NEWS

Hengrun Myanmar အထည်ချုပ် ခွင့်ရက်နှင့် ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလစာဖြတ်တောက်

CoverLogo
318 Views
 
Hengrun Myanmar Co.,Ltd ပိုင် အထည်ချုပ် စက်ရုံ တာဝန်ရှိသူတွေက အလုပ်သမားဥပဒေပြဌာန်းချက်တွေဖြစ်တဲ့ ခွင့်ရက်နဲ့ ခွင့်ရက်အတွက် ခံစားခွင့်တွေကို မပေးတဲ့ အပြင် ရက်ပျက်သတ်မှတ်ပြီး ရက်တွက်ဒေးကြေးနဲ့ တခြားခံစားခွင့် လုပ်ခလစာတွေကို ဖြတ်တောက်နေတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။
 
“ ရှောင်တခင်ခွင့်၊ ဆေးခွင့် မပေးဘူး၊ လူမှုဖူလုံရေးကတ်လည်း ရှိတယ်၊ ဖူလုံရေဆေးခန်းက ဆေးခွင့်စာရွက်ပေးလည်း ရက်ပျက် သတ်မှတ်တယ်။ ရက်ပျက်ဆိုတော့ ဒေးကြေး ရက်မှန်ကြေး ဖြတ်တယ်။ လုပ်သက်ခွင့်ဆိုတာ ဘယ်လိုမှန်းတောင် မသိတော့ဘူး။” လို့ ပြောပါတယ်။
 
စက်ရုံဘက်က ရက်ပျက်အနေနဲ့ ဒေးကြေး ၁၁၀၀၀ ကျပ်နဲ့ ရက်မှန်ကြေး ၆၀၀၀၀ကျပ် ဖြတ်တောက်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ အရ အလုပ်သမားတွေအနေ ရှောင်တခင်ခွင့် ၊ ဆေးခွင့် နဲ့ လုပ်သက်ခွင့်တွေကို ရယူခွင့်ရှိပြိး လစာအပြည့်နဲ့ ခွင့် ခံစားခွင့် ပေးထားပါတယ်။
 
လုပ်ငန်းခွင်အတွင်း wcc အဖွဲ့ ဖွဲ့ထားပေမဲ့ လုပ်ငန်းခွင် အခက်အခဲတွေကို ဖြေရှင်း ဆောင်ရွက်ပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အလုပ်သမားတွေ အချိန်ပို လုပ်ကိုင်ဖို့ ဖိအားပေး လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
WCC က အလုပ်ရှင်ပြောသလို လုပ်ပေးနေတာ ၊ တခြားမကြည့်ပါနဲ့ အချိန်ပိုကို ညနေ ၆နာရီ၊ ည နက် ၁၀နာရီအထိ မဆင်းမနေရ လုပ်ကိုင်နေရတယ်။ ညဘက် ၁၂နာရီအထိ အချိန်ပိုအို တီ မဆင်းတဲ့ အလုပ်သမာတွေဆို ဝမ်တိမ်ထိုးခိုင်းတယ်၊ ဂရိတ်ချပြီး ဂရိတ်ကြေးလျှော့တယ်၊ ခွဲခြားဆက်ဆံတယ်” လို့ ပြောပါတယ်။
 
အလုပ်သမားတွကို လအကန့်အသက်မရှိ နေ့စားလုပ်သာတွေအဖြစ် ခိုင်းစေတဲ့အပြင် သတ်မှတ်လုပ်ခထက် လျှော့ပေးတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
နေ့စားအလုပ်သမားတွေက အများကြီးပဲ၊ နေ့စားလုပ်သား လုပ်သက် ၈ လ အထိရှိတဲ့ အလုပ်သမားတွေ ရှိတယ်၊ လစား မခန့်ဘူး ။ နေ့စားလုပ်ခကို ဒေးကြေး ၇၈၀၀ကျပ်၊ အချိန်ပိုအိုတီကြေး ၁၆၀၀ကျပ်နဲ့ လျှော့ပေးတယ်။ လစားတွေ က ၁၁၀၀၀ ရနေတာ” လို့ ပြောပါတယ်။
 
Hengrun Myanmar အထည်ချုပ်စက်ရုံက ၂၀၂၃ ခုနှစ်အတွင်း လုပ်ငန်းခွင်ချိုးဖောက်မှုတွေ အများအပြား ရှိခဲ့သလို ချိုးဖောက်မှုတွေကို အလုပ်သမားရုံးက ခဏခဏ စစ်ဆေးခဲ့ပေမဲ့ ထူးခြားပြောင်းလဲမှုတွေ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြရတနာလမ်းမှာရှိပြီး တရုတ်နိုင်ငံသား ပိုင်ဆိုင်ပါတယ်။ လက်ရှိ စက်ရုံမှာ အလုပ်သမား ၅၀၀ ဝန်းကျင်လုပ်ကိုင်နေပြီး CMP တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
 
 
 
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026