NEWS

HOPE ONE အထည်ချုပ်စက်ရုံ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေဟုဆို

CoverLogo
1.6K Views

လှိုင်သာယာမြို့နယ် အလယ်ရွာ မီးသတ်ဝိုင်းအနီးရှိ ဂျပန် နိုင်ငံသားပိုင် HOPE ONE စက်ရုံမှာ အလုပ်သမားခံစားခွင့်ဖြစ်တဲ့ဥပ​ဒေပါရှောင်တခင်ခွင့် ခံစားခွင့်မပေးခြင်း၊ ခွင့်တိုင်လျှင်လည်းခွင့်မပေးဘဲ ရက်ပျက်လျှင်ဒေး ကြေး(၅၈၀၀)ကျပ်နဲ့ ရက်မှန်ကြေး(၁၀၀၀၀)ကျပ်၊စုစုပေါင်း(၁၅၈၀၀)ကျပ်ဖြတ်တောက်ခံရခြင်း၊ အလုပ်သမားများမှာ လစဥ်လတိုင်း လူမှုဖူလုံရေးကြေးပိုက်ဆံ တစ်ယောက်ကို(၂၅၀၀)ကျပ်ထည့်ဝင်ရသော် လည်းလူမှုဖူလုံရေးခံစားခွင့်ဖြစ်သော ဆေးခွင့်များခံစားခွင့်မပေးတာတွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ သိရပါတယ်။  

အဆိုပါ HOPE ONE CO,LTD စက်ရုံဟာ အလုပ်သမားများ (၁၀၀၀)ကျော်ဖြင့်လုပ်ငန်းလုပ်ကိုင်းပြီး Ladies Fashion တံဆိပ်ချုပ် ဆွဲသားအပါးအင်္ကျီများ ချုပ်လုပ်နေတာဖြစ်ပါတယ်။ 

နေထိုင်းမကောင်းလို့ခွင့်တိုင်လျှင် "အောစူပါ၊စူပါများကခွင့်ရက်နဲ့ပတ်သတ်ရင် ငါတို့ကိုလာမပြောနဲ့အထက်ကလည်း ခွင့်မပေးခိုင်းဘူး၊ ငါတို့လည်းခွင့်မပေးဘူး၊ ခွင့်ပေးလိုက်လျှင်စံချိန်မရတော့ဘူး"လို့ ပြောတယ်လို့ အလုက်သမား ပြောကြားချက်အရသိရပါတယ်။ 

အောစူပါနဲ့စူပါများက အလုပ်သမားများကကျန်းမာ ရေးကိုမကြည့်ဘဲ စံချိန်ရရေးတစ်ခုနှင့် အလုပ်ရှင်မျက်နှာရရေးကိုသာဆောင်ရွက် နေခြင်းဖြစ်ပြီး လုပ်ငန်းခွင်ထဲတွင်စံချိန်တောင်းခံရာတွင်လည်း အလုပ်သမားများမချုပ်လုပ်နိုင်သော အထည်စံချိန်များကို မတရားတောင်းခံနေခြင်း၊ အလုပ်သမားတစ်ဦးကိုစက်နှစ်လုံးချုပ်လုပ်ရခြင်း၊ စက်လိုင်းတစ်လိုင်းကိုလူ (၂၅) ဦးရှိပြီး လိုင်းပေါက်အထည် တစ်နာရီလျှင် (၂၅၀မှ၃၀၀)အထိပေးရခြင်း၊ အလုပ်ရှင်ဘက်ကတစ်ဖက်သတ် သတ်မှတ်ထားသောစံချိန်မရလျှင် ယောက်ကျားလေးအောစူပါ၊စူပါများမှ စက်လိုင်းထဲတွင်အော်ဟစ်ဆဲဆို ခြင်း၊ စောက်နဲ့ခိုင်းနှိုင်းကာပြောဆိုနေခြပြုလုပ်နေခြင်း၊ လုပ်ငန်းခွင်ထဲတွင်စက်လိုင်းထဲတွင် ယောက်ကျား လေးနှင့်မိန်းကလေးများမှာ စက်အတူတူချုပ်နေရခြင်းကြောင့် ယခုလို့နေ့တိုင်းအော်ဟစ်ဆဲဆိုနေခြင်းမှာ အလုပ်သမမိန်းခလေးများဂုဏ်သိက္ခာထိခိုက်နေပြီး ရည်ရွယ်ချက်ရှိရှိဖြင့်အရှက်ရစေရန် လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ အလုပ်သမားကပြောပါတယ်။

