NEWS

Jimmy Garment က နေ့စားလုပ်သားများအား အချိန်ပိုကြေးမပေးဘဲ အလုပ်ထုတ်

CoverLogo
388 Views
 
JIMMY Garment (Myanmar) က နေ့စားအလုပ်သမားတွေကို အချိန်ပိုလုပ်ကိုင်ခတွေ မပေးဘဲ လုပ်သက်တစ်လ ပြည့်တဲ့နေ့တွေမှာ အလုပ်ထုတ် တယ်လို့ သွေးစည်းညီညွတ်သော အလုပ်သမားများသမဂ္ဂများ အဖွဲ့ချုပ် STUM ကို ကာယကံရှင် အလုပ်သမားတွေက ပြောပါတယ်။ နေစားအလုပ်သမားတွေမှာ အချိန်ပိုလုပ်ကိုင်ရလို့ လုပ်ခမရတဲ့ အပြင် တနင်္ဂနွေနေ့နဲ့ အစိုးရ ရုံးပိတ်ရက်တွေအတွက်ပါ ရက်တွက်ဒေးကြေး ခံစားခွင့်မရဘူလို့ ပြောပါတယ်။
 
“ပြီးခဲ့ လကုန်ရက် (ဇွန် ၃၀) က ရုံးခန်းမှာ မန်နေဂျာက နေ့စားဝန်ထမ်းတွေအကုန်လုံး နောက်ရက်ကစ ပြီး အလုပ်မလာနဲ့တော့လို့ပြောပြီး အလုပ်ကထုတ်လိုက်တာ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်ထုတ်ခံတဲ့ အလုပ်သမားအများစုဟာ လုပ်သက် တစ်လပြည့်တဲ့အထိ စက်ရုံဘက်က EC စာချုပ် ချုပ် ချုပ်မပေး
တဲ့ အပြင် အချိန်ပိုကြေးနဲ့ ရက်တွက်ဒေးကြေးများ အပြည့်အဝ မရခဲ့ဘူးလို့ သိရပါတယ်။
 
“စက်ရုံက နေ့စားဝန်ထမ်းဖြစ်လိုဆိုပြီး အစိုးရရုံးပိတ်ရက်တွေနဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေ အတွက် ဒေးကြေးမပေးခဲ့ဘူး။ စနေနေ့တိုင်း အချိန်ပိုတစ်ရက်(၄)နာရီအတွက်နဲ့ အလုပ်ပိတ်ရက် တစ်ရက်အတွက် အချိန်ပို(၈)နာရီအတွက် အချိန်ပိုကြေးတွေလည်း မပေးခဲ့ဘူး” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
JIMMY Garment (Myanmar) Co.,Ltd အထည်ချုပ် စက်ရုံဘက်ကို အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ အခန်း(၃)၊ ပုဒ်မ- ၅(က)၊ ပုဒ်မခွဲငယ်-၁ ချိုးဖောက်နေလို့ ပုဒ်မ-၃၈(က) အရ ထိရောက်စွာ အရေးယူပေးဖို့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နဲ့ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ကို တိုင်ကြားထားတယ်လို့ STUM အဖွဲ့ချုပ်က ပြောပါတယ်။
 
JIMMY Garment (Myanmar) Co.,Ltd အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာ စက်မှုဇုန် (၁)၊ စက်မှု(၇)လမ်းမှာ ဖွင့်ထားပြီး NORWAY Nautical School တံဆိပ်တွေ ချုပ်နေတယ်လို့ အလုပ်သမားတွေ က ပြောထားပါတယ်။

Related posts

Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025