NEWS

Honeys အထည်ချုပ်စက်ရုံကို နစ်နာကြေး ကျပ်သိန်းပေါင်း ၈ သောင်းကျော် ပြန်လည်တောင်းဆို

CoverLogo
464 Views

အလုပ်သမား ၄၀၀ ကျော်ကို နစ်နာကြေးမပေးဘဲ အလုပ်မှထုတ်ပယ်ခဲ့တဲ့ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံကို နစ်နာသူက  ကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ရလိုမှုအတွက် ပြန်လည်တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။  

အဆိုပါ ဂျပန်နိုင်ငံသားပိုင် Honeys အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က အလုပ်သမားအခွင့်အရေး တောင်းဆိုမှုကြောင့်  အလုပ်သမား ၄၀၀ ကျော်ကို အလုပ်မှထုတ်ပယ်ခဲ့ရာမှ အလုပ်သမားထောင်ချီဆန္ဒပြတောင်းဆိုခဲ့ရာ အဲ့ဒီအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ အလုပ်သမား အရေးကူညီဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို  အဲဒီစက်ရုံကနေ နစ်နာကြေး သိန်းပေါင်းနှစ်သောင်းနီးပါးဖြစ်တဲ့ ငွေကျပ်သိန်းပေါင်းတစ်သောင်းရှစ်ထောင်ရှစ်ရာကျော်ရလိုမှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။   

"ကုမ္ပဏီကိုပြန်တောင်းဆိုတာ။ အလုပ်သမားတွေအတွက်လျော်ကြေးရယ်  အန်တီအတွက်နစ်နာကြေးရယ်။  အန်တီကတော့ သူတို့တရားစွဲဆိုတောင်းခဲ့တာထက် နှစ်ဆတောင်းဆိုတာ။ အလုပ်သမားတွေကတော့ ၄၄၈ ဦး တစ်ယောက်ကို သိန်းတစ်ရာပါ"လို့  ဆိုပါတယ်။ 

အဆိုပါတရားစွဲဆိုခဲ့မှုအတွက် တရားစွဲဆိုခဲ့တဲ့ ၇ နှစ်ကျော်ကာလအတွင်း တရားပြိုင်ပြသက်သေများကို စစ်ဆေးရန်စောင့်ဆိုင်းနေတဲ့အဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီးမှ ယခုနှစ် ၂၀၂၅ခုနှစ် ဇန္နဝါရီ ၂၂ ရက်မှာ တရားလိုစက်ရုံဘက်က တရားပြိုင်အပေါ်ဆက်လက်တရားစွဲဆိုလိုစိတ်မရှိတော့တာကြောင့် အမှုကိုခြွင်းချက်မရှိ အမှုပိတ်သိမ်းခွင့်ပြုဖို့ တရားရုံးသို့လျှောက်တင်ကာ အမှုပိတ်လိုက်တာပဲဖြစ်ပါတယ်။   

အဲဒီအတွက် ၂၀၁၇ ခုနှစ် မှာစပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့  အလုပ်သမားများနှင့် ပုဒ်မ (၂)ခုဖြင့်တရားစွဲဆိုခံရတဲ့  သမဂ္ဂ ခေါင်းဆောင်အတွက် တောင်းဆိုချက် ၃ ချက်ပါဝင်တဲ့ 

၁။ကျူးလွန်ခဲ့သည့် လုပ်ရပ်များအတွက် သမဂ္ဂ ခေါင်းဆောင်နှင့် နစ်နာခဲ့သည့်အလုပ်သမားများကို တောင်းပန်ရန်၊ 

၂။ လုပ်ငန်းခွင် ဝင်ရောက်လိုသည့်အလုပ်သမားများကို ကြားကာလ (၉၀ လ) လစာကို Day ကြေး ၃၆၀၀ ကျပ်ဖြင့်တွက်ပေးရန်၊ 