ဒါ့အပြင်အထည်စံချိန်လည်းမတရားတောင်းခံလို့ အလုပ်သမားများကလည်းစံချိန်ပြည့်မှီရေး အသဲအသန်ချုပ် လုပ်ရတဲ့အခါ အထည်ပဲကျလျှင်လည်း ပိုက်ဆံ(၁၀၀၀)ကျပ်ဖြတ်တောက်ခံရတယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် အလုပ်သမားများလစာပေးစနစ်မှာ ဒေးကြေးလိုလိုတစ်ကဒ်ကြေးလိုလိုလုပ်ထားပြီး အလုပ်သမားများကို ကျွမ်းကျင်ကြေး A(၅၀၀၀၀)၊ B(၃၀၀၀၀)၊ C(၂၀၀၀၀)၊ D(၁၀၀၀၀)ကိုအဆင့်လိုက်ပေးထားခြင်း၊ အလုပ်သမားများကကျွမ်းကျင်မှုအလိုက် A,B,C,Dအဆင့်များရရှိထားသည့်အတွက် လစာထုတ်ရာတွင်ကျွမ်း ကျင်ကြေးတိုင်တစ်ခုဖြင့်ရမည်ဟုသိရှိထားသော်လည်း အလုပ်ရှင်ဘက်မှကျွမ်းကျင်ကြေးမဟုတ်ပဲ တစ်ကဒ် ကြေးပိုက်ဆံဆိုပြီး လစာထဲထည့်ပေးပြီးအလုပ်သမားများကို နားလှည့်ပါးရိုက်ပုံစံမျိုးပြုလုပ်ထားတာကြောင့်လည်း အခက်တွေ့နေစတယ်လို့ဆိုပါတယ်။

အချိန်ပိုအိုတီများလည်း မဆင်းမနေရဖိအားပေးဆင်းခိုင်းခြင်း၊ အချိန်ပိုအိုတီများ ကြိုပြောထားခြင်းမရှိပဲ အချိန်ပိုအိုတီကိုညလုံးပေါက်ဆင်းခိုင်းခြင်း၊ အချို့အလုပ်သမားများမှာညလုံးပေါက် အချိန်ပိုအိုတီမဆင်းနိုင်ကြောင်း မီတင်လူအများစုရှိတဲ့အချိန်တွင် ပြောရာ အချိန်ပိုအိုတီမဆင်းရင်လည်း နံနက်အလုပ်လာတာနဲ့ငါတောင်းတဲ့ အထည်စံချိန်ကိုမရရ အောင်ပေးရန်တောင်းဆိုမှုပြုလုပ်တယ်လို့ သိရပါတယ်။

အလုပ်သမားများအောနိုက်အောလင်းအထိ အချိန်ပိုအိုတီဆင်းရတဲ့အခါ အလုပ်ရှင်ဘက်မှအလုပ်သမားလာရတဲ့ ခရီးအနီးအဝေးကိုကြည့်၍မုန့်ဖိုးဆိုပြီး (၂၀၀၀)ကျပ်ပေးထားသော် လည်းစူပါများမှသူတို့နဲ့အဆင်ပြေသော အလုပ်သမားကိုပဲပေးထားပြီး၊ စူပါနဲ့အဆင်မပြေသောအလုပ်သမား များကိုမပေးဘဲ ဖြတ်ယူထားတာမျိုးတွေပြုလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။

