NEWS

Jiangsu Soho (Myanmar)စက်ရုံဝန်ထမ်းများပေးစာ

CoverLogo
3.9K Views

စက်ရုံအမည်-Jiangsu Soho (Myanmar)
လုပ်််််််််ငန်းရှင်အမည် -Mr.Wen Youlei(တရုတ်််််််််ပြည်မ)
စက်ရုံတည်နေရာ -မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းသဒသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ယောအတွင်းဝန်ဦးဖိုးလိူင်လမ်းနှင့်တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်း‌ေထာင့်၊အမှတ်(၉၅) အပြည်ပြည်ဆိုင်ရာအပ်ထည်brandများ-NEXT,ZARA, ONLY and others တာဝန်ရှိပုဂ္ဂိုလ်များ
ဒေါ်််််ဝင်းသန္တာလိူင်ဦး(စက်ရုံမှခန့်အပ်ထားသောအလုပ်််််သမားခေါင်းဆောင်) အထက်ဖေါ်ပြပါလူပုဂ္ဂိုလ် များသည် အလုပ်သမားများ အပေါ်၌ 


(1)အကြောင်းပြချက်အမျိုးမျိုး ပြု၍ အလုပ်မှရပ်နားစေခြင်း
 

(2)စက်ရုံရှိ အလုပ်သမားခေါင်းဆောင်အား၎င်းတို့စိတ်ကြိုက် ရွေးချယ်ခန့်ထားခြင်း(အလုပ်သမားများနစ်နာစေသောပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ၎င်းအလုပ်သမားခေါင်းဆောင်ကိုကြားဝင်ဖြေရှင်းပေးရန် တောင်းဆိုသော်လည်း ၎င်းက အလုပ်ရှင်ထံမှလစာယူထားသောကြောင့်အလုပ်ရှင်ဘက်ကသာရပ်တည်မည်ဖြစ်ကြောင်း ပြောဆိုပါတယ်။
 

(3)အလုပ်ချိန်ထက်စော၍ အလုပ်တက်စေခြင်း (နံနက်7:50)
 

(4)လုပ်ငန်းခွင်၌ မိမိ ချုပ်ထည်ပုံပါက over timeကြေး မပေးပဲ အချိန်ပိုဆင်းစေခြင်း
 

(5)ကျန်းမာရေးအခြေအနေအရ toiletသွားချိန်မိနစ်အနည်းငယ်ကြာပါက Warning လက်မှတ်ထိုးခိုင်းခြင်း(တစ်နှစ်အတွင်းwarning လက်မှတ် 3ကြိမ်ထိုးပြီးပါက ၎င်းစက်ရုံမှမည်သည့်ခံစားခွင့်မျှမရပဲအလိုအလျောက် ထုတ်ပယ်နိုင်သည်ဟုနားလည်ထားပါသည်။)
 

(6)စက်ရုံmanager(တာဝန်ရှိသူ)ထံသို့အလုပ်သမားများကိုယ်စား တက်ရောက်ပြောဆိုပေးသူများကို အကြောင်းပြချက်အမျိုးမျိုးဖြင့် လစာမဲ့ခွင့်‌ဖြင့် အလုပ်မှရပ်နားထားခြင်း၊အလုပ်မှအပြီးတိုင်ထုတ်ပယ်ခြင်း
 

(7)လက်ရှိဖြစ်‌ေပါ်‌ေန‌ေသာနိုင်ငံ‌ေရးအခက်အခဲ ကိုအသုံးချ၍ အလုပ်သမားများကိုယ်စားပြောဆိုပေးသော ခေါင်ဆောင်များအား စစ်ကောင်စီမှတပ်သားများခေါ်ယူ၍ဖမ်းဆီးခိုင်းမည်ဟုခြိမ်းခြောက်ခြင်း။
 

(8)အလုပ်နား(ခွင့်/ခွင့်မဲ့ပျက်ကွက်)ပါက ပျက်ကွက်သော့နေ့အပါအဝင် ပိတ်ရက်နားရက်တွင်ခံစားခွင့်ရ‌ေသာ4800ကိုပါလစာထဲမှနှုတ်ယူထားခြင်း(1ရက်ပျက်လျှင်50000ခန့် ဆုံးရှုံး)
 

(9) Supervisorများမှအလုပ်သမားများအပေါ် ဖိနှိပ်ချုပ်ချယ်၍ ခိုင်းတာလုပ် ပေးတဲ့လစာယူ ပြန်မပြောနှင့် အလုပ်ထုတ်ပစ်မည်ဟု ကြိမ်းမောင်းပြောဆိုခြင်း။
 

(10)အလုပ်သမားများသည် မိမိတို့၏ ရပိုင်ခွင့်များ၊ခံစားခွင့်များကိုအပြည့်အဝမရရှိကြ၍ မိမိတို့၏ social mediaပေါ်တွင်ခံစားရသမျှကိုရေးသားကြသောအခါ စက်ရုံမှmanager ရုံးခန်းသို့ခေါ်ယူဆူပူကြိမ်းမောင်း၍ commentရေးသားသူအပါအဝင် ကျား/မ 10ဦးနှင့်အထက်အား စက်ရုံအကြည်ညိုပျက်စေမှုဖြင့်အလုပ်မှရပ်နားစေခဲ့ပါတယ်။
ဤသို့ အာဏာရှင်ဆန်ဆန်ပြုမူနေခြင်းများကို မိမိတို့၏ ရေရှည်ဝမ်းရေးအခက်အခဲနှင့်အသက်အန္တရာယ်ကိုကိုထိခိုက်လာနိုင်သောကြောင့် အများစုမှာရေငုံနှုတ်ပိတ်နေခဲ့ကြရပါတယ်။

အထက်ပါ အကြောင်းအရာ များနဲ့ပတ်သက်ပြီး အလုပ်သမားဥပဒေပါ အခွင့်အရေးများချိုးဖောက်ခံထားရတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။ လူကြီးမင်းတို့အနေနဲ့ အလုပ်သမားပေးစာကဏ္ဍကနေဖော်ပြပေးစေလိုပါတယ်။

အလုပ်သမားများ


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026