NEWS

ILO ညီလာခံတွင် ဆွေးနွေးနေသည့် အမျိူးသမီးခေါင်းဆောင်(၂)ဦးအား ထောက်ခံသည့် ကမ်းပိန်းပြုလုပ်

CoverLogo
347 Views

မြန်မာနိုင်ငံ ပြည်တွင်း လွတ်မြောက်နယ်မြေက မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု MLA နဲ့ CDM အလုပ်သမား တွေက ဒေါ်ဖြိုးစန္ဒာစိုးနဲ့ ဒေါ်ခိုင်ဇာအောင်တို့ အမျိုးသမီးခေါင်းဆောင်(၂)ဦးကို ထောက်ခံ ရပ်တည်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO က စစ်ကောင်စီပေါ် အရေးယူမှုချက်ချင်းဆောင်ရွက်ဖို့ တောင်းဆိုတဲ့ ဓါတ်ပုံ ကမ်ပိန်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဆွစ်ဇလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ လက်ရှိ ကျင်းပနေတဲ့ ILO ညီလာခံမှာ အမျိုးသမီး ခေါင်းဆောင်နှစ်ဦးစလုံးက စစ်အာဏာရှင်ကို အရေးယူနိုင်ရေး  တင်ပြ ဆွေးနွေးနေတယ်လို့လည်း သိရပါတယ်။  

ဒေါ်ဖြိုးစန္ဒာစိုးက ILO အုပ်ချုပ်ရေးအဖွဲ့မှာ အလုပ်သမား ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံထားရပြီး ဒေါ်ခိုင်ဇာအောင်ကတော့  အလုပ်သမားအရေး ကြိုးပမ်းမှုအတွက် Arthur Svensson Prize ဆု ချီးမြှင့်  ခံထားရသူ ဖြစ်ပါတယ်။  

ILO အုပ်ချုပ်ရေးအဖွဲ့မှာ အလုပ်သမားကိုယ်စားလှယ်အနေနဲ့ ထပ်မံအရွေးခံရတဲ့အပေါ် ဒေါ်ဖြိုးစန္ဒာစိုးကို MLA က ဂုဏ်ပြုကြောင်း ဇွန်လ ၁၁ က ထုတ်ပြန် ထားပါတယ်။  


Related posts

Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါ ၈ ဦးကို အာမခံပေးရန်ကိစ္စ စက်တင်ဘာ ၈ ရက် အမိန့်ချမယ်လို့ဆို
Sep 05, 2025
Cover
Everlao ဦးထုပ်စက်ရုံ စစ်ဆေးမှုအား လိမ်ညာခိုင်းပြီး၊ လျှော်ကြေး‌ရမှ နေရပ်ပြန်လွှတ်မယ်ဟု ခြိမ်းခြောက်
Sep 05, 2025
Cover
Myanmar Best Fortune အထည်ချုပ် ညနက် အချိန်ပိုအပြင် နားရက်မရှိ အလုပ် ဆင်းခိုင်း
Sep 05, 2025
Cover
Sudey အထည်ချုပ် လုပ်ခလစာ အပေါ် အကျိုးအမြတ်ယူ၊ HR ဌာနက မောက်မာစွာ ခွဲခြားဆက်ဆံ
Sep 05, 2025
Cover
A&C အထည်ချုပ် လူမှုဖူရေးကြေး လစဉ် ဖြတ်တောက်ပေမဲ့ ဆေးခွင့် မပေး
Sep 05, 2025
Cover
အလုပ်ရှာနေသည့် လူငယ်များကို ပစ်မှတ်ထားလိမ်လည်ပြီး စစ်မှုထမ်းအတွက် ရောင်းစားမှုများလာ
Sep 05, 2025
Cover
အခွန်ဆောင်ရသည့်အတွက် လာအို စက်ရုံမှာ တနေ့ ၂ နာရီ အပိုလုပ်ခိုင်း၊ မြန်မာ အေဂျင်စီက ပွဲခယူ၊ လျှော်ကြေးတောင်းဟုဆို
Sep 05, 2025
Cover
Tia Hong အထည်ချုပ်စက်ရုံတွင် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ ရှိနေဟုဆို
Sep 01, 2025