NEWS

Hosheng Myanmar အထည်ချုပ် ကိုယ်ဝန်ဆောင်ပါ ညနက် အချိန်ပိုဆင်းခိုင်း

CoverLogo
604 Views
 
Hosheng Myanmar Garment Co.Ltd အထည်ချုပ်စက်ရုံက ကိုယ်ဝန်ဆောင် အလုပ်သမားတွေပါ မချန် ည ၉ နာရီအထိ အချိန်ပို ဆင်းခိုင်းနေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက ၁၇ရက်က စပြီး ည ကိုးနာရီအထိ ဆင်းခိုင်းတယ်။ အလုပ်သမားတွေ အားလုံးဆိုတော့ ကိုယ်ဝန်ဆောင်တွေပါ အချိန်ပိုဆင်းရတယ်။ ” လို့ အလုပ်သမားတွေနဲ့ နီးစပ်သူကပြောပါတယ်။
 
စက်ရုံက ညနက် ၉ နာရီအထိ အချိန်ပိုတွေ အတင်းအကျပ် လုပ်ကိုင်ခိုင်းနေတာက ဇွန် ၁၇ ကတည်းဖြစ်ပြီး ဇွန်၂၀ မှာလည်း လုပ်ကိုင်ရမယ်ဆိုပြီး ပြောဆိုထားတယ်လို့ STUM အဖွဲ့က လူမှုကွန်ရက်မှာ ရေးထားပါတယ်။
“အချိန်ပို ကို ည ၉ နာရီအထိ အတင်းအကျပ်ဆင်းခိုင်းနေတာ။ STUM ကိုလည်း တိုင်ကြားထား ပါတယ်”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှာ အလုပ်သမား ၁၀၀၀ ကျော် က Flil Brand အမှတ်တံဆိပ်တွေ ချုပ်လုပ်နေပြီး ရန်ကုန်မြို့၊ သာဓုကန်စက်မှုဇုန်၊ မြလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေနပါတယ်။
 
(Note - Hosheng Myanmar Garment က ၂၀၂၃ ခုနှစ် ဇွန်လမှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား ၇ ဦးကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။ အလုပ်ထုတ်မှုကြောင့် အလုပ်သမား ၆၀၀ ကျော်က ကန့်ကွက်ဆန္ဒပြခဲ့လို့ ညှိနှိုင်းမှု နှစ်ဖက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီညှိနှိုင်းမှု အပြီး အလုပ်သမားခေါင်းဆောင်တွေ အိမ်အပြန်မှာ င်းဆိုမှုကို ဦးဆောင်ခဲ့တဲ့ အလုပ်သမား တချို့ကို စစ်ကောင်စီက လအတန်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဒီနောက် တရားစွဲခဲ့ပြီးနောက် အလုပ်သမားတွေ ပြန်လည်လွတ်မြောက်လာပေမဲ့ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက် နိုင်တာ မရှိတော့ ပါဘူး။)
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026