NEWS

IWFM မှညှိနှိုင်းပေးခဲ့ပြီးနောက် Honor Apparel အထည်ချုပ်စက်ရုံမှအလုပ်သမားများကြားကာလနစ်နာကြေးအပြည့်အဝရရှိ

CoverLogo
1.3K Views

ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ ၁၅ ရက်နေ့လောက်ကစပြီးမီးလောင်မှု့ဖြစ်ပွားခဲ့လို့စက်ရုံပိတ်သိမ်းခဲ့ရတဲ့ရွှေပြည်သာမြို့နယ်က Honor Apparel အထည်ချုပ်စက်ရံမှအလုပ်သမား ၄၆၂ ဦးဟာစက်ရံပိတ်သိမ်းစဥ်ရရှိရမယ့်ကြားကာလနစ်နာကြေးအပြည့်အဝရရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

စက်ရုံအနေနဲ့ကြားကာလနစ်နာကြေးပေးဖို့ Industrial Workers' Federation Of Myanmar-IWFM ကဝင်ရောက်ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပြီးစက်ရုံအနေနဲ့အခုလိုဆောင်ရွက်ပေးခဲ့တာဖြစ်တယ်လို့အလုပ်သမားတွေကဆိုပါတယ်။

"IWFM အဖွဲ့ဝင်များက အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အထဲက မှ အလုပ်သမား ၄၆၂ ယောက်ကို ဒီနေ့ ပျော်ရွှင်မှု ရဖို့အတွက် ဆောင်ရွက်ပေးနိုင်တဲ့အတွက် ဝမ်းသာပါတယ်။ (၄၆၈၀၀၀ ကျပ် x ၄၆၂ ဦး = 216,216,000 )
ဒါက အလုပ်သမားတွေ ရသင့်တာနဲ့ ယှဉ်ရင် အများကြီး နည်းပါတယ်။ ရသင့်တဲ့ သူ အားလုံးလည်း မရခဲ့ကြပါဘူး။ အကောင်းဆုံးဖြစ်အောင်တော့ လုပ်ပေးခဲ့ပါတယ်။"လို့IWFMမှတာဝန်ရှိသူတဦးကဆိုပါတယ်။

စက်ရုံအနေနဲ့မတ်လအလုပ်ပိတ်စဥ်ကာလပြန်သွားတဲ့အလုပ်သမားတွေကိုဒီဇင်ဘာလနောက်ဆုံးထားခေါ်ယူကာအလုပ်ခန့်ခဲ့ပြီးလက်ရှိနစ်နာကြေးမရရှိသေးတဲ့သူတွေကိုလဲနစ်နာကြေးဆက်လက်ပေးခဲ့ပေမယ့်အရင်လိုလုပ်ခလစာနဲ့ကျွမ်းကျင်ကြေး၊targetကြေးတွေတော့မရရှိတော့ဘူးလို့စက်ရုံအလုပ်သမတဦးကMLNကိုပြောပါတယ်။

"ခုပြန်ဝင်လာတဲ့သူတွေကိုနစ်နာကြေးပေးတော့ဘယ်သူကတောင်းခိုင်းတောင်းခိုင်းနောက်မတောင်းရတော့ဘူးလို့စာချုပ်ထဲမှာထည့်ထားတယ် ပြီးတော့လစာကအရင်လိုမဟုတ်ဖူးခုကချုပ်နိုင်သလောက်ပဲရတော့ပထမလမှာဝန်ထမ်းတွေလစာရတာတော်တော်နည်းတယ်"လို့ Honor Apparel စက်ရုံအလုပ်သမားတဦးကပြောပါတယ်။

ယခင်ကတရက်တာလုပ်ခလစာ ၄၈၀၀ အပြင်တခြားလုပ်သားခံစားခွင့်ရရှိပေမယ့် ယခုအခါစက်ရုံဖက်ကလုပ်သားတွေကိုချုပ်နိုင်သလောက်သာပေးတော့တဲ့အပြင်ပြန်လည်အလုပ်ဆင်းနေတဲ့အလုပ်သမားများမှယခင်ကဌာနမှာပြန်မရတော့တဲ့အတွက်လုပ်ငန်းပိုင်းအခက်အခဲတချို့ရှိနေသေးတယ်လို့လဲသိရပါတ်ယ်။

"ခုကပွိုင့်လွယ်ရင်လွယ်သလောက်ရတယ်ပေါ့နော်ကျမတို့ကတော့အေးအေးဆေးဆေးနဲ့မှန်မှန်ကန်ကန်လေးစက်ရုံကိုဆက်သွားစေချင်တယ်"လို့အဆိုပါစက်ရုံမှအလုပ်သမတဦးကဆက်ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းအလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေကိုစစ်ကောင်စီကဖမ်းဆီးတရားစွဲဆိုထောင်ချထားတာတွေရှိပေမယ့်အလုပ်သမားသမဂ္ဂတွေနဲ့အလုပ်သမားအဖွဲ့ချုပ်တွေကတော့အလုပ်သမားအခွင့်အရေးအတွက်ဆက်လက်ဆောင်ရွက်နေမှာဖြစ်တယ်လို့အလုပ်သမားရေးဆာင်ရွက်သူတဦးကဆိုပါတယ်။
 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026