NEWS

Hosheng (Myanmar) စက်ရုံတွင် ဆန္ဒပြရန်ဦးဆောင်သည်ဟု စွပ်စွဲကာ ဝန်ထမ်းတစ်ဦးကို အလုပ်မှထုတ်ပယ်

CoverLogo
1.1K Views

Hosheng (Myanmar) အထည်ချုပ်စက်ရုံမှာ ဆန္ဒပြဖို့ ဦးဆောင်လှုံ့ဆော်တယ်လို့ စွပ်စွဲပြီး ဇွန်လ(၁၅)ရက်မှာ စက်ရုံတာဝန်ရှိသူတွေက အလုပ်ထုတ်ပယ်လိုက်တယ်လို့သိရပါတယ်။

အဲဒီစက်ရုံမှာ သမဂ္ဂခေါင်းဆောင် (၇) ယောက်ကို ဇွန် (၁၀) ရက်မှာအကြောင်းမဲ့ အလုပ်ထုတ်လိုက်တာကြောင့် စက်ရုံအလုပ်သမား (၆၀၀) ကျော်က အဲဒီဝန်ထမ်းတွေကို ပြန်ခန့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလိုဆန္ဒထုတ်ဖော်ရာမှာ စက်ရုံဘက်က စစ်တပ်နဲ့ရဲတွေကိုခေါ်ယူပြီး လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ဖို့ ဖိအားပေးတာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး စက်ရုံတွင်းမှာ မေးမြန်းမှုတွေ ဆက်လက်လုပ်ဆောင်ကာ စွပ်စွဲထုတ်ပယ်တာတွေ ရှိနေသလို ဝန်ထမ်းတချို့ကိုလည်း သတိပေးလက်မှတ်ထိုးခိုင်းတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခု အလုပ်ကထုတ်ပယ်ခံရသူကတော့ အသေးစားပြစ်မှုတွေအတွက် ဝမ်တိန်လက်မှတ်သုံးခါထိုးထားရသူဖြစ်ပြီး ဆန္ဒပြမှုအတွက် ဝမ်တိန်လက်မှတ်ထပ်ထိုးချိန်မှာ လေးကြိမ်မြောက်ဖြစ်တဲ့အတွက် အလုပ်ကနေထုတ်ပယ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အလုပ်ကနေထုတ်ပယ်ခံရသူက အခုလိုပြောပါတယ်။

“ကျွန်တော့်ကို အထည်ထည့်တာ ပိုသွားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သုံးကြိမ်မြောက် ဝမ်တိန်ထိုးခိုင်းတယ်။ နောက်ပြီး စက်ရုံထဲဆူပူအောင် လုပ်လို့ဆိုပြီး နောက်တစ်ကြိမ် ထပ်ထိုးခိုင်းတယ်။ မင်းအသံခိုးဖမ်းထားတာ မဟုတ်လား အဲလိုတွေလည်း မေးတယ်။ ကျွန်တော်ကလည်း ကိုယ်မလုပ်တော့ မဟုတ်ဘူးဘဲ ပြောလိုက်တယ်။ ကျွန်တော် ဝန်ထမ်းကတ်ကိုလည်း တစ်ခါတည်း သိမ်းလိုက်တယ်”လို့ နစ်နာသူ အလုပ်သမားက ပြောပါတယ်။

စက်ရုံတွင်းမှာ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ရွှေပြည်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဇွန်လ (၁၄)ရက်က ညှိနှိုင်းတာတွေ လုပ်ဆောင်ပြီးအပြန်မှာလည်း သမဂ္ဂအတွင်းရေးမှူး မသူသူစံကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အမည်မဖော်လိုသူတွေက ပြောပါတယ်။

Hosheng (Myanmar) အထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံသား ပိုင်ဆိုင်တာဖြစ်ပြီး ZARA ၊ Inditex  အစရှိတဲ့ အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026