NEWS

JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်

CoverLogo
440 Views
ZARA အတံဆိပ်ချုပ်လုပ်နေတဲ့ JIMMY GARMENT MYANMAR အထည်ချုပ်စက်ရုံက အလုပ်သမား ၂၆၁ ဦးကို လုပ်ခလစာ ဖြတ်တောက်ပြီး အကြောင်းပြချက်မရှိ အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ Solidarity Of Trade Union Myanmar ကို အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က အောက်တိုဘာ ၁၆ ရက်မှာ အလုပ်သမား ၂၆၁ ဦးကို အကြောင်းပြချက်မရှိ အလုပ်က ထုတ်ပယ်ခဲ့တဲ့အပြင် လုပ်ခလစာ နှစ်လဆက်တိုက် ဖြတ်တောက်ခဲ့လို့ အလုပ်သမားရုံးကို တိုင်ကြားခဲ့တယ်လို့ အလုပ်သမားတွေက ပါတယ်။
 
“ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွက် လုပ်ခစာတွေ အဖြတ်ခံရတယ်။ အပြည့်မရဘူး။ ဘာအတွက် ဆိုတာမသိဘဲ အဖြတ်ခံရတာ။ အဲဒါနဲ့ အလုပ်သမာတွေက အဖြတ်ခံရကတည်းက တိုင်ကြားခဲ့တာ။ ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လုပ်ခလစာ ဖြတ်တောက်မှုတွေကို အောက်တိုဘာလ လစာထုတ်အပြီး နိုဝင်ဘာ ၆ ရက်နဲ့ နိုဝင်ဘာလစာထုတ်ပြီး ၁၉ ရက်နေ့ တွေမှာ တိုင်ကြားခဲ့တာဖြစ်ပေမဲ့ ဖြေရှင်းဆောင်ရွက်တာ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဒီဖြတ်တောက်ထားတဲ့ လစာက တိုးမြှင့်ထားပေးတဲ့ လုပ်ခလစာ ၁၀၀၀ကျပ်ပါ။ အလုပ်ဖြုတ်ခံရသူတွေက သမဂ္ဂဖွဲ့လို့ တမင် အလုပ်ထုတ်တာ”လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ILO ပြဋ္ဌာန်းချက် အမှတ် ၈၇ (လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခြင်းနှင့် ဖွဲ့စည်းခွင့်ကို အကာအကွယ် ပေးရေးဆိုင်ရာ ပြဋ္ဌာန်းချက်) မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားပါတယ်။ ဒါ့အပြင် လုပ်ခလစာ ဖြတ်တောက်မှုတွေကို လက်ရှိအချိန်အထိ ဖြေရှင်းပေးတာမရှိတဲ့အပြင် လုပ်ငန်းခွင်အတွင်းမှာလည်း ဖိနှိပ်ခံရပြီး အဆင်မပြေမှုတွေကြုံတွေ့နေရတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပို OT တွေကို အတင်းအကျပ်ခေါ်တာ ၊ အရေးကြီးကိစ္စရှိလို့ ဂိတ်ပတ်စ် တောင်းလည်း မရတာ၊ သတိပေးလက်မှတ် (ဝမ်တိန်)တွေကို အတင်းအကျပ် ထိုးခိုင်းတာ၊ အထည်စံချိန် အတင်းအကျပ်တောင်းတာ၊ ခွဲခြားဆက်ဆံပြီး ဌာန အပြောင်းအလဲတာနဲ့ ဆဲဆို ခိုင်းစေတာတွေ ရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားထားပေမဲ့ မဖြေရှင်းပေးဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“ဒီစက်ရုံက အရင်က ဖောခ်ဂလိုရီ ဆိုပြီးဖွင့်ခဲ့တယ်။ အဲ့မှာ အလုပ်သမားသမဂ္ဂဖြိုခွဲတယ်။ ဒါပြီး JIMMY ဆိုပြီး နာမည်ပြောင်းထားတာ။ အခုလည်း စက်ရုံနာမည် ထပ်ပြောင်းမယ်လို ကြားပါတယ်”လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
JIMMY GARMENT စက်ရုံက ZARA အမှတ်တံဆိပ် အဝတ်အထည်တွေကို ရှင်း မိန် (Chi Mei) နှင့် ကျား မိန် အထည်ချုပ်စက်ရုံတွေက တဆင့်ခံယူ ချုပ်လုပ်နေတယ်လို့ Solidarity Of Trade Union Myanmar ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
 
JIMMY GARMENT (MYANMAR) CO,LTD စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ် ၊ ရွှေပြည်သာစက်မှုဇုန် ( ၁ ) ၊ စက်မှု ( ၇ ) လမ်းမှာ ဖွင့်လှစ်ထားပါတယ်။
 
 

Related posts

Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026