NEWS

Innovation Food Co.,Ltd ကုန်ကြမ်းမရှိသည့် ပိတ်ရက်အတွက် အစားထိုး အလုပ်ဆင်းခိုင်း

CoverLogo
359 Views
 
Innovation Food Co.,Ltd ပိုင်စက်ရုံ မှာ ကုန်ကြမ်း မရှိတဲ့ပိတ်တဲ့ရက်အတွက် ရက်အစား ပြန်ဆင်းခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ အလုပ်ချိန် အဆိုင်း ၂ဆိုင်း ခွဲထားပြီး အလုပ်ချိန်ကိုလည်း ပုံမှန် သတ်မှတ်ထားတာ မရှိဘူးလို့ ပြောပါတယ်။
 
“ အဲဒီရက်အစား နားရက်မှာ ပြန်ခေါ်တာ။ မဆင်းရင် ရက်မှန်ကြေး ဖြတ်တောက် မယ်လို ပြောပါတယ်။ ကုန်ကြမ်း နည်းရင် အလုပ်ချိန်ကို နာရီဝက် ၁နာရီ နောက်ကျမှ ဝင်ခိုင်းတယ်။ ကုန်းကြမ်းရှိတဲ့နေ့မှ ပုံမှန် အလုပ်ချိန် ဝင်ရတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံရဲ့ EC စာချုပ်မှာတော့ အလုပ်ဝင်ချိန်ကို မနက် ၈နာရီမှာ စတင်တယ်လို့ ဖော်ပြထားပေမဲ့ လက်တွေ့မှာ တော့ စက်ရုံဘက်က အဆင်ပြေတဲ့ အချိန် လုပ်ကိုင်ခိုင်းနေတယ်လို့ စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။ စက်ရုံမှာ ဖွဲ့စည်းထားတဲ့ WCC အဖွဲ့အစည်းမှာလည်း ဥပဒေနဲ့ အညီ ဖွဲ့စည်းထားတာ မဟုတ်လို့ အကူအညီတောင်းဆို့ ခက်ခဲနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“WCC မှာ ပါတဲ့ အလုပ်သမားကိုယ်စားလှယ်တွေက ဘယ်သူမှန်း မသိဘူး။ ညှိနှိင်း ပေးတာလဲ မရှိဘူး။ ဖွဲထားတာက ကြာနေပြီ။ မရှိတဲ့သူတွေက မရှိတော့ဘူး။ အဖွဲဝင် အစားထိုး ခဲ့တာပဲ ရှိတယ်။ အလုပ်သမားတွေရဲ့ ဆန္ဒအတိုင်းရွေးချယ် ဖွဲစည်းထားမရှိဘူး။ “လို့ ပြောပါတယ်။
 
စက်ရုံက ယူနီဖောင်းကို လုပ်ငန်းခွင် ရောက်မှ ဝတ်ခိုင်းလို့ ညဆိုင်း အလုပ်ဆင်းရတဲ့ အလုပ်သမားတွေ အတွက် လုံခြုံရေး စိုးရိမ်ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“အိမ်ကနေ ဝတ်ပြီးလာရင်အပေါ် ယူနီဖောင်းဆို ၁၅၀၀ ၊ အောက်ယူနီဖောင်းဆို ၁၅၀၀ ကောက်တယ် ။ အလုပ်က နေ့ဆိုင်း ညဆိုင်း ဝင်ရတာ။ ယူနီဖောင်းနဲ့ လာမယ်ဆိုရင် လုံခြုံရေးအရ ပိုအဆင်ပြေတယ်” လိုပြောပါတယ်။
 
“စက်ရုံမှာ သာရေး နာရေး အတွက် ဖောင်ဒေးရှင်းကြေး ဆိုပြီး တလ ၊ တခါ ပိုက်ဆံ ကောက်တယ်။ ငွေကြေး ရှင်းတမ်းတော့ မလုပ်ဘူး။ ဘယ်လောက်ရနေပြီ ဆိုတာလည်း မသိရဘူး။ အဲ့လိုထည့်ပေးရတာက စက်ရုံဖွင့်ကတည်းကပဲ” လို့ ပြောပါတယ်။
 
Innovation Food Co.,Ltd က ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်မှာရှိပြီး မြန်မာနိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ လုပ်သား ၈၀၀ ကျော် လုပ်ကိုင်ပြီး Sunday Coffee၊ Rich Creamy ထုတ်လုပ်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026