VIDEO

IWFM အမည်နဲ့ အမှတ်တံဆိပ်ကို အလွဲသုံးစား လုပ်ဆောင်ပြီး စစ်တပ်အလိုကျ လုပ်ဆောင်နေ တာတွေ အပေါ်ဒေါ်ခိုင်ဇာအောင်ဘာပြောသလဲ။

CoverLogo
1K Views

 

 

IWFM အမည်နဲ့ အမှတ်တံဆိပ်ကို အလွဲသုံးစား လုပ်ဆောင်ပြီး စစ်တပ်အလိုကျ လုပ်ဆောင်နေ တာတွေ အပေါ်ဒေါ်ခိုင်ဇာအောင်ဘာပြောသလဲ။ 

ဖေဖော်ဝါရီ ၁၊ ၂၀၂၅

မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) အမည်နဲ့ အမှတ်တံဆိပ်ကို အဖွဲ့ချုပ်က နှုတ်ထွက်ပြီးသူတွေက အသုံးချနေပြီး စစ်တပ်အလိုကျ လုပ်ဆောင်ပေးနေတာကို ဇန်နဝါရီလ (၃၀) ရက်မှာ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီအခြေအနေမှာ အဖွဲ့ချုပ်က နှုတ်ထွက်ထားသူတွေက အလုပ်သမားရေးရာအဖွဲ့ ဦးဆောင်သူတွေဆိုကာ အခန်းတံခါးပိတ်ပြီး စစ်တပ်အလိုကျ စည်းရုံးလှုံ့ဆော်တာတွေ လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ IWFM ဥက္ကဌ ဒေါ်ခိုင်ဇာအောင်က ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ IWFM အဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းက အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ကူညီဖြေရှင်းတာတွေ လုပ်ဆောင်နေတာဖြစ်ပြီး ILO ကတဆင့် အာဏာသိမ်းစစ်တပ်ကို ထိရောက်စွာ အရေးယူနိုင်ဖို့လည်း ကြိုးပမ်းနေတာ ဖြစ်တယ်လို့ဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Yuan Hong အထည်ချုပ် နားရက်မရှိ အချိန်ပို လုပ်ကိုင်ခိုင်း
Feb 20, 2026
Cover
Saifeom International Garment စက်ရုံ WCC အမည်စာရင်း မသိရဘဲ ရွေးချယ်ဖို ပြင်ဆင်နေ
Feb 20, 2026
Cover
Straightex အထည်ချုပ် စက်ရုံမီးလောင်မှု ဖြစ်ပွား၊ လောင်ကျွမ်းချိန် ၃ နာရီကျော်အထိ မငြိမ်း
Feb 20, 2026
Cover
ထိုင်းရောက် မြန်မာအလုပ်သမား တစ်ဦး မြစ်ထဲသို့ ခုန်ချအဆုံးစီရင်မှုဖြစ်ပွား
Feb 20, 2026
Cover
XING YUAN ( Myanmar) အထည်ချုပ် လိုင်းစူပါ ဆဲဆို ခိုင်းစေ
Feb 18, 2026
Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026