NEWS

HONG KONG ENTERPRISE စက်ရုံက လုပ်သား၁၀၀ကျော် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိနေ

CoverLogo
926 Views

လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁) မင်းသိဒ္ဓိကျော်စွာလမ်းမှာ ဖွင့်လှစ်ထားသော ဟောင်ကောင်ကြာဇံစက်ရုံက အလုပ်သမား (၁၀၀) ကျော်ဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေတယ်လို့  သိရပါတယ်။

အဆိုပါစက်ရုံဟာ အလုပ်သမားကအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိသလို  စက်ရုံကအလုပ်သမားတစ်ရာကျော်ဟာလည်း  ယခင်ကနေ့ဆိုင်းညဆိုင် နှစ်ဆိုင်းခွဲ၍ အလှည့်ကျဖြင့် ဆင်းရပြီး၊ ယခုအခါမှာတော့ အလှည့်ကျဖြင့် ခိုင်းစေတာ မဟုတ်ပဲ နေ့ဆိုင်းသမားက နေ့ဘက်ပဲဆင်းရပြီး၊ ညဆိုင်းသမားက ညဘက်ပဲဆင်းခိုင်းတာကြောင့်  ညဆိုင်းဆက်တိုက်ဆင်းရတဲ့အလုပ်သမားတွေဟာ  အဆင်မပြေသလိုအခက်အခဲများစွာကြုံတွေ့နေရပေမဲ့  စက်ရုံဘက်ကဖြေရှင်းပေးတာမရှိဘူးလို့  သိရပါတယ်။  

ညဆိုင်းအလုပ်သမားများက အလုပ်လုပ်ရသောအချိန်မှာ ည (၁၂) နာရီမှ အလုပ်ရတာဖြစ်သော်လည်း စက်ရုံဘက်မှ အလုပ်သမားများကို သွားလာရေးကို ဖယ်ရီစီစဉ်ပေးခြင်း မရှိခြင်းကြောင့် စက်ရုံကို အလုပ်သမားများမှာ မိမိအစီစဉ်ဖြင့် အလုပ်လာရသည့်အတွက် ညအချိန်မတော်မသွားရဲခြင်း၊ မလုံခြုံခြင်းကြောင့် အလုပ်သမားများမှ စက်ရုံကို ညဆိုင်းဆင်ရန်အတွက် ညနေ (၅) နာရီကတည်းက ကြိုတင်ပြီးအလုပ်သွားရတယ်လို့ ဆိုပါတယ်။

အချို့ရက်များမှာ အလုပ်ရှင်မှ ညဘက် ၁၂ နာရီ အလုပ်မဆင်းခိုင်းဘဲ မိမိအစီစဉ်နှင့် ဒီအတိုင်းပြန်ခိုင်းခြင်းများကြောင့်  အလုပ်သမားမျာမှာ ညကြီးမိုးချုပ် အချိန်မရှိမှ ပြန်ရပြီး၊ လမ်းမှာလည်း လုံခြုံမှုမရှိခြင်း၊ အလုယက်ခံရခြင်း၊ ညဆိုင်းဆင်းခိုင်းသော အလုပ်သမားများမှာ အလှည့်ကြ လူလဲခေါ်ပေးရန် ပြောသော်လည်း စက်ရုံအလုပ်ရှင်မှဆောင်ရွက်ပေးခြင်းမရှိဘဲ၊ အခုလို ညဆိုင်းဆင်းခိုင်းသော အလုပ်သမားအများစုက  ၁၈.၁.၂၀၂၃ရက်နေ့ ဒေးကြေးတစ်ဝက်ပေးပြီး အလုပ်ရပ်နားခြင်းခံလိုက်ရလို့ မီဒီယာတစ်ခုတွင် ဖော်ပြခံရခြင်းကြောင့် အလုပ်ပြန်ခေါ်ထားတဲ့ အလုပ်သမားများဖြစ်ပြီး ယခုလိုညဆိုင်းမှာပဲအငြိုးအတေးထားပြီး၊ ခိုင်းစေနေခြင်းဖြစ်တယ်လို့လည်း အလုပ်သမားတွေက ဆိုပါတယ်။  

အဲ့ဒီလိုညဆိုင်းအမြဲတမ်းဆင်းရတဲ့အလုပ်သမားတွေက အိပ်ရေးမဝခြင်း၊ ခေါင်းမူးခြင်း၊ နေမကောင်းဖြစ်တဲ့ အလုပ်သမားများကို မိမိတို့ ခံစားခွင့်ရှိသော ရှောင်တခင်ခွင့်၊ ဆေးခွင့်များ ကို အလုပ်ရှင်ဘက်မှ ခွင့်မပေးဘဲ ဒီတိုင်း ရက်ပျက်ဟုပြောခြင်း၊ ခွင့်မရသည့်အတွက် လစာထဲမှ ဒေးကြေး (၄၈၀၀) ၊ ရက်မှန်ကြေး (၁၀၀၀၀)ကျပ် ဖြတ်တောက်ခံရတယ်လို့ သိရပါတယ်။

"မတ်လ ၄ ရက်နေ့ကမန်နေဂျာကအလုပ်သမားတွေကိုကြေညာတာ 5.3.2023 မှ 6.3.2023 နှစ်ရက်ပိတ်တယ်လစာရောရက်မှန်းကြေးရောဖြတ်မယ်လိုမန်နေဂျာကတရာဝင်ကြေညာတာ"လို့ စက်ရုံအလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အခုလို စက်ရုံ ၂ ရက်ပိတ်တာဟာ တစ်ရုံလုံးအတွက်ပိတ်မဟုတ်ဘဲ အလုပ်သမားအချို့ကိုသာပိတ်တာဖြစ်ပြီး လစာနဲ့ ရက်မှန်ကြေးတွေဖြတ်တောက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူမှုဖူလုံရေးကြေး ပိုက်ဆံတစ်လကို (၂၅၀၀)ကျပ် ပုံမှန်ပေးသွင်းရပြီး၊ လူမှုဖူလုံရေး ခံစားခွင့် မရရှိခြင်း၊ အလုပ်သမားများမှ ညတိုင်းဆက်တိုက် ဆင်းနေရခြင်းမှာ ကျန်းမာရေးမကောင်းဖြစ်သည့် အထိ ညဆိုင်းကိုဆင်းနေရခြင်းကြောင့် အလုပ်သမားများအနေနဲ့ 

၁။ အလုပ်သမားများကို ဥပဒေတွင်ပါရှိသော ခွင့်ရက်များ ခံစာခွင့်ပေးရန်။ 

၂။ အလုပ်သမားများကို လူမှုဖူလုံရေးခံစားခွင့် ပေးရန်။ 

၃။ အလုပ်သမားများကို ဖယ်ရီစီစဉ်ပေးရန်။ 

၄။ အလုပ်သမားများကို ညဆိုင်းကို အလှည့်ကျဆင်းခိုင်းရန်တို့စတဲ့ 

တောင်းဆိုချက်များကိုတောင်းဆိုထားပါတယ်။

#MyanmarLabourNews
 


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026