NEWS

Hosheng Myanmar အထည်ချုပ်စက်ရုံမှ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၆ ဦးအပါအဝင် အလုပ်သမားအရေး လှုပ်ရှားသူ ၂ ဦးဖမ်းဆီးခံထားရ စုစုပေါင်း ၁၀ ဦးကျော်ထိဖမ်းဆီးခံထားရတယ်လို့ ဆို

CoverLogo
1.4K Views

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် သာဓုကန် စက်ရုံ ကဟိုစိမ့်မြန်မာ Hosheng Myanmarအထည်ချုပ် စက်ရုံမှာ အလုပ်သမား သမဂ္ဂခေါင်းဆောင် ၆ ယောက်နဲ့  အလုပ်သမားအရေးအကူအညီပေးတဲ့ ၂ ယောက်အပါ ဖမ်းခံထားရပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။  

လုပ်ငန်းခွင်ထဲမှာလုပ်ကိုင်နေတဲ့ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦးကို အလုပ်ခွင်အတွင်း ဆူပူမှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တယ်ဟုဆိုကာ စက်ရုံတာဝန်ရှိသူတွေက  ဇွန်လ ၁၀ မှာအလုပ်ထုတ်ခဲ့တာဖြစ်ပြီး ၎င်းတို့ ၇ ဦးကို အလုပ်ပြန်လည်ခန့်ထားပေးရန် စက်ရုံထဲက အလုပ်သမား ၆၀၀ ကျော်က စုပေါင်းဆန္ဒပြမှုဖြစ်ပွားခဲ့တာပါ။ 

ဇွန်လ ၁၄ ရက်နေ့ မှာတော့  ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးမှာ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ၇ ဦးနဲ့ စက်ရုံတာဝန်ရှိသူ တို့ ညှိနှိုင်းပေးမယ်လို့ ခေါ်ထားပြီး သွားရောက်ရာက အပြန်ထွေအုပ်ရုံးရှေ့မှာတင် အလုပ်သမားသမဂ္ဂခေါင်းဆောင် ၇ ဦးထဲမှ အတွင်းရေးမှူးဖြစ်သူ မသူသူစံကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

လက်ရှိမှာတော့ မသူသူစံအပါအဝင် နောက်ထပ် သမဂ္ဂခေါင်းဆောင် ၅ ဦးနဲ့ အလုပ်သမားအရေးအကူအညီပေးသူ ၂ ဦးထပ်မံဖမ်းဆီးခံထားရပြီး အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“အလုပ်သမား တွေ အဖမ်းခံနေရတာဟုတ်ပါတယ် အလုပ်သမားတွေနဲ့ အဆက်အသွယ်မရတော့ပါဘူး နောက်က လိုက်သွားတဲ့ သူတွေနဲ့ပါအဆက်အသွယ်မရတော့ဘူး စနေနေ့က လိုက်သွားတာပါ”လို့ အလုပ်သမားအရေး လှုပ်ရှားနေတဲ့ သတင်းရင်းမြစ်တစ်ဦးကပြောဆိုပါတယ်။ 


အဆိုပါ အလုပ်သမားသမဂ္ဂခေါင်းဆောင် ၆ ဦးနှင့် အလုပ်သမားအရေးကူညီပေးသူ ၂ ဦးအပါ စုစုပေါင်း ၁၂ ဦးကျော် ဖမ်းဆီးခံထားရတယ်လို့ သိရပြီး ကျန်သူတွေကတော့ မည်သူမည်ဝါဖြစ်ကြောင်း အတိအကျမသိရသေးပါဘူး။


Hosheng Myanmar အထည်ချုပ်စက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး  ZARA, Inditex စတဲ့အမှတ်တံဆိပ်တွေ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။ 


ဆက်လက်ပြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် ၅ မလိခ လမ်းမှာ ဖွင့်လှစ်ထားတဲ့ SUN APPAREL အထည်ချုပ်စက်ရုံမှာ ဒေးကြေး ၆၀၀၀ ကျပ်တောင်းဆိုရာမှာ ဦးဆောင်တယ်လို့ စွပ်စွဲကာ အလုပ်သမား ၂ ဦးဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ 


အဆိုပါ ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၂ ဦးနှင့်လည်း အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။ 
အဆိုပါစက်ရုံမှာ ဇွန်လ ၃ ရက်နေ့က လုပ်ငန်းခွင်ထဲမှာ အလုပ်သမား ၄၀၀ ကျော်မှ ဒေးကြေး ၆၀၀၀ ကျပ် တိုးပေးဖို့ သောက်သုံးရေ စီစဉ်ပေးဖို့ နဲ့ အချက် ၆ ချက်ကို တောင်းဆိုခဲ့တာဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့မှာ အလုပ်သမားခေါင်းဆောင်မသီတာဝင်းကို အလုပ်သမားဆန္ဒပြမှုတွင် သွေးထိုးလှုံ့ဆော်သည်ဟု စွပ်စွဲကာ အမှတ် ၁ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အကူတပ်ဖွဲ့ခွဲသို့ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။


ဇွန်လ ၁၅ ရက်မှာတော့ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်နေတဲ့ ကိုလှိုင်ဝင်းထက် ကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးလက်ရှိလုပ်ငန်းခွင်ထဲက အလုပ်သမားတွေအနေနဲ့ လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေတွေဖြစ်ပေါ်နေပြီး အလုပ်ထွက်လိုသူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။


SUN APPAREL အထည်ချုပ်စက်ရုံဟာ ထိုင်းနိုင်ငံသားပိုင်ဖြစ်ပြီး JAKO အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews

 


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026