NEWS

Hundred Garment Myanmar အသက်မပြည့်ဟုဆိုကာ လုပ်သာ:(၁၂)ဦးအား အလုပ်ထုတ်ပြန်

CoverLogo
447 Views
 
Hundred Garment Myanmar စက်ရုံက လုပ်သက် ၃လ နဲ့ ၆ လကျော်ရှိ အလုပ်သမား (၁၂)ဦးကို အသက်မပြည့်လို့ဆိုပြီး အလုပ်က ထုတ်ပယ်ခဲ့တယ်လို့ ကာယကံရှင် အလုပ်သမားတွေက သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM ကို ပြောပါတယ်။
 
“ဇူလိုင်လ (၁)ရက် မနက် ၆ နာရီခွဲလောက်မှာ စက်ရုံ ကHR မန်နေဂျာက အလုပ်သမား ၁၂ ဦးကို ရုံးခန်း ခေါ်ပြီး အသက်မပြည့်လို့ အလုပ်ထွက်ရဆိုပြီး လုပ်ခလစာပေး လက်မှတ်ထိုးခိုင်းခဲ့တာ.”လို့ STUM က ပြောပါတယ်။
 
Hundred Garment Myanmar အထည်ချုပ် စက်ရုံမှာ အသက်မပြည့်တဲ့ ကလေးလုပ်သားတွေဆီက လာဘ်ငွေယူပြီး စက်လိုင်းမန်နေဂျာက အလုပ်သွင်းပေးခဲ့တယ်လို့ ဇွန် ၂၉ ရက်မှာ Maynmar Labour News မှာ သတင်းဖော်ပြထားပါတယ်။ ဒီသတင်းကို ဖော်ပြပြိး စက်လိုင်းမန်နေဂျာကို စက်ရုံဘက်က အရေးယူမှု ရှိမရှိ မသိရပေမဲ့ အသက်မပြည့်ဘူးဆိုပြီး အလုပ်သမား ၁၂ ဦး အလုပ်ထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ လုပ်သားတွေက လုပ်သက် ၆ လဝန်းကျင်ရှိ အလုပ်သမားတွေဖြစ်ကြပြီး HR ဌာနက ပေးတဲ့ လုပ်ခလစာကို မယူ၊ လက်မှတ်လည်း မထိုးဘဲ STUM အဖွဲ့ကို လာရောက်တိုင်ကြားခဲ့ တာဖြစ်ပါတယ်။
 
“အလုပ်သမား ၃ ဦးက လုပ်သက် (၆)လအထက်၊ ကျန်(၉)ဦးက လုပ်သက် (၆)လပဲ ရှိသေးတယ်။ EC စာချုပ် လက်မှတ်ရေးထိုးထားသူက နှစ်ယောက်လို့ သိထားတယ်။” လို့ ပြောပါတယ်။
 
Hundred Garment Myanmar မှာ အလုပ်သမား ၇၀၀ ဝန်းကျင်ရှိပြီး စက်ရုံပိုင်ရှင်ကတော့ တရုတ်နိုင်ငံသား လို့ သိရပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (သဘာဝမှတ်တိုင်အနီး)မှာ ရှိတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026