NEWS

Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်

CoverLogo
186 Views
 
Hige Fashion Accessories Myanmar Co.,ltd ပိုင် အထည်ချုပ်စက်ရုံက ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးကို အလုပ်ထုတ်ဖို့ ပြန်ဆင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အဲ့ဒီ ကိုယ်ဝန်ဆောင်အမျိုးသမီးက လုပ်သက် တစ်နှစ်ရှိ သန့်ရှင်းရေး အလုပ်သမား တဦးလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှု လက်မှုအလုပ်သမားများ အဖွဲ့ချုပ် (IWFM) က ပြောပါတယ်။
 
“ကိုယ်ဝန်ဆောင်ထားလို့ အလုပ်က ထုတ်မယ် ပြောတယ်။ HR မန်နေဂျာ နဲ့ COC အမျိုးသမီးက ခေါ်ပြောတယ်။ အခုလာမဲ့ မတ်လ ၅ ရက် အလုပ်မလာနဲ့လို့ ပြောထားတယ် ” လို့ IWFM တာဝန်ရှိသူက ပြောပါတယ်။
 
ကိုယ်ဝန်ဆောင်ထားပြီး တန်းတူ အလုပ် မလုပ်နိုင်လို့ အလုပ်လာစရာမလိုတော့ဘူး ဆိုပြီး ခေါ်ပြောထားတာလို့ အလုပ်သမားတွေက ပြောပါတယ်။ ကိုယ်ဝန်သည်အလုပ်သမားက လူမှုဖူလုံးရေးကြေး ထည့်ဝင်ထားသူလို့လည်း သိရပါတယ်။
 
“မြန်မာနိုင်ငံရဲ့ တည်ဆဲအလုပ်သမား ဥပဒေတွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမား တစ်ယောက် အတွက် စက်ရုံ/အလုပ်ရှင်ဘက်က လိုက်နာရမယ့် တာဝန်ဝတ္တရားတွေ အများကြီးရှိပါတယ်။ အရေးအကြီးဆုံး အချက်က အလုပ်အကိုင် အာမခံချက် ရှိဖို့ဆိုတော့ အလုပ်ထုတ်လို့မရပါဘူး။ အဲ့နောက်မှာ ခွင့်ရက်နဲ့ ခံစားခွင့်၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်တွေ ရဖို့ ဆောင်ရွက်ပေးရမှာပါ.” လို့ HR မန်နေဂျာ တဦးက ပြောပါတယ်။
သန့်ရှင်းရေးအလုပ်သမားမှာ ပြီးခဲ့နှစ် ဖေဖော်ဝါရီ ၇ ရက်က အလုပ်ဝင်ခဲ့တာဖြစ်ပြီး ကိုယ်ဝန် သက် ၆လ ရှိပြီလို့ အလုပ်သမားတွေက ပြောပါတယ်။ လစဥ် လူမှုဖူလုံရေးကြေးထည့်ဝင်ရပေမဲ့ ဆေးခွင့်၊ ရှောင်တခင်ခွင့် မရခဲ့ဘူးလို့လည်း သိရပါတယ်။
 
“လူမှုဖူလုံရေးဆေးခန်းမှာ ဗိုက်ပြတော့ ခွင့်မရလို့ ဂိတ်ပါတ်ယူ သွားရတယ်။ ပိတ်ရက် မှာ သွားရတယ်။ လူမှု ဖူလုံရေးဆေးခန်းက ဆေးစာတွေရှိတယ်။ ငွေကြေး အခက်ခဲကြောင့် အလုပ် ဆက်လုပ်ပါရစေ ဆိုတာတောင် မြန်မာလူမျိုး မန်နေဂျာ နဲ့ အလုပ်သမားဥပဒေကို ကျွမ်းကျင်တဲ့ COC ကိုယ်တိုင်ကအ လုပ်ထုတ်မယ် ပြောနေတာ။ “ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ အသက်၁၄၊၁၅ အရွယ် အလုပ်သမား ၃၀ ကျော်ကို ဆေး ထောက်ခံချက်မပါဘဲ လူကြီး အလုပ်သမားတွေနဲ့ တန်းတူခိုင်းစေနေတယ်လို့လည်းပြောပါတယ်။ စက်ရုံဘက်က ပိတ်ရက် တနင်္ဂနွေနေ့တွေမှာ အချိန်ပိုဆင်းခိုင်းပြီး မဆင်းပါက အောစူပါ၊စူပါတွေက ဆဲဆိုအော်ဟစ်တယ်လို့လည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ WCC အဖွဲ့ကို အလုပ်ရှင်က စိတ်ကြိုက်ဖွဲစည်းထားလို့ လုပ်ငန်းခွင်အခက်ခဲတွေကို ပြောပြလို့ မရ ဖြစ်နေတယ်လို့လည်း ပြောဆိုပါတယ်။
 
Hige Fashion Accessories Myanmar Co.,ltd စက်ရုံမှာ အလုပ်သမား ၄၀၀ ကျော် လက်ရှိ Xshelte တံဆိပ် ဦးထုပ်တွေ ချုပ်လုပ်နေပါတယ်။ စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုမှာ လုပ်ငန်းလုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိထားပါတယ်။ စက်ရုံက ဦးထုပ်၊ ဖိနပ်၊ ဘောင်းဘီ၊ အင်္ကျီ နဲ့ H&Mတံဆိပ် ဦးထုပ်တွေ ချုပ်လုပ်ခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026