NEWS

HC အထည်ချုပ်စက်ရုံတွင် လုပ်ခလစာအတွက် တောင်းဆိုမှု ပြုလုပ်

CoverLogo
471 Views
 
အလုပ်ခန့်ထားကတည်းက အလုပ်ရှင်နဲ့ အလုပ်သမားကြား သဘောတူထားတဲ့ လုပ်ခလစာ အပြည့်မပေးတာကြောင့် HC အထည်ချုပ်စက်ရုံမှာ တောင်းဆိုမှုဖြစ်ပွားခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ်ခန့်ကတည်းက ၅၈၀၀ ပေးမယ်လို့ ပြောလို့ အလုပ်ဝင်ထားတာပါ။ အခုတော့ ၄၈၀၀ နဲ့ ရှင်းပေးတော့ လုပ်ခလစာတွေကို လက်မခံပဲ တောင်းဆိုမှုတွေ ပြုလုပ်တာပါ။ စက်ရုံဝန်းထဲမှာပဲ တောင်းဆိုတာပါ၊ လုပ်ငန်းခွင်ထဲမဝင်ကြပါဘူး ။ ” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းမှာ HC အထည်ချုပ်စက်ရုံဝန်းအတွင်းမှာ အလုပ်သမား ၄၀၀ ဝန်းကျင်က တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။ လုပ်ခလစာ အပြည့်မပေးဘဲ ဖြတ်တောက်မှုကြောင့် အလုပ်သမားတဦးကို ကျပ် ၅၀၀၀၀ ကနေ ၈၀၀၀၀ ကြား နစ်နာရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“ညီမတို့က ကိုယ့်ရဲ့ လုပ်ခကိုပဲ ပြန်တောင်းနေတာပါ။ အလုပ်ခန့်ကတည်းက သတ်မှတ်ထားတဲ့ လုပ်ခအတိုင်း တောင်းတာ။ ပိုတောင်းနေတာလည်း မဟုတ်ပါဘူး။”လို့ ပြောပါတယ်။
အလုပ်သမားတွေကို ထောက်ပံကြေး တရက် ကျပ် ၂၀၀၀ ပေးဖို့ ဝန်ကြီးဌာနက ညွှန်ကြားထားပေမဲ့ အဲ့ဒီကျပ်နှစ်ထောင်ကိုလည်း ရရှိတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။ ဒီထောက်ပံကြေးနဲ့ ရမရနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
စက်ရုံဘက်က တောင်းဆိုမှုတွေကို ငြင်းပယ်ထားပြီး မူလသတ်မှတ်ထားတဲ့ လုပ်ခလစာနဲ့ ပတ်သက်တဲ့ ညှိုနှိုင်းမှုတွေကို မြို့နယ် အလုပ်သမားရုံးကနေ တဆင့်ပြုလုပ်ဖို့ ပြောဆိုတယ်လို့ အလုပ်သမား တဦးက ပြောပါတယ်။
“ အလုပ်သမားရုံးကို သွားတိုင်ဆိုပြီး စက်ရုံတာဝန်ရှိသူကပြောတယ်၊ စက်ရုံဘက်ကတော့ ဒီလအတိုင်း ကြိုက်ရင်ယူ၊ မကြိုက်ရင်ထွက်ဆိုပြီး ပြောနေတယ်။ ညီမတို့က အခုအထိ အဲ့ဒီလုပ်လစာကို လက်မခံရသေးဘူး” လို့ ပြောပါတယ်။
လက်ရှိအချိန်အထိ အလုပ်ရှင်၊ အလုပ်သမားကြား ညှိနှိုင်းမှုတွေမလုပ်ရသေးသလို စက်ရုံတာဝန်ရှိသူနဲ့ လုံခြုံရေးဝန်ထမ်းတွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
“သူဌေးက လစာတွေ ထပ်မဖြည့်ဘူး၊ ဒီတိုင်းပါဘဲ။ တိုင်ချင်တဲ့ ရုံးတိုင်ပေါ့ ။ စက်ရုံလုံခြုံရေးတွေကလည်း အပြင်ထွက်ဖို့ ခြိမ်းခြောက်တယ်၊ နှင်ထုတ်တယ်။ အလုပ်သမားတွေကလည်း ကတိအတိုင်း လစာကို အပြည့်ပေး၊ မပေးနိုင်ရင် မထွက်နိုင်ဘူး ဆိုပြီး ပြောထားတယ်”လို့ ပြောဆိုပါတယ်။
HC အထည်ချုပ်စက်ရုံက ရန်ကုန်မြို့ ၊တောင်ဒဂုံမြို့နယ်၊ ကျီစု စက်မှုဇုန်မှာရှိတယ်လို့ သိရပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026