NEWS

He MeT company Limitedတွင် စစ်တပ်က အမျိုးသားအလုပ်သမားစာရင်းလာရောက်ကောက်ယူ

CoverLogo
897 Views

လှိုင်သာယာမြို့နယ် ၊ တွင်းအသင်းတိုက်ဝန် ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားတဲ့ He Me T garment မှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသားအလုပ်သမားဦးရေကို အောက်တိုဘာလ (၂) ရက်မှာ စစ်တပ်က လာရောက်ကောက်ယူသွားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒီကနေ့ စစ်တပ်ရဲ့ စာရင်းကောက်ယူတာခံရတဲ့ He Me T garment မှာတော့ အမျိုးသား လူဦးရေ (၂၀၀) ကျော် ရှိနေပါတယ်။ စက်ရုံကတော့ sinsay, OUTDOOR စတဲ့အမှတ်တံဆိပ်တွေကို ချုပ်လုပ် နေတာပါ။

 “စစ်သား (၂၅) ယောက်လောက်ရှိတယ်။ လုပ်ငန်းခွင်ထဲထိ ရောက်လာတာ။ ပြီးတော့ ယောကျာ်းလေး အလုပ်သမားစာရင်းတွေ တောင်းတယ်။ သိရသလောက်တော့ စစ်မှုထမ်းဖို့ စာရင်းကောက်တယ် ပြောတယ်။ အလုပ်ရှင်ကလည်း ထုတ်ပေးလိုက်တယ်။  စစ်တပ်ကတော့ (၁၃) ရက်နေ့ကျရင် ထပ်လာမယ်လည်း ပြောသွားတယ်။ ကျွန်တော်တို့ကတော့ စိတ်ပူတယ်။ သူတို့က စစ်မှုထမ်းဖို့အတင်းလူစုနေတာဆိုတော့ အလုပ်ပဲ ဆက်လုပ်ရမလား။ နားရတော့မလား တွေးမရတော့ဘူး”လို့ He Me T garment ရဲ့ အမျိုးသား အလုပ်သမားတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးဖို့ ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းမှာ အလုပ်သမားအများစုဟာ လုပ်ငန်းခွင်တွေက တိမ်းရှောင်တာတွေ ရှိခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ လုပ်ငန်းခွင်တွေဟာ ပုံမှန်ပြန်လည် လည်ပတ်နေတာဖြစ်ပြီး စစ်တပ်ကတော့ စက်ရုံအလိုက် အမျိုးသားအလုပ်သမားစာရင်းတွေ ကောက်ယူတဲ့ အခြေအနေတွေ စတင်လာတာပဲ ဖြစ်ပါတယ်။

“စိတ်တော်တော်ပူတယ်။ သတင်းတွေဖတ်မိတာက ညဖက်အပြင်ထွက်တာတွေ၊ ဆိုင်ထိုင်တာတွေကိုပဲ အန္တရာယ်ရှိတယ်။ လူစုဆောင်းခံရမယ် ကြားမိတာပါ။ အခုမှ အလုပ်လုပ်နေရင်း စစ်မှုထမ်းဖို့ စာရင်းကောက်ခံရ တယ်ဆိုတော့ ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲပေါ့။ အိမ်ကသိရင်တော့ ပြန်ခေါ်မှာပဲ။ ကျွန်တော်လည်း အခြေအနေကြည့်ပြီး တစ်ခုခုစီစဉ်ရမယ်တော့ တွေးမိတယ်”လို့ အထည်ချုပ် အလုပ်သမားတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးချိန်ကစပြီး စစ်ကောင်စီဟာ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အတွင်းက လူငယ်တွေကို နည်းမျိုးစုံနဲ့ ကန့်သတ်မှုတွေ လုပ်ဆောင်နေတာပါ။ စက်ရုံအများစုမှာတော့ အသက် (၂၀) ကျော် လူငယ်အများစု လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။


Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026