NEWS

HR မန်နေဂျာကိုအလုပ်ထုတ်ပေးဖို့ အလုပ်သမားတွေ စုပေါင်းတောင်းဆိုမှုဖြစ်

CoverLogo
535 Views

ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန် ၃၊ မင်းကြီးမဟာမင်းခေါင်လမ်းနှင့် ဦးဖိုးလှိုင်လမ်း မှာရှိတဲ့ Wan He Shou Fashion Co;Ltd အထည်ချုပ်စက်ရုံမှာ HR မန်နေဂျာကိုအလုပ်ထုတ်ပေးဖို့ အပါအဝင် တောင်းဆိုချက် ၅ ချက်ကို အလုပ်သမားတွေတောင်းဆိုနေပါတယ်။

၂၀၂၄ ဒီဇင်ဘာမှာ စက်ရုံဖွင့်လှစ်ခဲ့တာဖြစ်ပြီး Sinsay  အမှတ်တံဆိပ်ချုပ်ကာ အလုပ်သမား ၆၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတာဖြစ်ပြီး တောင်းဆိုမှုမှာပါဝင်တဲ့ လိုင်းခေါင်းဆောင်တွေကို အလုပ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ STUM က ဖော်ပြထားပါတယ်။ 

"OTခေါ်လို့ ဆင်းရင် မုန့်၊အအေး မကြွေးဘူး၊ထမင်းလဲ မမှာပေးဘူး။Day ကြေး တန်းတူ မပေးဘူး၊OTကြေး မပေးဘူး။ထမင်းဖိုး ၃,၀၀၀ကျပ်ပေးပြီး ကိုယ့်ဘာသာ မှာစားရတယ်။အောနိုက်၊အောလင်းအမြဲခေါ်တယ်။ ပထမ မန်နေဂျာတွေ တုန်းက ဒီလို မဟုတ်ဘူး၊မုန့်ကြွေးတယ်။ထမင်းမှာပေးတယ်။ခုမန်နေဂျာကတော့ ထမင်းဖိုး ၃၀၀၀ဘဲပေးတယ်၊အပြင်လဲပေးမထွက်ဘူး၊လစာထုတ်ရက်ဆိုလည်း အမြဲ ၇:၃၀ နာရီမှ ပြန်ရတယ်။ပြီးတော့ စနေနေ့တိုင်းအောလင်း ဆင်းရတယ်လို့ လုပ်သမားတွေက STUM  ကိုပြောထားပါတယ်။ 

အလုပ်သမားတွေတောင်းဆိုထားတဲ့အချက် ၅ ချက်ကတော့ HR မန်နေဂျာ အား အလုပ်ထုတ်ပေးရန်၊ အောလင်း၊အောနိုက် အချိန်ပိုများ မတရား မခေါ်ရန်၊ အချိန်ပို ဆင်းရလျှင် ထမင်း၊အစားအသောက်စီစဥ်ပေးရန်၊ အိမ်သာများ ပြန်လည်ပြုပြင်ပေးရန်၊ လစာထုတ်ရက်များတွင် ၄ နာရီခွဲ ပြန်လွှတ်ပေးရန်စတဲ့အချက်တွေဖြစ်တယ်လို့ သိရပါတယ်။ 


Related posts

Cover
ဂေါ်ဇီလာ ခြင်ဆေးခွေနှင်ဆပ်ပြာစက်ရုံ တရားဝင်ပိတ်ရက်များမှာ အတင်းအကျပ် အလုပ်ဆင်းခိုင်း
Dec 25, 2025
Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025