NEWS

Jia Xin(Myanmar) Garment စက်ရုံမှာ ကိုယ်ဝန်(၇)လအလုပ်သမားကို နားချိန်မပေးဘဲ အတင်းအဓမ္မစေခိုင်းနေ

CoverLogo
922 Views

ရွှေပြည်သာရှိ Jia Xin(Myanmar) Garment Co;Ltd ကျားရှင်းအထည်ချုပ်က ကိုယ်ဝန်(၇)လ အလုပ်သမားကို  နားချိန်မပေးဘဲ အတင်းအဓမ္မခိုင်းစေနေတယ်လို့ အလုပ်သမား အရေးကူညီပေးသူထံက  သိရပါတယ်။ 

အဆိုပါကိုယ်ဝန် ဆောင် Helper  အလုပ်သမားဟာ စက်တင်ဘာ ၉ ရက်နေ့တွင်  နေမကောင်းသောကြောင့် ဂိတ်ပါတ် gate pass တောင်းရာ လိုင်းစူပါ မ---- မှ မပေးဘဲ  "မလုပ်နိုင်ရင်ထွက်"ဟု ပြောဆိုခဲ့တဲ့အပြင် နေမကောင်းသဖြင့် OT မဆင်းတော့ဘဲ အိမ်ပြန်လာခဲ့ကာ ၁၁ ရက်နေ့တွင်ဖူလုံရေးဆေးခန်းသို့သွားရောက်ပြသသောအခါ ဆေးခွင့်(၃)ရက် ရသဖြင့် ၁၃.၉.၂၀၂၃ ရက်နေ့အထိ အလုပ်နားနေခဲ့တယ်လို့ သိရပါတယ်။ 

၁၄.၉.၂၀၂၃ ရက်နေ့ အလုပ်ပြန်ဝင်သောအခါ လိုင်းစူပါမှ လိုင်းထိပ်သို့(၂)ကြိမ်ခေါ်ကာ  လူအများ ရှေ့ တွင်အရှက်ရစေရန် "အလုပ် က OT မဆင်းနိုင်ရင် အလုပ်လာဆင်းမနေနဲ့တော့ ၊ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်နားလိုက်တော့ ၊ စက်ရုံဆီက ဘာတွေမျော်လင့်နေတာလဲ နားလိုက်တော့ အလုပ်ကိုကျတော့လည်း အာဝါဒီ တောင်းတာမပြည့်ဘူး ၊ ညနေကျတော့လည်း OT အောလင်း၊ အောနိုက်၊ ၈း၃၀ ခေါ်တာကိုမဆင်းချင်ဘူး အိမ်ကိုပဲစောစောပြန်ချင်နေတယ် ၊ အဲ့လိုဆိုရင် အိမ်မှာသာနားနေလိုက်တော့ အလုပ်လာမဆင်းနေနဲ့တော့ ကိုယ့်ဘာသာ အသိရှိရှိထွက်သွား "လို့  အော်ဟစ်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၁၅ ရက်နေ့မှာတော့  အခြားဝန်ထမ်းများ ထမင်းစားနားနေချိန်  ထမင်းစားမနားခိုင်းဘဲ  အာဝါဒီပြည့်မှသာ ထမင်းစားဆင်းရန် ပြောဆိုပြီး ထမင်းစားနားချိန်ကို အလုပ်မနား ဘဲခိုင်း စေခဲ့တာလို့ ဆိုပါတယ်။

အဆိုပါအလုပ်သမားဟာ ကိုယ်ဝန် (၇) လ ရှိပေမဲ့  ကိုယ်ဝန်ဆောင်ခွင့် တစ်ရက်မှ ယူခဲ့ခြင်းမရှိသလို ကိုယ်ဝန်ဆောင်ဆေးခန်းပြရန် တလ တရက် ခွင့်ကိုလည်း ယခု ကိုယ်ဝန် ၇ လ ထိ အသုံးပြုခွင့်မရဘူးလို့သိရပါတယ်။ 

အလုပ်သမားဥပဒေတွေအရ ကိုယ်ဝန်ဆောင်အလုပ်သမားကို လစာအပြည့်နဲ့ပေါ့ပါးတဲ့အလုပ်တွေပဲခိုင်းစေဖို့  ညဘက်မဆင်းခိုင်းဖို့ မီးဖွားခွင့်လို  လူမှု့ဖူလုံရေး ခွင့်နဲ့ အခြားခွင့်တွေ ခံစားခွင့်ရှိတယ်လို့ ပြဌာန်းထားပါတယ်။

တကယ်တမ်းမှာတော့ ကိုယ်ဝန်ဆောင်အလုပ်သမားတွေကို အခြားအလုပ်သမားတွေနဲ့ တန်းတူ ခိုင်းစေတာ စံချိန်တစ်တန်းတည်းတောင်းတာမျိုး တွေ စက်ရုံ အလုပ်ရုံတွေမှာ ကျူးလွန်နေကြပြီး  ဥပဒေကို ချိုးဖောက်နေတာ လို့ အလုပ်သမားအရေး လှုပ်ရှားသူကပြောဆိုပါတယ်။

ဒါ့အပြင် အဆိုပါစက်ရုံတွင်း ချိုးဖောက်မှူများစွာအနက် HR မန်နေဂျာ မှ စကားပြန်ရာထူးနှင့် production ကိုပါပူးတွဲ တာဝန်ယူလုပ်ဆောင်သဖြင့် လုပ်ငန်းခွင်အတွင်း အလုပ်တာဝန်များနှင့်ဆုံးဖြတ်ချက်များ တဦးထဲမှ ကိုင်တွယ်လုပ်ဆောင်ခြင်း၊ OT ကြေး မပေးဘဲ အလုပ်ခိုင်းခြင်း၊ အလုပ်သမားများ၏လက်မှတ်ကို ကာယကံရှင်မသိဘဲ Resign စာရွက်တွင် လက်မှတ်ထိုးခြင်းစတာတွေကို အလုပ်သမားတွေအပေါ်ချိုးဖောက်ထားလို့ အလုပ်သမား၁၂ဦးနဲ့အငြင်းပွားမှုဖြစ်ပွားခဲ့တဲ့ စက်ရုံလည်းဖြစ်ပါတယ်။  

အဆိုပါစက်ရုံက လက်ရှိ ဂျပန် brand ကို ချုပ်လျှက်ရှိပြီး တခြားစက်ရုံတခု မှလက်ခွဲ ယူချုပ်ခြင်းဖြစ်ပြီးယခုချိုးဖောက်မှူများကိုလည်း  အော်ဒါချပေးထားတဲ့စက်ရုံမှလည်း စောင့်ကြည့် လျှက်ရှိတယ်လို့ သိရပါတယ်။  

#MyanmarLabourNews 
Photo - ပုံဟောင်း (women Media center ) (မြန်မာနိုင်ငံမှ အတည်ချုပ်လုပ်သားများ)

 


Related posts

Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025
Cover
TMA Co,. Ltd စက်ရုံ တစ်ကဒ်ကြေး ပွင့်လင်းမှုမရှိ၊ လာစစ်ပေမဲ့ အပြောင်းအလဲမရှိ ဆဲဆိုနေ
Sep 08, 2025
Cover
Ever Lead (Myanmar) အထည်ချုပ် စက်ရုံ တွင် သီတင်းကျွတ်အတွက် ပိုက်ဆံများကောက်ခံ
Sep 07, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025