ဇွန် ၁၇ ၊ ၂၀၂၆
Huayin TJ Denim Garment စက်ရုံက တနင်္ဂနွေအချိန်ပိုတွေကို ပုံမှန် တစ်လနှစ်ရက်ဆင်းခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စနေနေ့ အလုပ်ပြန်ချိန် တနင်္ဂနွေနေ အချိန်ပိုဆင်းဖို လက်မှတ်ထိုးခိုင်းပြီး အကြောင်းရှိလို မဆင်းနိုင်တဲ့အကြောင်း ခွင့်တိုင်ပါက အောစူပါက ဆဲဆို ဆူပူ ကြိမ်းမောင်းတယ်လို အလုပ်သမားတွေက ပြောပါတယ်။
Huayin TJ Denim Garment စက်ရုံက တနင်္ဂနွေအချိန်ပိုတွေကို ပုံမှန် တစ်လနှစ်ရက်ဆင်းခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စနေနေ့ အလုပ်ပြန်ချိန် တနင်္ဂနွေနေ အချိန်ပိုဆင်းဖို လက်မှတ်ထိုးခိုင်းပြီး အကြောင်းရှိလို မဆင်းနိုင်တဲ့အကြောင်း ခွင့်တိုင်ပါက အောစူပါက ဆဲဆို ဆူပူ ကြိမ်းမောင်းတယ်လို အလုပ်သမားတွေက ပြောပါတယ်။
" တနင်္ဂနွေ အိုတီဆင်းဖို လက်မှတ်ထိုးပြီး မဆင်းရင်လို တနလ်ာနေ့မှာ မဆင်းတဲ့ အလုပ်သမားတွေကို သီးသန့်ခေါ်ပြီးတော့ အောစူပါ ဆဲဆိုတယ်။ အောစူပါက အရမ်းဆဲတယ်၊ အထည် မရရင်လည်း ဆဲတယ်။ အထည်နဲ့ ပစ်ပေါက်တယ်၊ ခေါင်းခေါက်တယ်။” လို အလုပ်သမားတွေက ပြောပါတယ်။
ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ကျန်းမာရေးအတွက် တနင်္ဂနွေလို ပိတ်ရက်တွေ အနားရလိုတယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။ ဒီရက်ပိုင်းမှာ အောနိုက် အချိန်ပိုတွေ ခိုင်းနေတာကို တိုင်ကြားခံရလို ရပ်နားထားပြီး ရှေ့လာမယ့် အပတ်မှာတော့ ပြန်လည်ခိုင်းစေတော့မယ်ဆိုပြီး စက်ရုံဘက်က ပြောကြားထားတယ်လို အလုပ်သမားတွေက ပြောပါတယ်။
“ တိုင်ထားလိုဆိုပြီး တပတ်လောက်ရှိပြီ အောက်နိုက်မခေါ်တာ။ စနေနေ့ကတော့ အောလင်းပြန်ခေါ်တယ်။ နောက်တပတ်ကို အောနိုက်တွေ ပြန်ခေါ်မယ်လိုလဲ ပြောတယ်။ စနေအောလင်းဆင်းရရင် သူတိုက ကြိုလည်း မပြောဘူး။ စက်ရုံရှေ့မုန့်လာရောင်းတဲ့ ဈေးသည်လည်း မလာ၊ ထမင်းလည်း မစားရ၊ မုန့်တခုခုစားပြီး မနက် အထိ လုပ်ရတယ်” လို အလုပ်သမားတွေက ပြောပါတယ်။
ထမင်းစားနားချိန်ဆိုပြီး နာရီဝက် သတ်မှတ်ပေးထားပေမဲ့ အဲ့ဒီ နားချိန်ကို အပြည့်အဝ နားခွင့်မရဘဲ အထည်စံချိန်ပြည့်ဖို ခေါင်းဆောင်တွေက ဖိအားပေး ခိုင်းစေတယ်လို အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် စက်ရုံဘက် အပ်ချီနဲ့ ချဉ်လုံး အတွက်ဆိုပြီး စက်ရုံဘက်က တစ်ရက် ၁၂၀၀ ဖြတ်ယူတယ်လို အလုပ်သမားတွေက ပြောပါတယ်။
