနှိုင်းရေး (WCC) အဖွဲ့ရှိပါတယ်။ ဒီကိစ္စတွေကို ညှိနှိုင်းဖြေရှင်းမပေးတဲ့ အပြင် အလုပ်ရှင် ခိုင်းသမျှ လုပ်ကိုင်ပေးတေယ်” လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Jin Shi Yuan Garment Co.,Ltd အထည်ချုပ် စက်ရုံက ရန်ကုန်မြို့ ၊ရွှေပြည်သာမြို့နယ်၊သာဓုကန်စက်မှုဇုန် ကျောက်စိမ်းမပေါ် မှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၁,၀၀၀ ဝန်းကျင် လုပ်ကိုင်နေတဲ့ တရုတ် နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

Related posts

Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
LITA MYANMAR အထည်ချုပ် သင်္ကြန်ကာလ ပိတ်ရက်အတွက် ရက်စား ဆင်းခိုင်း
Mar 22, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026