NEWS

Jie Sen Garment (Myanmar) စက်ရုံ အလုပ်သမား ၄၀ အား အလုပ်ထုတ်

CoverLogo
281 Views
 
Jie Sen Garment (Myanmar) Co.,Ltd ပိုင် အထည်ချုပ်စက်ရုံက ဒီကနေ့ မနက်မှာ အလုပ်သမား ၄၀ ကို အလုပ်က ထုတ်ပယ်လိုက်တယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် - IWFM ကို အလုပ်သမားတွေက ပြောပါတယ်။
 
“အကြောင်းပျက်ချက် ခိုင်ခိုင်မာမရှိဘူး။ သူတို့စည်းမျဉ်းစည်းကမ်းကိုမလိုက်နာလို့ဆိုပြီး ဒီနေ့ မနက်မှာ အလုပ်သမား ၄၀ ကို အလုပ်ထုတ်လိုက်တယ်” လို့ IWFM က ပြောပါတယ်။
 
ဖေဖော်ဝါရီလ၊ ၁၉ ရက်မှာ လိုင်း (၂)က အထည်စံချိန်မရလို့ဆိုပြီး အလုပ်သမားတွေကို အရှက်အောင် စက်ရုံ HR ဌာနက ကျင့်ဝတ်နဲ့ မညီဘဲ မိုက်နဲ့ ပြောဆိုတာကို ဖြေရှင်းပေးဖို့ အော်စူပါက တစ်ဆင့် အလုပ်သမားတွေက တင်ပြခဲ့တယ်လို့ ပြောပါတယ်။
 
“မိုက်နဲ့ အော်ခဲ့တဲ့ HR က အလုပ်သမားတွေကို ပြန် တောင်းပန်တာ မိုက်နဲ့ ပြောပေးဖို့ပဲ ၊ ၂၀ ရက်မှာ မေးတော့ ဝိမ်တိန်ထိုးခိုင်းတယ်လို့ ပြောတယ်။ ကျွန်မတို့က လူသိရှင်ကြား အရှက်ခွဲခံရတယ်။ သူက လူမသိသူမသိ သတိပေးလက်မှတ်ထိုးပြီး ပြီးသွားရော.” လို့ ပြောပါတယ်။
 
ဒီဖြစ်စည်နဲ့ ပတ်သက်ပြီး စက်ရုံ မန်နေဂျာ၊ HR နှင့် အော်စူပါ၊ ပါဝင် တာဝန်ရှိသူတွေက အလုပ်သမားတွေကို ကို ရင့်ရင့်သီးသီး ပြောဆိုခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက်မှာ လုပ်ငန်းခွင် အဝင်မခံဘဲ အလုပ်ထုတ်ခဲ့တာလို့ သိရပါတယ်။
“ဒီနေ့ အလုပ်သို့ လာဆင်းတော့ လိုင်း (၂) အလုပ်သမားတွေကို အလုပ်ထဲကို အဝင်မခံဘူး။ အလုပ်တက်တော့ အလုပ်သမားတွေကို စက်ရုံ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဖို့ရယ်၊ အလုပ်ထုတ် နစ်နာကြေးယူ အလုပ်ထွက်ဖို့ ထဲက တချက်ရွေးဆိုပြီး စက်ရုံပိုင်ရှင်က ပြောတယ်။ “ လို့ အလုပ်သမာတဦးက ပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ အမှားလုပ်မထားလို့ မူလနေရာ၊ မူလရာထူး၊ လုပ်သက်မပျက် အများနည်းတူ အလုပ် ဆက်လုပ်မယ်ဆိုတာကို ပြန်လည် ပြောခဲ့ပေမဲ့ HR မန်နေဂျာမှ အလုပ်က ထုတ်ကြောင်းနဲ့ ကြိုက်တဲ့နေရာ သွားရောက် တိုင်နိုင်တယ်ဆိုပြီး ပြောဆိုခဲ့တာလို့ သိရပါတယ်။
 
“ အလုပ် ထုတ်စာ တောင်းတော့ မပေးနိုင်ဘူး ပြောတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။ စက်ရုံဘက်က ဥပဒေချိုးဖောက်ပြီး အချိန်ပို အတင်းအကျပ်ခေါ်တာ၊ အရေးယူတာ၊ ခွင့်မပေးတာနဲ့ နားရက် မပေးတာ တွေရှိနေလို့ ကျန်းမာရေးအပါအဝင် လူမှုစီးပွားဘဝတွေ နစ်နာနေခဲ့ရတယ်လို့ သိရပါတယ်။
 
“စက်ရုံက အချိန်ပို ည ၉ နာရီခေါ်တယ်၊ အောလင်း၊ အော်နိုက် ဆင်းရတယ်။ တပတ်တခါ အလုပ်ပိတ်ရက်တွေ၊ အများပြည်သူအလုပ်ပိတ်ရက်တွေဆို မပိတ်တာများတယ်။ အချိန်ပိုခေါ်တာ ငြင်းလို့မရဘူး။ အချိန်ပို မဆင်းတာနဲ့ ကျွမ်းကျင်အဆင့်ချတယ်၊ ဝမ်တိန်ထိုးရတယ်။ မိသားစုကိစ္စအတွက် ဂိတ်ပတ်စ်တောင်းတာတောင် မရဘူး၊ ခွင့်ယူလည်း မရပါဘူး။ ခွင့်မဲ့ပျက်တယ်ဆိုပြီး ရာထူးချတယ်၊ ကျွမ်းကျင်အဆင့်ချတယ်၊ ဝမ်တိန် ထိုးရတယ်၊ အချိန်ပိုတွေ ဆက်တိုက်ဆင်းရတော့ ကျန်းမာရေး မကောင်းဘူး ကုန်ကျစာရိတ်များတယ်၊ ဝင်ငွေထိခိုက်တယ် လူမှုရေးတွေ ပျက်ကွက်ရတယ်.” လို့ လက်ရှိ လုပ်ကိုင်နေတဲ့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
Jie Sen Garment (Myanmar) စက်ရုံက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမား ၁,၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။ စက်ရုံမှာ အလုပ်သမားသမဂ္ဂ ဖွဲစည်းမထားဘဲ WCC အဖွဲ့တော့ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃)၊ မင်းကြီးမဟာမင်းခေါင်းလမ်း မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ လက်ရှိ MACKAGE တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026