၃။ လုပ်ငန်းခွင် သို့ပြန်လည်မဝင်ရောက်လိုသည့်အလုပ်သမားများအတွက် တောင်းဆိုချက်မှာ (ကြားကာလ+နို့တစ်ကြေး+အလုပ်ထုတ်နစ်နာကြေး)ပေးအတွက်  တောင်းဆိုထားတာလို့ သိရပါတယ်။  

ယခုတောင်းဆိုတဲ့ အလုပ်သမား ၄၄၈ ဦးမှာ  Honeys 1&Honeys 2 မှ  အလုပ်ထုတ်ခံရတဲ့အလုပ်သမားများဖြစ်ပြီး Honey 1 &2 သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေသူများကိုတော့ ပြန်လည်ထုတ်နှူတ်မယ်လို့လည်း သိရပါတယ်။  

ဒ့ါအပြင်  အဆိုပါအထည်ချုပ်စက်ရုံရဲ့ ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး  Global Campaign တစ်ခုဖြစ်တဲ့ PayYourWorkers ကမ်ပိန်းကိုလည်း မနေ့က ဖေဖော်ဝါရီ ၁၄ရက်ကစတင်ပြုလုပ်နေပြီလို့လည်း သိရပါတယ်။  

အဆိုပါကမ်ပိန်းအတွက် နိုင်ငံ ပေါင်းစုံက သမဂ္ဂ တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေလည်း သွေးစည်းညီညွှတ်မှူ ကိုပြသတဲ့အနေနဲ့ အဲ့ဒီကမ်ပိန်းမှာ အားလုံးပါဝင်ကြမယ်လို့လည်း သိရပါတယ်။  

"ရှေ့အပတ်ထဲမှာ ကျွန်မ ဂျပန်လူထု ကို ကျွန်မ နဲ့အလုပ်သမား ၄၀၀ကျော်ရဲ့ခံစားခဲ့ရတဲ့ မတရားမှူတွေကို ပြောပြသွားမှာပါ။ လုပ်ငန်းရှင် က (၇)နှစ်ကျော် ကြာအောင်တရားစွဲပြီး ဒုက္ခတွေပေးခဲ့တဲ့အတွက် တရားမျှတမှူအတွက်ပြန်လည်တောင်းဆိုတဲ့ ခရီးက (၁၄) နှစ်ကြာလဲ အဆုံးသတ်မှာ မဟုတ်ပါဘူး။ ကျွန်မ တို့ တောင်းဆိုတာတွေ မရ၊ မချင်း ဒီ Campaign က ဆက်ရှိနေမှာပါ လို့ ၇နှစ်ကြာအမှုရင်ဆိုင်ခဲ့ရတဲ့ ဒေါ်မျိုးအေးက ဆိုထားပါတယ်။  

အဆိုပါ Honeys Garment အထည်ချုပ် စက်ရုံက မင်္ဂလာဒုံမြို့နယ်မှာရှိတာဖြစ်ပြီး အလုပ်သမား ၄ဝဝကျော် ကို အလုပ်ထုတ်ခဲ့ရာက အလုပ်သမားထောင်ကျော်က  ဥပဒေမဲ့အလုပ်ထုတ်မှုရပ်တန့်ရေး၊ ဥပဒေပါအခွင့်အရေးများရရှိရေး နှင့် ခွဲခြားဖိနှိပ်မှုများရပ်တန့်ရေး စသည့်စာသားပါ ဗီနိုင်းပိုစတာ မ်ားကို ကိုင်ဆောင်၍ Honeys အထည်ချုပ်စက်ရုံမှ အလုပ်ထုတ် ခံရတဲ့ အလုပ်သမား ၄၀၀ကျော်ကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ခွင့်ရရန် တောင်းဆိုခဲ့ကြပေမဲ့ အလုပ်သမား ၄၄၈ ဦးဟာ လျော်ကြေးမရရှိခဲ့ဘူးလို့သိရပါတယ်။ 


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026