" ထမင်းစားနားချိန် ၃ ချိန်မှာ တချိန်ကို နာရီဝက်စီ ပေးနားပါတယ်။ ထမင်းစားလွှတ်ပြီဆိုတာနဲ့ စံချိန်မပြည့်တဲ့သူတွေ ကိုယ့်အကြောင်း ကိုယ်သိနော် ဆိုပြီး စူပါတွေ ပြောဆိုနေတာ။ အပြည့်အဝ နားရတာမရှိဘူး။ အဆဲအဆို မခံချင်တော့ ဝင်လုပ်ရတယ်။ အလုပ်ဆင်းရက်တွေမှာ အထည်ကြေးထဲက တရက်ကို ၁၂၀၀ ကျပ်ကို အပ် ချည် နဲ့ ချည်လုံး ဘိုး အတွက်ဆိုပြီး ရုံးခန်းထဲက တခါတည်းဖြတ်ထားတယ်” လို ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေ ဥပဒေမှာတော့ အလုပ်ရှင်ရဲ့ တာဝန်တွေထဲမှာ လုပ်အားခလစာကို မတရားဖြတ်တောက်ခြင်း မပြုရ ဆိုပြီး ပြဌာန်းထားပါတယ်။ ဒါပေမဲ့ ခွင်ယူလို ပြောဆိုခံရတဲ့ အပြင် ဒေးကြေး၊ ရက်မှန်ကြေးပါ ဖြတ်တောက်ခံရတယ်လို အလုပ်သမားတွေက ပြောပါတယ်။
" ခွင့်ယူရင် စူပါနဲ့ ရုံးပိုင်းက သူတွေနဲ့ အဆင်ပြေတဲ့သူတွေကတော့ ရတယ်။ တခြားသူဆိုရင် နေမကောင်းလို ခွင့်ယူတာ ပြောလိုက်ဆိုလိုက်တာ လို အလုပ်တောင် ထွက်ချင်သွားတယ်။ ဒါတောင် ဒေးကြေး နဲ့ ရက်မှန်ကြေး က ဖြတ်သေးတာ။” လို ပြောပါတယ်။
မိုးကလာရောက်လာလို စက်ရုံ သန့်စင်ခန်းတွေက အနံဆိုးတွေ ထွက်ပေါ်နေပြီး စက်လိုင်းတွေအထိ အနံအသက်တွေ ရနေတယ်လို အလုပ်သမားတွေက ပြောပါတယ်။
"အိမ်သာက မိလ္လာကျင်းက ပေါက်နေပြီး၊ အညစ်အကြေးတွေထွက်နေတာ။ ရုံးခန်းက တာဝန်ရှိသူတွေ ၊ စူပါတွေ ၊ WCC တွေ ကိုယ်တိုင်လဲ သိကြပြီး ပြုပြင်မပေးဘူး။” လို ပြောပါတယ်။
လုပ်ငန်းခွင်က ရေလျှော်ရတဲ့ အထည်တွေ က အမှုန်ထွက်လို အရေးပြားယားပြီး ယားနာအ အဖုလေးတွေ ဖြစ်တယ်လို အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ ဆေးခန်းကလည်း ဗိုက်အောင့်လို ဆေးခန်းသွားပြတာကို ရေသောက်ခိုင်းပြီး ခေါင်းကိုက်တယ်လို ပြောရင် လျှက်ဆားပေးတယ်ဆိုပြီး အလုပ်သမားတွေက ပြောကြားထားပါ တယ်။
တရုတ် နိုင်ငံသား ပိုင် Huayin TJ Denim Garment က ဆရာစံလမ်း ၊ ၁၄၄ ရပ်ကွက် ၊ ရွာသာကြီး စက်မူဇုန် ၊ တောင်ဒဂုံ မြိုနယ်မှာ ရှိပြီး စက်ရုံက Made Project မှာ ပါဝင်တဲ့ စက်ရုံဖြစ် ပါတယ်။ စက်ရုံ အလုပ်သမား ၁၁၀၀ ဝန်းကျင်က ဖြင့် takko fashion တံဆိပ်အထည်တွေ ချုပ်လုပ်နေပါတယ်။









