NEWS

Hesheng Myanmar Leather စက်ရုံ ပစ္စည်းများ ပြောင်းရွှေ့၍ အလုပ်သမားများ စိုးရိမ်နေ

CoverLogo
1.3K Views

ရွှေပြည်သာမြို့နယ်က Hesheng Myanmar Leather စက်ရုံ ပစ္စည်းတွေ ပြောင်းရွှေ့နေပေမဲ့ ဘယ်လို အကြောင်းမှ အသိပေးပြောဆိုတာမရှိလို့ စက်ရုံအလုပ်သမားတွေက စိုးရိမ်မှုတွေရှိနေတယ်လို့ ပြောပါတယ်။

“ ဒီစက်ရုံက ညီမတို့ကို  ပိတ်မယ်ဆိုလဲ ပိတ်မယ်၊ မပိတ်ဘူးဆိုလဲ မပိတ်ဘူးဆိုပြီး မပြောဘူး။  စက်ရုံထဲမှာရှိတဲ့ ပစ္စည်းတွေ၊ စက်တွေ အကုန် ကားနဲ့ ရွှေ့နေကြတယ်။ ဒါမေပဲ့ ညီမတို့ကို ခု့ချိန်ထိဘာ မှမပြောကြဘူး” လို့ စက်ရုံလုပ်သား အမျိုးသမီးတစ်ဦးက MLN ကို ပြောပါတယ်။

စက်ရုံအလုပ်သမားအများစုက  ၅၆၀၀ ပေးတဲ့ စက်ရုံတွေကို ပြောင်းရွှေ့လုပ်ကိုင်ကြလို့  စက်ရုံအတွင်းမှာရှိတဲ့ စက်လိုင်း ၁၀ လိုင်းကနေ လက်ရှိ သုံးလိုင်း၊ လေးလိုင်းသာကျန်တော့တယ်လို့လည်းပြောပါတယ်။

“စက်ရုံကတော သူတို့က ရှိတဲ့သူနဲ့ လုပ်မယ်ပြောတယ်။ ဒါပေမဲ့ ဝန်ထမ်း အထွက်များတော့ စက်တန်းက လူသိပ် မရှိတော့ဘူး။ အရင် ၁၀လိုင်းကနေ အခု  ၃လိုင်း ၄လိုင်းပဲရှိတော့တယ် ။ ဝန်ထမ်းနည်းသွားတော့ အကြောင်းရင်း မရှိဘဲ  ခေါင်းဆောင်တွေကို ရာထူးချပစ်ကြတယ်။  ဘာမှပြန်မပြောရဲကြဘူး ။” လို့လည်း ဆက်ပြောပါတယ်။

Hesheng Myanmar Leather စက်ရုံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ လှသိင်္ဂီလမ်း၊ စက်မှုဇုန် ရွှေပြည်သာ စက်မှုဇုန် (၃) အတွင်း တည်တောင် ထားတယ်လို့ DICA ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ဒါပေမဲ့ စက်ရုံခွဲအပါ သုံးရုံ ရှိ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“ စက်ရုံက ၃ရုံရှိပါတယ် ။ လိူင်သာယာ ၊ ရွှေပြည်သာ၊  လှည်းကူး ၃ရုံပါ ။ လှိုင်သာယာစက်ရုံနဲ့  လှည်းကူးက စက်ရုံကို တစ်နေ့ လုပ်အားခ ၅၆၀၀/ ၆၅၀၀ ဆိုပြီး လစာတိုးပေးတယ် ညီမတို့ အခြစက်ရုံကိုကြတော့ မတိုး ပေးဘူး။  စက်ရုံထဲက ပစ္စည်းတွေလည်းရွှေ့တာ ပြောင်နေပြီ။ “ လို့ အလုပ်သမားတွေက ပြောပြပါတယ်။

စက်ရုံဝန်ထမ်းရေးရာဌာနကလည်း စက်ရုံအခြေအနေတွေတွေ ပြောဆိုတာမရှိသလို အလုပ်သမားတွေအတွက် ပြောဆိုပေးတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

“အလုပ်မရှိလို့ ညီမတို့ ဝန်ထမ်းတွေ  ၄ နာရီ ပြန်လွှတ်ကြတယ်။  ဖယ်ရီကားမပေးဘူး ။ အချိန်ပို OTမရတဲ့အပြင် ကိုယ်ပိုက်ဆံနဲ့ စိုက်ပြန်ရတဲ့နေ့တွေလည်း မနည်းတော့ဘူး။ ဖယ်ရီပေးတဲ့နေ့ ကြတော့လည်း လူက မဆန့်ဘူး ။ ကျပ်နေရော ။ ဒါကို HR က မြင်တယ် ဘာမှ မပြောဘူး။ ပြောလည်း မလုပ်ပေးကြဘူး” လို့ စက်ရုံအလုပ်သမား တစ်ဦး ထပ်ဖြည့်ပြောပါတယ်။

ရွှေပြည်သာက Hesheng Myanmar Leather စက်ရုံက  တာဝန်ရှိသူတွေ အနေနဲ့ စက်ရုံပိတ်ဖို့ အစီအစဉ်ရှိ ပါကလည်း အလုပ်သမားတွေကို ပွင့်လင်းစွာ ပြောပြပြီး နစ်နာကြေးကိစ္စတွေကို ဆွေးနွေးဖို့ လိုလားတယ်လို့ Myanmar Labour News ကို ပြောဆိုပါတယ်။ စက်ရုံကို ဆက်လက် လည်ပတ်မယ်ဆိုပါကလည်း ခေါင်းဆောင် တွေကို ရာထူးမချဘဲ၊  ဖယ်ရီကား စီစဥ်ပေးစေချင်တယ်လို့ ပြောဆိုထားပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026