NEWS

Jia Xin(Myanmar) Garment က အချိန်ပိုအတင်းအဓမ္မစေခိုင်းတဲ့ပြဿနာညှိနှိုင်းရေး ပြေလည်မှုရရှိ

CoverLogo
771 Views

ဝါးတရာ လမ်းသွယ် ၂၊ဝါးတရာစက်မှူဇုန် ရွှေပြည်သာရှိ Jia Xin(Myanmar) Garment Co;Ltd ကျားရှင်းအထည်ချုပ်က အလုပ်သမားများဟာ အချိန်ပို အလကားဆင်းနေရလို့ အလုပ်မှထွက်လာခဲ့ရတဲ့ကိစ္စကို ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိခဲ့တယ်ပြီလို့ သိရပါတယ်။ 

 

အဆိုပါစက်ရုံက အလုပ်သမားများဟာ အချိန်ပိုOT တွေကို အလကား ဆင်းပေးရလို့ ဆက်လက်မလုပ်နိုင်ဘဲ Super,Leader အပါ အလုပ်သမား၁၂ ဦးက လုပ်ငန်းခွင်မှ ၁၂-၈-၂၃ တွင် လုပ်ငန်းခွင်မှ ထွက်လာခဲ့ကြတာလို့ သိရပါတယ်။ 

 

အဆိုပါအလုပ်စက်ရုံနဲ့အလုပ်သမား ၁၂ဦးရဲ့ ပြဿနာကို ပထမအကြိမ်ညှိနှိုင်းခဲ့ရာ ပြေလည်မှုမရရှိခဲ့ဘဲ အဲ့ဒီအလုပ်သမားတွေရဲ့ နေအိမ်တွေမှာ ညအိပ်ချိန်မှာရဲနဲ့စစ်တပ်ကဝင်ရောက်စစ်ဆေးမှူတွေပြုလုပ်တာတွေနဲ့ ခြိမ်းခြောက်မှူတွေကိုလည်းခံခဲ့ရတယ်လို့သိရပါတယ်။ 

 

အဲဒီလိုခြိမ်းခြောက်မှူတွေကိုတော့ အလုပ်ရှင်ဘက်က မလုပ်ထားဘူးလို့ ငြင်းဆိုလာတယ်လို့လည်း သိရပါတယ်။ 

 

"ကျားရှင်းကိစ္စကတစ်နေကုန်ညှိတယ်။ စာချုပ်ညှိလို့ပြီးကာမှလစာမှာ လစာတွက်တာမှာ ကွာဟနေတယ်။ သူတို့ ၁၂ ယောက်ကိုလည်း လုပ်ငန်းခွင်ထဲမှာပြန်၀င်ဖို့အတွက်ကိုပဲညှိထားတာဆိုတော့ ကွာနေတဲ့လစာကို လစာထုတ်ရင် ညှိပြီးပြေလည်တယ်ဆိုရင် လက်မှတ်ထိုး။ မပြေလည်ဘူးဆိုရင် တော့ပြန်ထွက်ဖို့ပဲ လုပ်ထားပါတယ်။ ဒီမနက်ညှိတော့ အလုပ်ရှင်ကလည်းမပေးဘူး။ အလုပ်သမားကလည်း ဒါရမှလုပ်ငန်းခွင်ဝင်မယ်ဆိုတော့ ကြားဝင်ညှိပေးတဲ့STUM ကပဲ attented bonus ကိုစိုက်ပေးလိုက်ရတယ်။ ခုလုပ်ငန်းခွင်ပြန်ဝင်ပြီ စာချုပ်ချုပ်ပြီးပြီ" လို့ အလုပ်သမားများနဲ့နီးစပ်သူထံက သိရပါတယ်။ 

 

ဒါ့အပြင် စက်ရုံတွင်း ချိုးဖောက်မှူများစွာအနက်

၁၊ HR မန်နေဂျာ မှ စကားပြန်ရာထူးနှင့် production ကိုပါပူးတွဲ တာဝန်ယူလုပ်ဆောင်သဖြင့် လုပ်ငန်းခွင်အတွင်း အလုပ်တာဝန်များနှင့်ဆုံးဖြတ်ချက်များ တဦးထဲမှ ကိုင်တွယ်လုပ်ဆောင်ခြင်း။

၂၊ OT ကြေး မပေးဘဲ အလုပ်ခိုင်းခြင်း၊

၃၊ အလုပ်သမားများ၏လက်မှတ်ကို ကာယကံရှင်မသိဘဲ Resign စာရွက်တွင် လက်မှတ်ထိုးခြင်းစတာတွေကို အလုပ်သမားတွေအပေါ်ခိိုးဖောက်ထားတာလို့လည်း ဆိုပါတယ်။

 

အဆိုပါစက်ရုံက လက်ရှိ ဂျပန် brand ကို ချုပ်လျှက်ရှိပြီးတခြားစက်ရုံတခု မှလက်ခွဲ ယူချုပ်ခြင်းဖြစ်ပြီးယခုချိုးဖောက်မှူများကိုလည်း အော်ဒါချပေးထားတဲ့စက်ရုံမှလည်း စောင့်ကြည့် နေတယ်လို့ သိရပါတယ်။  

 

"သူတို့ကသမဂ္ဂအဖွဲ့တွေမဟုတ်ဘူး။ အရင်တုန်းကစက်ရုံမှာ သမဂ္ဂအဖွဲ့၀င်တွေ။ ပထမ သမဂ္ဂပြိုကွဲထားပြီးမှ ဒီစက်ရုံမှာလာပြန်စုသလိုဖြစ်နေတာမှ အဲလိုဖြစ်နေတာ။ 

မပြေလည်ရင်တော့ ခုံသမာဓိကိုသွားဖို့ပါပဲ။ ကိုယ်တွေကခုံသမာဓိ ခုံကောင်စီကိုသွားဖ်ို့ကတော့ သိပ်စာရင်းထဲမရှိဘူး။သွားလည်းပေါက်ကရတွေအမိန့်ထုတ်မှာ။ ကိုယ်တွေကတော့ တိုင်ကြားမှုယန္တယား Zara နဲ့ GU လိုင်းနှစ်လိုင်းချုပ်တာဖြစ်တဲ့အတွက် ကိုတိုင်စာပို့ထားတယ်။ ဘရမ်းနဲ့ပဲသွားမယ်။"လို့ အလုပ်သမားတွေကို အကူအညီပေးနေသူကပြောဆိုပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026