NEWS

HR မန်နေဂျာကိုအလုပ်ထုတ်ပေးဖို့ အလုပ်သမားတွေ စုပေါင်းတောင်းဆိုမှုဖြစ်

CoverLogo
685 Views

ရန်ကုန်၊ ရွှေပြည်သာစက်မှုဇုန် ၃၊ မင်းကြီးမဟာမင်းခေါင်လမ်းနှင့် ဦးဖိုးလှိုင်လမ်း မှာရှိတဲ့ Wan He Shou Fashion Co;Ltd အထည်ချုပ်စက်ရုံမှာ HR မန်နေဂျာကိုအလုပ်ထုတ်ပေးဖို့ အပါအဝင် တောင်းဆိုချက် ၅ ချက်ကို အလုပ်သမားတွေတောင်းဆိုနေပါတယ်။

၂၀၂၄ ဒီဇင်ဘာမှာ စက်ရုံဖွင့်လှစ်ခဲ့တာဖြစ်ပြီး Sinsay  အမှတ်တံဆိပ်ချုပ်ကာ အလုပ်သမား ၆၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတာဖြစ်ပြီး တောင်းဆိုမှုမှာပါဝင်တဲ့ လိုင်းခေါင်းဆောင်တွေကို အလုပ်ထုတ်ဖို့ ကြိုးပမ်းနေတယ်လို့ STUM က ဖော်ပြထားပါတယ်။ 

"OTခေါ်လို့ ဆင်းရင် မုန့်၊အအေး မကြွေးဘူး၊ထမင်းလဲ မမှာပေးဘူး။Day ကြေး တန်းတူ မပေးဘူး၊OTကြေး မပေးဘူး။ထမင်းဖိုး ၃,၀၀၀ကျပ်ပေးပြီး ကိုယ့်ဘာသာ မှာစားရတယ်။အောနိုက်၊အောလင်းအမြဲခေါ်တယ်။ ပထမ မန်နေဂျာတွေ တုန်းက ဒီလို မဟုတ်ဘူး၊မုန့်ကြွေးတယ်။ထမင်းမှာပေးတယ်။ခုမန်နေဂျာကတော့ ထမင်းဖိုး ၃၀၀၀ဘဲပေးတယ်၊အပြင်လဲပေးမထွက်ဘူး၊လစာထုတ်ရက်ဆိုလည်း အမြဲ ၇:၃၀ နာရီမှ ပြန်ရတယ်။ပြီးတော့ စနေနေ့တိုင်းအောလင်း ဆင်းရတယ်လို့ လုပ်သမားတွေက STUM  ကိုပြောထားပါတယ်။ 

အလုပ်သမားတွေတောင်းဆိုထားတဲ့အချက် ၅ ချက်ကတော့ HR မန်နေဂျာ အား အလုပ်ထုတ်ပေးရန်၊ အောလင်း၊အောနိုက် အချိန်ပိုများ မတရား မခေါ်ရန်၊ အချိန်ပို ဆင်းရလျှင် ထမင်း၊အစားအသောက်စီစဥ်ပေးရန်၊ အိမ်သာများ ပြန်လည်ပြုပြင်ပေးရန်၊ လစာထုတ်ရက်များတွင် ၄ နာရီခွဲ ပြန်လွှတ်ပေးရန်စတဲ့အချက်တွေဖြစ်တယ်လို့ သိရပါတယ်။ 


Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026