ဝါးတရာ လမ်းသွယ် ၂၊ဝါးတရာစက်မှူဇုန် ရွှေပြည်သာရှိ Jia Xin(Myanmar) Garment Co;Ltd ကျားရှင်းအထည်ချုပ်က အလုပ်သမားများဟာ အချိန်ပို အလကားဆင်းနေရလို့ အလုပ်မှထွက်လာခဲ့ရတဲ့ကိစ္စကို ဩဂုတ်၂၁ ရက်က ပထမဆုံးစတင်ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။
" ညှိနှိုင်းတာဘာမှမထူးဘူး။ ဒီအတိုင်းပဲ။ ဒီနေ့ကပထမအကြိမ်စညှိတာ။ ညှိဖြန်မှာညှိမှာပါ။ လောလောဆယ်တော့ လက်ခံမဲ့ပုံလည်းမပေါ်ဘူး။ ညှိဖြန်ရဲ့ထုံးစံအတိုင်း သုံးကြိမ်ညှိမယ်။ သူတို့ကလက်ခံမဲ့ပုံတော့မပေါ်တော့ပါဘူး။ အချင်းချင်းပြဿနာကလည်း တော်တော်တက်ထားပြီဆိုတော့" လို့ အလုပ်သမားနဲ့နီးစပ်သူကဆိုပါတယ်။
အဆိုပါစက်ရုံက အလုပ်သမားများဟာ အချချိန်ပို OT ကို အလကား ဆင်းပေးရလို့ ဆက်လက်မလုပ်နိူင်ဘဲ Super, Leader အပါ အလုပ်သမား၁၂ ဦးက လုပ်ငန်းခွင်မှ ၁၂-၈-၂၃ တွင် လုပ်ငန်းခွင်မှ ထွက်လာခဲ့ကြတာလို့ သိရပါတယ်။
ဒါ့အပြင် စက်ရုံတွင်း ချိုးဖောက်မှူများစွာအနက် ၁- HR မန်နေဂျာ မှ စကားပြန်ရာထူးနှင့် production ကိုပါပူးတွဲ တာဝန်ယူလုပ်ဆောင်သဖြင့် လုပ်ငန်းခွင်အတွင်း အလုပ်တာဝန်များနှင့်ဆုံးဖြတ်ချက်များ တဦးထဲမှ ကိုင်တွယ်လုပ်ဆောင်ခြင်း။
၂၊ OT ကြေး မပေးဘဲ အလုပ်ခိုင်းခြင်း၊
၃၊ အလုပ်သမားများ၏လက်မှတ်ကို ကာယကံရှင်မသိဘဲ Resign စာရွက်တွင် လက်မှတ်ထိုးခြင်းစတာတွေကို အလုပ်သမားတွေအပေါ်ချိုးဖောက်ထားတာလို့လည်း ဆိုပါတယ်။
အဆိုပါစက်ရုံက လက်ရှိ ဂျပန် brand ကို ချုပ်လျှက်ရှိပြီး တခြားစက်ရုံတခု မှလက်ခွဲ ယူချုပ်ခြင်းဖြစ်ပြီးယခုချိုးဖောက်မှူများကိုလည်း အော်ဒါချပေးထားတဲ့စက်ရုံမှလည်း စောင့်ကြည့် ကြပ်မတ်ရန်လိုအပ်နေတယ်လို့ သိရပါတယ်။
#MyanmarLabourNews