NEWS

Honor Apparel အထည်ချုပ် ပိတ်သိမ်း မည်

CoverLogo
1K Views
 
ရွှေပြည်သာစက်မှုဇုန် ၃ မှာ ဖွင့်လှစ်ထားတဲ့ Honor Apparel အထည်ချုပ် စက်ရုံအပြီးပိတ်သိမ်းမယ်လို့ ဇန်နဝါရီ ၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။
 
Honor Apparel Co.,Ltd စက်ရုံဘက်က စက်ရုံလည်ပတ်ဖို့ အော်ဒါမရှိလို့ဖေဖော်ဝါရီ ၁ ရက်က စပြီး စက်ရုံပိတ်သိမ်းမှာဖြစ်တယ်လို့ စက်ရုံရဲ့ WCC အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအပြီး ထုတ်ပြန်ခဲ့တာပါ။ အခု ဇန်နဝါရီ ၁ ရက်ကနေ့ ၃၁ ရက် အထိကို နို့တစ်ကာလအဖြစ် သတ်မှတ်လိုက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
 
နို့တစ်ကာလပြီးဆုံးပါက ဥပဒေပါ ညွှန်ကြားချက်အတိုင်း စက်ရုံ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ပေးချမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
 
စက်ရုံကတော့ ရွှေပြည်သာစက်မှုဇုန် ပုလဲလမ်းမှာ ရှိပြီး အလုပ်သမား ၉၀၀ ဝန်းကျင်လောက်နဲ့ လည်ပတ်နေတဲ့ စက်ရုံလို့ Myanmar Labour News ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ စက်ရုံက ပိုလန်အခြေစိုက် Sinsay နဲ့ Piombo ၊ OVS စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်ခဲ့ပြီး တရုပ်အမျိုးသား Mr.Pong Xiyong ပိုင်ဆိုင်တယ် သိထားရပါတယ်။

Related posts

Cover
Prettex Myanmar စက်ရုံ အထည်ကြေး ရက် ၂၀ ကျော် ကြာသည်အထိ ရှင်းမပေး
Jun 22, 2025
Cover
S.H UNITED COMPANY LIMITED လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှု ကျူးလွန်နေ
Jun 22, 2025
Cover
မြန်မာနိုင်ငံသား ၃၀ ကျော် လက်ခံထားသည့် ထိုင်းကျောင်းထိုင်ဘုန်းကြီးအဖမ်းခံရ
Jun 22, 2025
Cover
Chi Mai အထည်ချုပ်စက်ရုံမှူး ဆဲဆို ခြိမ်းခြောက် ခိုင်းစေ
Jun 21, 2025
Cover
Hosheng Myanmar အထည်ချုပ် ကိုယ်ဝန်ဆောင်ပါ ညနက် အချိန်ပိုဆင်းခိုင်း
Jun 21, 2025
Cover
အလုပ်အချိန် အလွန်အကျွံဖိအားပေးခိုင်းစေပြီး အခွင့်အရေးချိုးဖောက်
Jun 20, 2025
Cover
Myanmar Ayeyarwaddy MFG စက်ရုံ ရက်ပျက်ဆိုပြီး ၂ ရက်အတွက် ဒေးကြေးဖြတ်
Jun 20, 2025
Cover
အချိန်ပိုကြေးမပေးတဲ့အပြင် အထည်စံချိန်အလွန်အကျွံတောင်းခံတာကြောင့် အလုပ်သမားအချို့ အာဟာရချို့တဲ့ပြီး ကျန်းမာရေးထိခိုက်တာတွေရှိနေ
Jun 19, 2025