NEWS

ILO ဥပဒေပုဒ်မ ၃၃ ဆုံးဖြတ်ချက် အတွက် အထည်ချုပ်အသင်း ပူးပေါင်းဆောင်ရွက်မည်ဟု ဆို

CoverLogo
402 Views
 
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA)အနေနဲ့ ILO ရဲ့ဥပဒေပုဒ်မ-၃၃အရဆုံးဖြတ်ချက် အတွက် ILO အပါအဝင် အလုပ်ရှင်၊ အလုပ်သမား အစိုးရကိုယ်စားလှယ်တွေနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ MGMA က ထုတ်ပြန်ပါတယ်။
 
ဇွန်လ ၂ရက်ကနေ ဇွန်လ ၁၅ရက်အထိ ကျင်းပခဲ့တဲ့ ၁၁၃ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံမှာ ILO က မြန်မာနိုင်ငံအပေါ် ILO Constitution Article 33 ကျင့်သုံးမှုအစီအမံတွေနဲ့ စောင့်ကြည့်ဖို ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။
 
ဒီလိုဆုံးဖြတ်ချက်ချမှုအပေါ် အလုပ်သမားများစွာ မှီခိုလုပ်ကိုင်နေတဲ့ မြန်မာ့ CMP လုပ်ငန်းကဏ္ဍ အတွက် စိတ်မကောင်း ဖြစ်ရတယ်လို MGMA က ဆိုပါတယ်။
 
မြန်မာ့CMP လုပ်ငန်းကဏ္ဍမှာ အထည်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း ၊ဖိနပ်လုပ်ငန်းနဲ့ လျှပ်စစ်ပစ္စည်းတပ်ဆင်တဲ့လုပ်ငန်း ပါဝင်ပါတယ်။
 
CMP လုပ်ငန်းစက်ရုံတွေဟာ ကုန်ကြမ်းပေး ကုန်ချောယူ (CMPလက်ခစား) စနစ်နဲ့ လုပ်ကိုင်နေ ကြတာဖြစ်ပြီးCMP စက်ရုံတွေမှာ လုပ်သားဦးရေ ၇သိန်း ဝန်းကျင်နဲ့ ဆက်စပ်လုပ်ငန်းတွေမှာ အဲဒီအလုပ်သမားဦးရေရဲ့ ၂ဆ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ MGMA က ဆိုပါတယ်။
 
မြန်မာ့ CMP လုပ်ငန်း အထည်ချုပ်ကဏ္ဍမှာ MGMA ရဲ့ အသင်းဝင်စက်ရုံပေါင်း ၅၂၃ ရုံရှိတဲ့ထဲက ၆၀ ရာခိုင်နှုန်းကို ဥရောပဈေးကွက်၊ ၂၀ရာခိုင်နှုန်းကို ဂျပန်ဈေးကွက် နဲ့ တခြားဈေးကွက်တွေကို ၂၀ ရာခိုင်နှုန်းစီ တင်ပို့နေပါတယ်။
 
ဒါကြောင့် လုပ်သားအင်အားအများအပြားနဲ့ လုပ်ကိုင်နေတဲ့ CMP ကဏ္ဍရှိ စက်ရုံအလုပ်ရုံတွေဟာ MGMA က ဆောင်ရွက်နေတဲ့ ကျင့်ဝတ်စည်းကမ်းလိုက်နာမှု စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်ရေး ကြီးကြပ်မှုအစီအစဉ်ကို လိုက်နာဆောင်ရွက်ကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
Myanmar Labour News မှာ တနှစ်အတွင်း ဖော်ပြထားတဲ့သတင်းတွေကို လေ့လာရာမှာတော့ CMP စက်ရုံ ၂၀၀ ဝန်းကျင်က ချိုးဖောက်မှုတွေမှာ နှစ်စဉ် ပါဝင်နေပါတယ်။
 
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲချုပ် (ILO) က Article-33နဲ့ မြန်မာနိုင်ငံကို အရေးယူဖို့ ဇွန်လ ၅ ရက်မှာ ကျင်းပခဲ့တဲ့ ညီလာခံမှာ အတည်ပြု ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
 

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် သင်္ကြန်ပိတ်ရက် အတင်းအကျပ် ရက်စားဆင်းခိုင်း
Mar 14, 2026
Cover
Dagon Talentအထည်ချုပ် စူပါများ ငွေဆောင် ပို့ရန် အလုပ်သမားများအား အချိန်ပို ၄ နာရီ လုပ်ခမပေးဘဲ ဆင်းခိုင်း
Mar 14, 2026
Cover
ကြေးအိုးကြီး အင်ဂျင်ဝိုင်စက်ရုံမှူး ကိုယ်ထိလက်ရောက် စော်ကား
Mar 14, 2026
Cover
TMA အထည်ချုပ် အောစူပါ အထည်ကြေး ဖြတ်ယူနေ
Mar 12, 2026
Cover
Zhong Ying အထည်ချုပ် စက်ရုံ အချိန်ပို ဆင်းဖို့ ကြိုပို့ယာဉ်ပေါ်အထိ လိုက်ခေါ် ၊ အတင်းအကျပ် ဆင်းခိုင်း
Mar 12, 2026
Cover
Lat war Co.,Ltd (3) ပိတ်သိမ်းပြီး လုပ်သက် တနှစ်မှ လျှော်ကြေးပေးမည်ဟု ပြောဆို
Mar 12, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
ustdo Myanmar အထည်ချုပ် အမျိုးသားအောစူပါ လိင်ပိုင်းဆိုင်ရာနှောက်ယှက် ပြောဆို
Mar 11, 2026