NEWS

Handa Yangon အထည်ချုပ်စက်ရုံ အထည်စံချိန်အလွန်အကျွံတောင်းခံ၊ ရေထသောက်တဲ့ အလုပ်သမားကို ဓါတ်ပုံရိုက်မှတ်တမ်းတင်နေ

CoverLogo
1.5K Views

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဦးရွှေပင်းနှင့် ဦးမြူးလမ်းထောင့် မှာဖွင့်လှစ်ထားတဲ့ Handa Yangon GARMENT တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံမှာအလုပ်သမုား ၂၅၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေပြီး လုပ်ငန်းခွင်အတွင်း အထည်စံချိန်အလွန်အကျွံတောင်းခံပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 Joma/CINEMA CLUB/CELUANT/CRAFT/KIABI/YONEX တံဆိပ် ဂျပန် အမှတ်တံဆိပ် အင်္ကျီ တွေ ချုပ်လုပ်နေတာ ဖြစ်ပြီး ပေးချေနေတဲ့ အခကြေးငွေနှုန်းထားမှာ ဒေးကြေး ၄၈၀၀ ကျပ် အချိန်ပို တစ်နာရီ ၁၂၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် တစ်ကတ်ကြေး တို့ ဖြင့် သတ်မှတ်ချုပ်လုပ်နေတာလို့ ဆိုပါတယ်။

အလုပ်ချိန်မှာ နံနက် ၈ နာရီကနေ ညနေ ၄ နာရီ ၄၀ အထိဖြစ်ပြီး အချိန်ပိုရှိပါက ၆ နာရီ ၄၀ မိနစ်ထိ ဆင်းရတာလို့ အလုပ်သမားကပြောပါတယ်။

ချိုးဖောက်မှုအနေနဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေချုပ်လုပ်နိုင်တာထက် အဆမတန် ပိုများတဲ့ စံချိန်ကို အတင်းအဓမ္မတောင်းခံချုပ်လုပ်ခိုင်းနေပြီး တစ်ရက်ထက် တစ်ရက် အထည်စံချိန်ပိုမိုတိုးတောင်းနေတာလို့ အလုပ်သမားကပြောပါတယ်။

"အထည်စံချိန်တွေကို မချုပ်နိုင်တဲ့ ပမဏအထိ တောင်းပါတယ် ပထမနေ့ အထည် ၃၀၀ အထိ တောင်းရင် နောက်နေ့ အထည် ၅၀၀ ဖြစ်သွားရော တောင်းတဲ့စံချိန်တွေမရဘူးဆိုရင် စူပါတွေက အော်ဟစ်ဆဲဆိုတာတွေလုပ်တယ် တစ်ကတ်ကြေး စက်ရုံဆိုတော့ အထည်ဖို့ ၁ သိန်းကျော်မှ ထောက်ပံ့ကြေး ၁၀၀၀ ကို လစာထဲထည့်ပေးတာပါ အထည်ကြေး ၁ သိန်းဖိုးပြည့်တဲ့အလုပ်သမားကျမှ ထောက်ပံ့ကြေး ၁၀၀၀ ရတာမဖြစ်သင့်ဘူး ပြီးတော့ လုပ်ငန်းခွင်ထဲမှာ နိုင်ငံခြားသား တိုက်ရိုက်အုပ်ချုပ်တာ ရှိတယ် ကိုယ်ထိလက်ရောက်ကျူးလွန်တာတွေလည်းရှိတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ ဥပဒေပါခွင့်ခံစားခွင့်တွေ မရရှိဘဲ ခွင့်ယူပါက ရက်မှန်ကြေးတွေ ဖြတ်တောက်ခံရပြီး အထည်စံချိန်မပြည့်တာ ပဲကျတာဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တနင်္ဂနွေနေ့တွေပါ အချိန်ပို အခမဲ့ ဆင်းပေးနေရတာလို့လည်းအလုပ်သမားကပြောဆိုပါတယ်။

"တော်တော်လေးကိုဆိုးပါတယ် အလုပ်သမားကရေသောက်ဖို့ ထသွားရင်တောင် နိုင်ငံခြားသား တရုတ်ဆရာတွေက ဓါတ်ပုံလိုက်ရိုက်တာပါ အပြစ်မရှိအပြစ်ရှာပြီးအလုပ်ထုတ်တာလည်း ရှိတယ် တခုခုဆို ဝမ်တိမ်လက်မှတ်အတင်းထိုးခိုင်းတာတွေလုပ်တယ် အလုပ်သမားတွေက အလုပ်လုပ်ရတာ စိတ်ဆင်းရဲနေရတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေရဲ့တောင်းဆိုချက်အနေနဲ့ လုပ်ငန်းခွင်အတွင်း စူပါများမှ အော်ဟစ်ဆဲဆိုခြင်းမပြရန် နိုင်ငံခြားသားများမှ တိုက်ရိုက်အုပ်ချုပ်ခြင်း မပြုလုပ်ရန် ထောက်ပံ့ကြေး ၁၀၀၀ ကျပ်အားတန်းတူပေးရန် အလုပ်သမားချုပ်လုပ်နိုင်တဲ့အထည်စံချိန်ကိုသာတောင်းခံရန် ဥပဒေပါ ခွင့်များယူပါက ရက်မှန်ကြေးမဖြတ်တောက်ရန် နှင့် ဂိတ်ပက်ယူပါက ရက်မှန်ကြေးမဖြတ်တောက်ရန် အချိန်ပိုခေါ်ပါက အလုပ်သမားသဘောဆန္ဒဖြင့်သာခေါ်ယူရန် အချိန်ပိုကြေးကို ဥပဒေအတိုင်း အပြည့်အဝပေးရန် နိုင်ငံခြားသားတရုတ်ဆရာများအား ဓါတ်ပုံရိုက်ခြင်းမပြုလုပ်ရန်နှင့် ကိုယ်ထိလက်ရောက် မပြုလုပ်ရန် အလုပ်သမားတွေကို အပြစ်မရှိဘဲ ဝမ်တိမ်ထိုးခိုင်းခြင်း အလုပ်ထုတ်ခြင်းများ မပြုလုပ်ရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမား တွေကပြောဆိုပါတယ်။

 


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026