NEWS

He MeT စက်ရုံ ခွင့်မပေးဘဲ ရက်ပျက်ဆိုပြီး ဒေးကြေး ဖြတ်

CoverLogo
568 Views
 
 
He MeT Company Limited အထည်ချုပ် စက်ရုံမှာ ဥပဒေပါ ပြဌာန်းသတ်မှတ်ထားတဲ့ ခွင့်အမျိုးအစား အာလုံးကို မပေးဘဲ ရက်ပျက်သတ်မှတ်ပြီး ခံစားခွင့် ဒေးကြးအပါအဝင် ရပိုင်ခွင့် ငွေကြေးတွေ ဖြတ်တောက် ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ နာရေး၊ သာရေးခွင့်ကို ထားဦး၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်၊ လုပ်သက်ခွင့် ဆိုတာတွေ ဘာမှ မရတာ။ လူမှုဖူလုံ ရေးကြေးတော့ လတိုင်း ဖြတ်ယူနေတယ်၊ ဒါပေမဲ့ ခွင့်ဆို ဘာမှ မရတာ။ ခွင့်မပေးဘူးဆိုတော့ ရက်ပျက် ဆိုပြီး ဒေးကြေး၊ ရက်မှန်ကြေး ဘာမှ မရတာ” လို့ အလုပ်သမား အမျိုးသမီးတဦးက ပြောပါတယ်။
အလုပ်ပျက်တယ်ဆိုပြီး ဒေးကြေး ၆၈၀၀နဲ့ ရက်မှန်ကြေး ၂၀၀၀၀ ဖြတ်တောက်ခံရတာကြောင့် လစာ ရရှိမှု သိသိသာသာနည်းပါးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ အလုပ်သမား ဥပဒေအရ အလုပ်သမားတွေရရှိတဲ့ လစာတွေကနေ ဖြတ်တောက်ခွင့် ပေးမထားတဲ့ အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ဲပြီး သမာသမတ်ကျသော ကုန်သွယ်မှုရှေ့ဆောင်အဖွဲ့ရဲ့ အခြေခံ ကျင့်ဝတ် စည်းကမ်း အမှတ် (၅.၃) မှာ အလုပ်သမားတွေကို အပြစ်ပေးအရေးယူတဲ့ ပုံစံနဲ့ အခကြေးငွေ ဖြတ်တောက် ခြင်း မပြုရလို့ ရေးသားထားပါတယ်။
He MeT Company Limited အထည်ချုပ် စက်ရုံဘက်က တောင်းထားတဲ့ အထည်စံချိန်မရပါက စူပါတွေက ဆဲဆို၊ အော်ဟစ်ပြီးတောင်းခံတာ၊ နေ့စားအလုပ်သမားတွေကို ခိုင်းစေပြီး လုပ်သက် ၆ လပြည့်တဲ့ အထိ အတည်ပြု ခန့်တာမျိုး မရှိတာ၊ လုပ်ငန်းခွင်အတွင်း အသက်အရွယ် ၁၅/၁၅/၁၆ နှစ်အရွယ် လူရွယ် လုပ်သားတွေ ကို ဆရာဝန်ထောက်ခံချက်မပါဘဲ လူကြီးအလုပ်သမားတွေနဲ့ တန်းတူးခိုင်စေတာတွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ဖယ်ရီကားတွေကလည်း ကျပ်၊ ကိုယ်ဝန်ဆောင် အလုပ်သမားတွေ ကားနောက်မှာ ဖြစ်သလိုစီးရတယ်။ ကိုယ် ဝန်ပျက်ကျတဲ့ သူတွေလည်း ရှိတယ်။ လုပ်ငန်းခွင်ထဲမှာလည်း ခွဲခြားမှုတွေက အလုပ်သမားတွေ နစ်နာရတယ်။ အချိန်ပိုကို ည ၂နာရီအထိ မဆင်းမနေရဆင်းခိုင်းတယ်။ မဆင်းဘူးဆို ဖိအားပေးတယ်၊ အငြိုးအတေးထားခံရတယ်။ လိုင်း ၁၁ က စူပါက ဈေးရောင်းတယ်။ သူဆီ ဝယ်ရတယ်။ဝယ်တဲ့သူ ဂရိတ်A ပေးတယ်၊ ဈေးမဝယ်ရင်တော့ ဘယ်လိုကျွမ်းကျင်ကျင် C အဆင့်ပဲ ပေးတယ်။ သူက လစာ အစွန်းထွက် ၁၀၀၊ ၂၀၀၊ ၃၀၀ တင်မဟုတ်ဘူး ၅၀၀ ၊၇၀၀ ကျော်တွေတောင် ဖြတ်ယူထားတယ်။ ဒီလို ဖြတ်တောက် ၆ လ လောက်ရှိနေပြီ။ အလုပ်သမားတွေ နစ်နာတာတွေပေါ့။”လို့ ပြောပါတယ်။
He MeT စက်ရုံ လုပ်ငန်းခွင်မှာ လုပ်သား ၉၀၀ ကျော် လုပ်ကိုင် နေပြီး စက်လိုင်းတလိုင်း အထည်စံချိန် ၄၀ ကျော် တောင်းခံတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ CHAPTER၊ MAKE TODAY AMAZING၊ Pageone၊ JEAN PASCALE တံဆိပ် ဝယ်လွန် ဂျာကင်အင်္ကျီ တွေချုပ်လုပ်နေတယ် သိရပါတယ်။ စက်ရုံကို တရုတ် နိုင်ငံသားတဦး ပိုင်ဆိုင်ပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ အလယ်ရွာ၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်း၊ မီတာရုံဘေးမှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026