NEWS

ILTERU Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများ နှစ်ချီကြာအောင် လူမှုဖူလုံရေး ကတ်မရ

CoverLogo
267 Views
 
ILTERU Myanmar Co.Ltd အထည်ချုပ် အလုပ်သမားတွေမှာ လုပ်သက် နှစ်နှင့်ချီကြာမြင့်လာပေမဲ့ လူမှုဖူလုံရေး ကတ်မရဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဖွင့်ထားသည်မှာ (၄) နှစ်ကျော်ရှိနေပြီ ဖြစ်သလို အလုပ်သမားတွေကလည်း လစဉ် လူမှုဖူလုံရေးကြေး လစဉ် ထည့်ဝင်နေတယ်လို့ ပြောပါတယ်။
 
“ လူမှုဖူလုံရေးထည့်ဝင်ကြေးက လတိုင်း စက်ရုံက ဖြတ်နေတာ၊ လုပ်သက် နှစ်ချီကြာနေတဲ့ သူတွေတောင် မရကြပါဘူး၊ တောင်းလျှင်လဲ ဟိုနေ့ပေးမယ် ဒီနေ့ပေးမယ်နဲ့ မရပါဘူး။ တချို့ဆို အလုပ်ထွက်သွားတယ် လူမှုဖူလုံရေးကဒ် မရကြဘူး။ စက်ရုံက တယ် လူမှုဖူလုံရေး အခွန်ဆောင်နေလား / မဆောင်လားဆိုတာ မသိရပါဘူး။ “ လို့ပြောပါတယ်။
 
စက်ရုံ လုပ်သား ၅၀၀ ဝန်းကျင်လုပ်ကိုင်နေပေမဲ့ အမျာစုမှာ လူမှုဖူလုံရေး ကတ် မရရှိကြဘူးလို့ ပြောပါတယ်။
ဥပဒေမှာ ပြဌာန်းထားတဲ့ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့် ယူလို့မရသလို တောင်းလည်း မပေးဘူးလို့ အလုပ်သမား တွေက ပြောပါတယ်။ ဒါ့အပြင် အလုပ်ထွက်စာ တင်ဖို့ ရက် တစ်ရက်တည်း သတ်မှတ်ပြီး အဲဒီရက်မှာ ထွက်စာ မတင်ပါက စက်ရုံဘက်က လစာထုတ်မပေးဘူးလို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
“အလုပ်ထွက်ချင်လို ၂၀ ရက်နေ့ တစ်ရက်တည်းပဲ ထွက်စာတင်တာကို လက်ခံတယ်။ တကယ်လို့ ၂၀ ရက်နေ့ စာမတင်ဖြစ်ရင် လစာ ထုတ်မပေးတော့ဘူး။ နောက်လ ၂၀ ရက်အထိ ထပ်စောင့်ရတယ်။ “ လို့ပြောပါတယ်။
 
စက်ရုံ စည်းကမ်းချက်တွေက အလုပ်သမားဥပဒေနဲ့ မညီလို့ အလုပ်သမားတွေတွက် နစ်နာနေရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ဒါအပြင် ဥပဒေသတ်မှတ်ထားသလို အချိန်ပိုကြေးကို တွက်ချက်မပေးလို့ အလုပ်သမားတွေမှာ နစ်နာနေရတယ်လို့လည်း ပြောပါတယ်။
 
“အချိန်ပိုကြေးကို ဥပဒေအတိုင်းမပေးဘူး၊ ဥပဒေအတိုင်း ပေးဖို့ပါ။ “ လို့ ပြောပါတယ်။ အလုပ်သမားတွေကတော့ ဥပဒေမှာ ပြဌာန်းထား သလို ဒေးကြေးကို အခြေခံပြီး တွက်ချက် ရရှိတဲ့ အချိန်ပိုကြေးအတိုင်း ပေးဖို့‌ တောင်းဆိုတာပါလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် -IWFM တာဝန်ရှိသူက ပြောပါတယ်။
 
အထည်စံချိန်ကို တစ်နေ့ထက်တစ်နေ့ တိုးမြှင့်တောင်းပြီး အော်စူပါ၊ စူပါတွေက အမြဲတမ်းအော်ဟစ်၊ ပြောဆို၊ ကြိမ်းမောင်းနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ “ ဆဲဆိုနေတာတွေက လုပ်ငန်းခွင်မှာ အလုပ်သမားတွေ ဆိုးဆိုးဝါးဝါး ဂုဏ်သိက္ခာမဲ့ အလုပ်လုပ်နေရတယ်” လို့ ပြောပါတယ်။
 
စက်ရုံမှာ ဆေးခန်းရှိပေမဲ ဆေးအပူ၊ လျှက်ဆား၊ ပါတာစီတမော့ကလွဲလို့ ကျန်တဲ့ ဆေးအမျိုးအစားတွေ မရှိဘူးလို့ ပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ သန့်ရှင်းမှုမှာ အရေးပါတဲ့ အိမ်သာတွေကလည်း ပျက်ဆီးနေတယ်လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
“ ရေမလာသလို လာတဲ့ရေက မသန့်ဘူးနော်။ အမျိုးသားတွေအနေနဲ့တော့ မသိဘူး၊ အမျိုးသမီး အလုပ်သမားအတွက် ကျန်းမာရေး ပြသာနာရှိတယ်၊” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း WCC နဲ့ သမဂ္ဂအဖွဲ့အစည်းတွေ မရှိလို့ အလုပ်သမားတွေမှာ အခက်အခဲတွေကို တင်ပြ ပြောဆိုနိုင်ခွင့် မရှိ ဖြစ်နေရတယ်လို့လည်း အလုပ်သမားတွေက ပြောဆိုပါတယ်။
 
“စက်ရုံ စည်းကမ်းဆိုလည်း အလုပ်သမားဥပဒေတွေနဲ့ အညီ ဖြစ်ဖို့လိုပါတယ်။ လက်ရှိက အလုပ်သမား မရှိဖြစ်နေတယ်။ အလုပ်ထဲမှာက တခုခုဆို ဘယ်သူကို တင်ပြ တောင်းဆိုရမှန်း မသိတဲ့ အခြေအနေပါ။” လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026