ဒါ့အပြင် စက်လိုင်းထဲ တွင်သန့်ရှင်းရေးဆိုပြီးလိုက်လံစစ်ဆေးရာတွင် သန့်ရှင်းမှုမရှိဘူးဟုပြောကာ ပိုက်ဆံ(၅၀၀)ကျပ်ဖြတ်တောက်ခံရလို့ အလုပ်ပြန်ချိန်တွင်အလုပ်သမားများက မိမိစက်နေရာသန့်ရှင်းရေးများလုပ်ဆောင်ရတဲ့ အပြင်စက်လိုင်းတစ်လိုင်းလုံးကို သန့်ရှင်းရေးလုပ်ဆောင်ရခြင်း၊ အလုပ်သမားများကိုယ်ပိုင်ပစ္စည်းဖြစ်သောဖုန်းကို မိမိနှင့်အတူမထားရပဲ ထမင်းစား ဆောင်တွင်သေတ္တာအသေးလေးထဲဖုန်းကိုထည့်ထားခိုင်းခြင်း၊ ထိုသေတ္တာကလူနဲ့အဝေးကြီးမှာဖြစ်ပြီး အများ သုံးထားသောကြောင့်ခိုင်ခန့်မှုမရှိခြင်းကြောင့် ဖုန်းကိုမိမိအနားယူထားမိရင်လဲ အောစူပါ၊စူပါများပြောဆိုခံရ သည့်အပြင်HRမှဖုန်းကိုအပြီးသိမ်းဆည်းသွားတာအထိခံရခြင်း၊ HRဘက်မှသိမ်းသွားသောဖုန်းကို အလုပ်သမားမှ လုံးဝပြန်မရသော အလုပ်သမားရှိနေသလို အလုပ်သမားမှသွားပြန်မတောင်းရဲသောကြောင့် ဆုံးရှုံးနစ်နာရတာရှိတယ်လို့လည်း သိရပါတယ်။ 

အလုပ်သမားအနေဖြင့် ဖုန်းတစ်လုံးဝယ်နိုင်ရန်မလွယ်ကူသောကြောင့် ဖုန်းကိုအပြီး သိမ်းဆည်းတာမျိုးမ​ပြုလုပ်ခြင်း၊ စက်ရုံထဲတွင်အလုပ်သမားတစ်ထောင်ကျော်ရှိသော်လည်း ကျွမ်းကျင် အဆင့်မရှိသောဆရာများကိုခန့်ထားခြင်း၊ ထားရှိရမည်ဆေးဝါးများအလုံအလောက်မရှိခြင်းစတဲ့ ချိုးဖောက်မှုများစွာကို ချိုးဖောက်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါကြောင့်အလုပ်သမားတွေက တောင်းဆိုချက်များဖြစ်တဲ့ တောင်းဆိုချက် ၇ ချက်ကိုလည်းတောင်းဆိုထားတယ်လို့ သိရပါတယ်။ တောင်းဆိုချက်တွေကတော့ 

၁။ အလုပ်သမားများကိုလူမှုဖူလုံရေးခံစားခွင့်ပေးရန်နှင့် ရှောင်တခင်ခွင့်ခံစားခွင့်ပေးရန်။

၂။ အလုပ်သမားများကိုယ်ပိုင်ဖုန်းကိုအပြီးသိမ်းဆည်းမှု မပြုလုပ်ရန်။

၃။ အလုပ်ရှင်နှင့်အလုပ်သမားနှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုရန်နှင့် လုပ်ငန်းခွင်ထဲတွင်မလိုလားအပ်သော စည်းကမ်းချက်များမချမှတ်ရန်။

၄။ စက်ချုပ်အလုပ်သမားများသည် သန့်ရှင်းရေးဝန်ထမ်းများမဟုတ်သည့်အတွက် သန့်ရှင်းရေးမပြောင်လို့ဆို ပြီးပိုက်ဆံ(၅၀၀)ကျပ်မဖြတ်တောက်ရန်၊

၅။ ယောက်ကျားလေးအောစူပါ၊ စူပါများမှ မိန်ကလေးများကို ဆဲဆိုခြင်း၊ အော်ဟစ်ခြင်း၊ စောက်ဖြင့်ခိုင်းနှိုင်း ခြင်းမပြုလုပ်ရန်။

၆။ အလုပ်သမားများကိုပဲကျလျှင်ပိုက်ဆံ (၁၀၀၀)ဖြတ်တောက်ခြင်း မပြုလုပ်ရန်။

၇။ အလုပ်သမားများကိုလစာပေးလျှင် ရှင်းရှင်းလင်းလင်းလုပ်ဆောင်ပေးရန်တို့ဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026