NEWS

Hong Tex အထည်ချုပ် အလုပ်သမား၏ မူလ လုပ်သက်အားပယ်ဖျက်ပြီး ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်

CoverLogo
1.1K Views

Hong Tex အတည်ချုပ် စက်ရုံက မှတ်ပုံတင်ကို အကြောင်းပြပြီး အလုပ်သမားတွေရဲ့ မူလ လုပ်သက်ကို ပယ်ဖျက် ကာ လုပ်သက်အသစ်နဲ့ အလုပ်ပြန်ခန့်မှာဖြစ်လို့ လက်မခံပါက ဖမ်းဆီးခိုင်းမယ်ဆိုပြီး ပြောကြားတယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ အောင်တိုဘာ ၅ ရက်မှာ စက်ရုံအတွင်း အလုပ်သမားအားလုံးနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ စက်ရုံ မန်နေဂျာနဲ့ တာဝန်ရှိသူတွေက အခု ခြိမ်းခြောက်ပြီး ပြောဆိုခဲ့တာလို့  အလုပ်သမား တွေက ပြောကြားပါတယ်။ 

“အလုပ်ရှင်က အမြဲတမ်းအလုပ်သမားတွေကို လျှော့ချင်တော့ အခုလို ခြိမ်းခြောက်တာတွေ လုပ်တယ် မြင်ပါ တယ်။ တကယ်တော့ အလုပ်သမားတွေ အလုပ်စဝင်တော့ သူများ မှတ်ပုံတင်နဲ့ အလုပ်လျှောက် ကြရတာတွေ ရှိပါတယ်။ မှတ်ပုံတင်လုပ်ရတာ ကုန်ကျစာရိတ်များတယ်။ တော်ရုံလည်း လုပ်ဖို့မလွယ်ကြတော့ သူများ မှတ်ပုံတင်တွေနဲ့ လျှောက်ကြရတာပါ။ ဒါပေမဲ့ အလုပ်ဝင်တော့စက်ရုံဘက်မှ စစ်ဆေးပြီး အလုပ်ခန့်ထားခဲ့တာပဲ “ လို့ Hong Tex အတည်ချုပ် စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။ 

အောင်တိုဘာ ၆ ရက်မှာ စက်ရုံ စမတ်ကတ်လုပ်ပေးဖို့ မှတ်ပုံတင်တောင်းတာဖြစ်ပြီး  လုပ်သက်ရင့် အလုပ်သမား တွေကို လျှော့ချဖို့အတွက် မှတ်ပုံတင်အစစ် လုပ်သက်အသစ်နဲ့ အလုပ်ခန့်မှာကို မကျေနပ်ပါက တိုင်ကြားနိုင်တယ် ဆိုပြီး မန်နေဂျာနဲ့  စက်ရုံတာဝန်ရှိသူတွေက ထပ်မံ ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောကြားပါတယ်။ 

"၆ရက်နေ့မှာ မှတ်ပုံတင်ယူလာခိုင်းလို့ ယူလာပြီးတော့ စက်ရုံက ဘာလုပ်မှာလဲမေးတော့ အလုပ်ရှင်က smart card  လုပ်ပေးမှာလို့ ပြောတယ် ဒါပေမယ့် နှစ်ကြီးအလုပ်သမားအချို့က မှတ်ပုံတင်အတုနဲ့ဝင်တာဖြစ်တဲ့အတွက် မှတ်ပုံတင်အစစ်နဲ့ ပြန်လျောက် လုပ်သက်အသစ်နဲ့ပဲ ခန့်နိုင်မယ်" လို့ Hong Tex အတည်ချုပ် စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။ 

အလုပ်သမားကတော့ မှတ်ပုံတင်အစစ်ဖြင့် အလုပ်ပြန်လျှောက်ရမည်ဆိုပါက မူလလုပ်သက်အတိုင်းထားပေးရန် အလိုရှိတယ်လို့ သိရပါတယ်။

“စက်ရုံဘက် အကျပ်ကိုင်တာရော၊ ခြိမ်းခြောက်တဲ့ စကားပြောခဲ့တာပါ။ လုပ်သက်လျှော့တာက အလုပ်သမား တွေအတွက် ငွေကြေး ရပိုင့်ခွင့်လျှော့ချတာမျိုး၊ လုပ်သက်အသစ်ဆိုတာ အစမ်းခန့်တို့ အလုပ်သင်တို့ ဆိုပြီး စခန့်မယ်ဆို လုပ်သက်ရင့် အလုပ်သမားတွေအတွက် အများကြီးနစ်နာတယ် ။ နောက် လူမှုဖူလုံရေး သွင်းထား တွေက ဘယ်လို လုပ်ကြမလဲ။ လုပ်သက်အလိုက် ငွေတွေလည်း သွင်းထားတယ်။ လုပ်သက်အသစ်ဆိုရင် အနည်းဆုံး ၆ လပြည့်မှ ခံစားခွင့်စရမှာ ဆိုရင် ထိခိုက်နစ်နာမှုတွေကို ဘယ်သူက တာဝန်ခံမလဲ “ လို့ အလုပ်သမားရေး လှုပ်ရှားသူ အမျိုးသမီးက မေးခွန်းထုတ်ထားပါတယ်။ 

Hong Tex အထည်ချုပ် စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်၊ ယောအတွင်းဝန်၊ ဦးဖိုးလှိုင်လမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်တယ်လို့ အလုပ်သမားတွေက ပြောကြားပါတယ်။ မြန်မာ နိုင်ငံရင်းနှီးမြှုတ်နှံမှုကော်မရှင် DICA ရဲ့ အချက်အလက်မှာတော့ ရင်းနှီးမြှုတ်နှံမှုအမျိုးအစားကို ဖော်ပြ ထားတာ မရှိပါဘူး ။ စက်ရုံတွင်း အလုပ်သမားဥပဒေပါ အခွင့်အရေးများ ဆုံးရှုံးနေပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများစွာရှိနေတယ်လို့သိရပါတယ်။

စက်ရုံအတွင်း Jichodo ကုန်အမှတ်တံဆိပ် အထည်တွေချုပ်နေပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီက အလုပ်သမား ၁၂၀၀ ကျော်နဲ့  လည်ပတ်ခဲ့ပြီး စက်ရုံ ဖွင့်လှစ်ထားတာ ၁၅  နီးပါရှိပြီလို့ အလုပ်သမားတွေက ပြောကြားပါတယ်။ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စက်ရုံဘက်က အလုပ်သမား လျှော့ချတာနဲ့ အလုပ်ထွက်ကြ တာကြောင့် နေ့စားအလုပ်သမားအပါအဝင် အလုပ်သမား (၂၀၀) ကျော်နဲ့ လက်ရှိ စက်ရုံလည်ပတ်နေတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026