NEWS

Honor Apparel အထည်ချုပ်စက်ရုံက Super ဝန်ထမ်းကို ဥပဒေမဲ့အလုပ်ထုတ်လို့ EC ချိုးဖောက်မှုဖြင့်တိုင်ကြား

CoverLogo
839 Views

အင်းစိန်မြို့နယ် ရွှေပြည်သာစက်မှုဇုန် ၃ ပုလဲလမ်းအမှတ် ၁၃၃/ခ တွင် ဖွင့်လှစ်ထားသော Honor Apparel Co.,Ltd အထည်ချုပ်စက်ရုံက Super တစ်ဦးအပေါ် EC စာချုပ်ချိုးဖောက်လို့ တိုင်ကြားထားတယ်လို့သိရပါတယ်။

"သူတို့က Super ကို မေလထဲကခန့်တယ်။ ဥပဒေအရရက်ပေါင်း၃၀အတွင်း EC စာချုပ်ချုပ်ရမှာကို အလုပ်သမားကိုကျစက်ရုံမှာချုပ်လိုက်တယ်။ ECနဲ့။ ဒါပေမဲ့ အလုပ်ထုတ်လိုက်တယ်ဆိုတော့ ECရှိတယ်ဆိုလို့ အလညမှာတိုင်လိုက်တဲ့အခါကျ အလညက မရှိဘူးငြင်းတယ်။ သူက၅လပိုင်းကအလုပ်ဝင်တယ်။ ဥပဒေအရရက်ပေါင်း၃၀အတွင်း EC စာချုပ်ပို့ရန်ပျက်ကွက်တာ။ ဒါကိုသွားတိုင်တာ။ ဦးစီးက လက်မခံဘူး။ နောက်ဆုံးသူ့ကိုတိုင်တယ်ဆိုမှ လက်ခံတာ" လို့ အဆိုပါအလုပ်သမားအမှုကို ကူညီဆောင်ရွက်ပေးနေသူကဆိုပါတယ်။

အဆိုပါစက်ရုံက Super တဦးအား ၁၉၊မေ၊၂၀၂၃ တွင် Super ရာထူး ဖြင့် အလုပ် ဝင်ရောက်လုပ်ကိုင်စေခဲ့ပြီး အလုပ်ခန့်ထားမှူသဘောတူစာချုပ်ကို ဇွန်လ၁၀ရက်နေ့က လက်မှတ်ထိုးခဲ့ပေမဲ့ အလညသို့ပေးပို့ရန် အလုပ်ရှင်ဘက်မှ ပျက်ကွက်ခဲ့တာဖြစ်ကာ ဇွန်လ၁၅ရက်နေ့မှာတော့ အလုပ်မှထုတ် ပယ်ခဲ့တယ်လို့ သိရပါတယ်။

အလုပ်ဝင်ပြီး ရက်ပေါင်း (၃၀)အတွင်း EC စာချုပ် မချုပ်ဆိုနိုင်ခဲ့လို့ ၎င်းဥပဒေ စည်းကြပ်သည့် အလုပ်သမားညွှန်ကြားမှူ ဦးစီးဌာနသို့ အရေးယူပေးရန်အကြိမ်ကြိမ်တင်ပြခဲ့သော်လည်း တိုင်စာလက်ခံခြင်းမရှိလို့ ဇွန် ၂၁ရက်နေ့က ထပ်မံ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

အလုပ်ရှင်ဟာ အောက်ပါပုဒ်မ အရ အရေးယူအပြစ်ပေးခြင်း ခံရမည်ဖြစ်ပြီး ပုဒ်မ(၃၉)အရမည်သူမဆို အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ပါအချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်ပါတယ်။

အလုပ်ရှင်က EC စာချုပ် ချုပ်ဆိုထားပြီး ပို့ရန်ပျက်ကွက်ခဲ့တဲ့အတွက် Super ကိုအလုပ်ဖြုတ်လိုက်သည့်ကိစ္စအား အလည မှလက်ခံစစ်ဆေးခြင်းမပြုဘဲ ညှိ/ဖျန်သို့ လွှဲပြောင်းပေးခဲ့ပြီးကာမှ တိုင်ကြားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

အရှေ့ပိုင်းတွင် Honor ဘက်မှ ဥပဒေမဲ့အလုပ်ထုတ်မှူများကို ဦးစီးဌာနများမှ အရေးယူဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသလို ခုံသမာဓိ ကောင်စီ မှလည်းမဖြေရှင်းနိုင်ခဲ့ပါ။

ယခု ဖြစ်စဉ်တွင် ဦးစီး အရာရှိများ ဥပဒေအတိုင်း ဆောင်ရွက်ခြင်းရှိ၊မရှိ ဆက်လက်စောင့်ကြည့်၍ အချိန်နှင့်တပြေးညီ အများပြည်သူသို့အသိပေးတင်ပြမယ်လို့လည်း STUMကဆိုထားပါတယ်။

#MyanmarLabourNews 
ဓါတ်ပုံ-ပုံဟောင်း


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026