NEWS

HUNTER TEXTILE စက်ရုံ သင်္ကြန်ပိတ်ရက် အတွက် ရက်အစားထိုး လုပ်ကိုင်ခိုင်းနေ

CoverLogo
840 Views
 
HUNTER TEXTILE Co.,Ltd အထည်ချုပ်စက်ရုံက သင်္ကြန်ပိတ်ရက်အတွက် ပိတ်ရက်တွေမှာ အစားထိုး အတင်းအကျပ် အလုပ်ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ စက်လိုင်း ၇လိုင်းရှိပြီး အလုပ်သမား ၇၀၀ ကျော် လုပ်ကိုင်နေတဲ့ တရုတ်နိုင်သားပိုင် စက်ရုံလို့ မြန်မာနိုင်ငံ အထွေထွေ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM ဆီက သိရပါတယ် ။
 
“သင်္ကြန်က ၁၁ရက် ပိတ်မယ်။ ရက် အစားက တနင်္ဂနွေ နှစ်ပတ်ဆင်းပေးရမယ်ဆိုပြီး မန်နေဂျာက ပြောတယ်။ အမှန်တကယ် ရက်စားဆင်းပေးရမှာ ၁ ရက်ပဲဆင်းပေးရမှာ၊ မတရားတွေ ၁ ရက် ပိုတိုးပြီး အတင်းအကျပ်အလုပ် ဆင်းခိုင်းနေပါတယ်။” လို စက်ရုံအလုပ်သမားတွေက မြန်မာနိုင်ငံ အထွေထွေ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM ကို ပြောကြားထားတာဖြစ်ပါတယ်။
 
သင်္ကြန်ပိတ်ရက်ကို အများပြည်သူရုံးပိတ်ရက်အတိုင်း (၁၀ )ရက်ပိတ်ပေးမှာ ဖြစ်ပေမဲ့ စက်ရုံဘက် တစ်ရက်တိုး ၁၁ ရက် ပိတ်ပေးထားပြိး အခု မတ်လမှာ ရက်အစားထိုး ကြိုတင်ခိုင်းစေနေတာ ဖြစ်ပါတယ်။ လုပ်ကိုင်ပေးရတဲ့ ရက်အစားက အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်တာကြောင့် အလုပ်သမားတွေမှာ ဥပဒေပါ အခွင့်အရေး မခံစားရဘဲ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ တစ်နှစ်မှ တခါပြန်ရတာဆိုတော့ ပိတ်ရက်ရှည်တာ အလုပ်သမားတွေလည်း အဆင်ပြေ တာပေါ့။ ဒါပေမယ့် တစ်ရက်တိုးပြီး ပိတ်ပေးတာကို ရက်စားပြန်ယူလည်း တစ်ရက်ပဲ ယူမယ်ထင်တာ၊ အခု နှစ်ရက် ယူတယ်။ ၃လပိုင်း(မတ်လ) ၁၂ ရက်၊ ၁၄ ရက်နေ့တွေကို အနားမရပဲ သင်္ကြန်အတွက် ရက်စားဆိုပြီး ဆင်းပေးရတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
HUNTER TEXTILE.CO.LTD အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အလုပ်ချိန် ကျော်လွန် လုပ်ကိုင်ပေးရတာ၊ အလုပ်ချိန်အတွင်း ရေမသောက် အပေါ့အပါး မသွားနိုင်ဘဲ မနားတမ်းချုပ်ပေးရတဲ့အပြင် အာဝါဒီ(အထည်စံချိန်) လိုသေးတယ်ဆိုပြီး စူပါတွေ လီတာတွေက အော်ဟစ်ပြောဆို အထည်တောင်းတာ၊ အထည်စံချိန် အတွက် ဖိအားကြားက ချုပ်လုပ်နေရပေမဲ့ အချိန်အိုတီကို သဘောဆန္ဒမပါဘဲ အတင်းအကျပ် လုပ်ကိုင်ပေးရတာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
“စက်ရုံမှာ နားရက်ဆိုတာမရှိသလောက် ဆက်တိုက် ဆင်းပေးနေရတယ်။ အလုပ်သမားတွေ ပင်ပန်းနေကြပြီ။ တနင်္လာ-သောကြာက ပုံမှန် ည ၇ နာရီအထိ ဆင်းရတယ်။ စနေနေ့မှာ ည ၆ နာရီအထိ ဆင်းရပြန်တယ်။ ပိတ်ရက် တနင်္ဂနွေဆို အပတ်တိုင်း အချိန်ပို ခေါ်ခိုင်းနေတာ၊ တလလုံးလုံး လုံးဝ မနားရသေးဘူး။ “ လို့ လည်း အလုပ်သမားသမားတွေက ပြောဆိုထားပါတယ်။
 
ရန်ကုန်မြို့၊ လှိုင်သာယာမြိုနယ် ၊ စက်မှုဇုန် ၄ ၊ မြဝတီမင်းကြီးလမ်းက တရုတ်နိုင်ငံသားပိုင် ကုန်အမှတ်တံဆိပ် essentials , OVS အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာဖြစ်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026