NEWS

Htun Myint Htun Co,Ltd ပိုင်ရှင် အလုပ်ခန့်စာမရှိဆိုပြီး နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခိုင်း

CoverLogo
1.1K Views

Htun Myint Htun Co,Ltd (လပ်ကီးရွှေအိုး ခေါက်ဆွဲခြောက်) ပိုင်ရှင်ဆိုသူက အလုပ်သမား ဝန်ထမ်း ၆ ဦးကို အလုပ်ခန့် စာမရှိလို့ နစ်နာကြေးမပေးဘဲ အလုပ်က ထုတ်ပယ်ဖို့ မန်နေဂျာ ဖြစ်သူကို ညွှန်ကြားခဲ့တယ်လို့ အလုပ်သမားတွေ က ပြောပါတယ်။  

“ကျွန်တော်တို့ မန်နေဂျာက အလုပ်ရှင်သူဌေးကို viber ကနေ အလုပ်သမားဥပဒေထဲက နစ်နာကြေးငွေ ကိစ္စကိုပြောတော့ အလုပ်ရှင်က အလုပ်ခန့်စာမရှိလို့ ဒီတိုင်း အလုပ် ပေးနားလိုက်ရင်ပြီးတာပဲလို့ ဆိုပြီး ပြန်ပို့ ထားတာကို မန်နေဂျာက ကျွန်တော်တို့ကို ပြသခဲ့တာပါ ။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။  

လုပ်သက် ၁၃ နှစ် ဝန်းကျင်ရှိ sales supervisor တွေ အပါအဝင် အလုပ်သမား စုစုပေါင်း ၆ ဦးကို အောက်တိုဘာ ၂၂ ရက်မှာ လပ်ကီးရွှေအိုး ခေါက်ဆွဲပိုင်ရှင်က အလုပ်ထုတ်ရန် ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

အလုပ်သမားတွေက ဥပဒေ အတိုင်း နစ်နာကြေးပေးဖို့ မန်နေဂျာက တဆင့် ပြန်ပြောပြခဲ့ရာမှာ အလုပ်ခန့်စာမရှိတာကြောင့် နစ်နာကြေး မလိုဘဲ အလုပ်ရပ်နားလိုက်ဖို့ကို Viber ကနေ အလုပ်ရှင်က ပြောခဲ့တာ ဖြစ်ပါတယ်။ 

“ဒီနောက်မှာ အလုပ်ရှင်က ထပ်ပြီး ကျွန်တော်တို့ ၆ ဦးကို အလုပ်ထွက်စာတင်မလား၊ အနားပေးတဲ့စာ ထုတ်ပေးရ မလားလို့ ထပ်ပြောလာတယ်။ ထွက်စာတော့ မတင်နိုင်ပါဘူး၊ အနားပေးတဲ့ စာပဲ ထုတ်ပေးပါဆိုပြီး အကြောင်း ပြန်လိုက်တယ်၊ နောက်ပိုင်းမှာ ကျွန်တော်တို့ကို ပြစ်ချက်ရှာပြီး အလုပ်ထုတ်ဖို့ မန်နေဂျာကို ညွှန်ကြားလာတယ်။ မန်နေဂျာက အပြစ်မရှိသူကို အပြစ်ရှိတယ်ဆိုပြီး သူ မလုပ်နိုင်ဘူးဆိုပြီး အလုပ်ကနေ ထွက်သွားတယ်။ ” လို့ အလုပ်သမားတဦးက ပြောပြပါတယ်။ 

လက်ရှိ စက်ရုံဘက်က အလုပ်ထုတ်ဖို့ စီစဉ်ခဲ့တဲ့ အလုပ်သမား ၆ ဦးထဲက sales supervisor ၂ ဦးကို အလုပ်ကနေ အနားပေးတဲ့ စာ ထုတ်မပေးဘဲ ရာထူးချ လစာလျော့ချထားပြီး တဖက်သတ် စွတ်စွဲချက်တွေကို အခု ဒီဇင်ဘာလ ထဲမှာ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီ အလုပ်သမား နှစ်ဦး လက်မှတ်မထိုးတာကြောင့် လက်ရှိ အလုပ်သွားပြန်ကြိုပို့ ကို စက်ရုံဘက်က ပြုလုပ်ပေးတာမရှိတော့ဘူး လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

“ရာထူးက စီနီယာအရောင်းသမားအဖြစ် တဆင့်လျှော့ချတယ်။ လစာကိုလည်း တသိန်းခွဲ လျှော့ထားတယ်။ အပြစ်ရှိတယ် ပြောပြီး ကျွန်တော်ဘက်က ဖြေရှင်းချက်ကို လုံးဝ မပေးခိုင်းခဲ့ပါဘူး။ ကျွန်တော်တို့လည်း အပြစ် မရှိလို့ လက်မှတ် မထိုးခဲ့ဘူး ။ အခုတော့ အလုပ်ဆင်းရတာ အဆင်မပြေ ဖြစ်လာတော့ စိတ်ဖိစီးမှု များလာတယ်၊ ကျန်းမာရေးလည်း ထိခိုက် လာတယ်။ အခု ဆေးခန်းတွေ ဆက်တိုက်သွားတယ်။ စက်ရုံဘက်က လူမှုဖူလုံရေး ဆေး ခွင့်တင်တာကို အသိအမှတ် မပြုဘူး၊ မပေးဘူးဆိုပြီး HR ဌာနက အကြောင်းကြားထားတယ်။ ” လို့ အလုပ်သမားတဦး က ပြောပါတယ်။ 

လက်ရှိ အလုပ်သမားတွေရဲ့ နစ်နာမှုတွေဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာရုံးတွေမှာ တိုင်ကြားထားပေမဲ့ စက်ရုံဘက်က ပျက်ကွက်တာတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောကြားပါတယ်။

“အလုပ်သမားရုံးတွေက အစစ်ခံဖို့ ခေါ်တာ မလာဘူး၊ လာပြီး ရင်မဆိုင်ဘူးဆိုရင်တော့ အလုပ်သမားဥပဒေ တွေ မှာ ပါတဲ့အတိုင်း အရေးယူမယ်ဆို ယူလို့ရတယ်။ မလာတဲ့သူက ပိုပြီး ဆုံးရှုံးမယ်ထင်တယ်” လို့ အလုပ်သမား အရေး ဆောင်ရွက်ပေးနေသူ တဦးက ပြောကြားပါတယ်။ 

Htun Myint Htun Co,Ltd စက်ရုံပိုင်ရှင်ကတော့ မြန်မာနိုင်ငံသားဖြစ်ပြီး ရန်ကုန်မြို့၊ အရှေ့ဒဂုံစက်မှုဇုန် ၊ ယောအတွင်းဝန် ဦးဖိုးလှိုင်လမ်းမှာ ရှိပြီး ဝန်ထမ်း ၂၀၀ ဝန်းကျင်က လပ်ကီးရွှေအိုးတံဆိပ် ခေါက်ဆွဲခြောက် အမျိုးမျိုး ထုတ်လုပ်တယ်လို့လည်း သိထားရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026