NEWS

J&F Myanmar LNY Caps စက်ရုံ အချိန်ပို တစ်လ နာရီ ၉၀ ကျော် လုပ်ခိုင်း

CoverLogo
516 Views
 
J&F Myanmar LNY Caps ဦးထုပ် စက်ရုံက တစ်လအတွင်း အချိန်ပို နာရီ ၉၀ ကျော် လုပ်ကိုင်ခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပို မဆင်းတဲ့ အလုပ်သမားတွေကို မန်နေဂျာက အစည်းအဝေးခေါ်ပြီး ဖိအားပေးတယ်လို့လည်း ပြောပါတယ်။
 
“အချိန်ပို မဆင်းရင်လည်း အပြောခံရပါတယ်ရှင့်။ မန်နေဂျာက မဆင်းချင်တဲ့ အလုပ်သမားတွေကို တွေကိုခေါ်ပြီး အစည်းအဝေးမီတင် လုပ်တယ်။ ပြီးတော့ အချိန်ပိုဆင်းမလား ။ အလုပ်ထွက်မလားဆိုတာမျိုး ပြောပါတယ်ရှင့်။ အကြောင်းရင်းရှိလို့ မဆင်းဘူးပြောရင်လည်း မရပါဘူးရှင့်။ အတင်းအဓမ္မ ဆင်းခိုင်း ပါတယ်” လို့ အမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။
 
အချိန်ပိုက တနေ့ ၃ နာရီ ပုံမှန် လုပ်ကိုင်ရတဲ့ အပြင် အချိန်ပို ပြီးဆုံးတဲ့တဲ့ ညပိုင်းအထိ နားချိန်မပေးဘဲ တဆက်တည်း လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စနေနေ့တိုင်း ည ၆ နာရီခွဲအထိ လုပ်ကိုင်ခိုင်းပြီး တခါတရံ တနင်္ဂနွေနေ့တွေပါ လုပ်ကိုရတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
 
“နှစ်လဆက်တိုက် အချိန်ပိုတွေ လုပ်နေရတာပါ။ အခုဆို ည ၇ ခွဲအထိ လုပ်ခိုင်းတယ်။ ကြားမှာ နားချိန် မပေးဘူး။ အိုတီ ခေါ်ပြီးရ င်လည်း တနင်္ဂနွေနေ့ပါလုပ်ပေးရတယ်။ ပြီးခဲ့တဲ့လက နာရီ ၉၀ ကျော် အိုတီ ပါရှင့်” လို့ ပြောပါတယ်။
 
စက်ရုံ အလုပ်ချိန်က မနက် ၈ နာရီကနေ ညနေ ၄ ခွဲအထိဖြစ်ပြီး အချိန်ပိုလုပ်ခိုင်းပါက ည ၆ခွဲ၊ ၇ ခွဲ အထိ လုပ်ကိုင်ဖို့ သတ်မှတ်ထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမဲ့ စက်ရုံမှူးက စက်လိုင်း ထဲလာပြီး မနက်အစော ရောက်လာတဲ့ အလုပ်သမားတွေ အလုပ် မလုပ်လို့ အော်ဟစ် ပြောဆို တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်ချိန်က မနက် ၈ နာရီ ကစတယ်။ သမီးတို့က မနက် ၆ ခွဲ၊ ၇နာရီ လာပြီး လုပ်ကြတာတောင် အလုပ် မလုပ်တာမတွေ့ရင် အော်ဟစ်ပြောဆိုပါတယ်။ ဒါက မဖြစ်သင့်ဘူး ရှင့်။” လို့ ပြောပါတယ်။
 
စက်ရုံက လှိုင်သာယာစက်မှုဇုန်မှာ ရှိပေမဲ့ လက်ရှိအချိန်အထိ ဒေးကြေး ၆၈၀၀ ပဲ ပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် အလုပ်သမားတဦးကို အလုပ်ထွက်ဖို့ စက်ရုံတာဝန်ရှိသူတွေက ဖိအားပေးတာတွေ ပြုလုပ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမား တစ်ယောက်ကို သူတို့က သဘောမကျတော့ဘူး၊ မလိုချင်တော့ဘူးဆို အဲ့အလုပ်သမား အလုပ်ထွက်အောင် အကြောင်းအမျိုးမျိုးရှာပြီး အပြစ်ပြောပါတယ် ။ မထွက် ထွက်အောင် ဖိအားပေးတယ်။ အလုပ် ထုတ်ရင် လျော်ရေးပေးရမှာ စိုးတော့ ဖိအားပေးတာမျိုးပေါ့။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
J&F Myanmar LNY Caps Co,Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂ ၊ ဗိုလ်ချုပ်မှတ်တိုင်းအနီးမှာ ဖွင့်လှစ်လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026