NEWS

Handa 2 စက်ရုံ အလုပ်သမားများ တောင်းဆိုမှုပြုလုပ်၊ ဦးဆောင်သူ ၂၁ ဦးအား အလုပ်ထုတ် ထား

CoverLogo
228 Views
 
Handa 2 စက်ရုံမှာ အလုပ်သမားတွေ စုပေါင်းတောင်းဆိုမှု ပြုလုပ် နေတယ်လို့ သိရပါတယ်။ တောင်းဆိုမှုတွေက မတ်လ ၆ ရက်က စတင်ခဲ့တာဖြစ်ပြီး အလုပ်သမား တွေက အချက် ၁၀ ချက်ကို တောင်းဆိုထားတယ်လို့ သွေးစည်းညီညွတ်မှုဖြင့် မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM က ထုတ်ပြန်ထားပါတယ်။
 
အလုပ်သမားတွေက ဥပဒေပါခွင့်တွေ ပေးဖို့၊ အထည်ကြေးကို အထည်ထွက်နှုန်းအတိုင်းပေးဖို့၊ အထည်ကြေးတိုးပေးဖို့၊ ဒေးကြေး ၁၂,၀၀၀ ကျပ်နဲ့ အချိန်ပို ကြေး ၂,၅၀၀ ကျပ်အထိ တိုးပေးဖို့ ၊ ရက်မှန်ကြေး ၆၀,၀၀၀ ကျပ် တိုးပေးဖို့ ကိုယ်ဝန်ဆောင်တွေကို အလုပ်ဝန် လျော့ပေါ့ ညှာတာ ခိုင်းစေဖို့တွေအပါအဝင် အချက် ၁၀ ချက်ကိုတောင်းထားပါတယ်။
 
သောကြာနေ့ (မတ်လ ၆ ရက်)မှာ စက်လိုင်းဌာန (၃) ခုထဲက စက်လိုင်း (၂) က စတင် တောင်းဆိုခဲ့တာဖြစ်ပြီး စက်ရုံဘက်မှ ညှိနှိုင်းမပေးဘဲ တောင်းဆိုမှုကို ဦးဆောင်သည့် အလုပ်သမား ၂၁ ဦးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်မှာ အလုပ်ထုတ်တဲ့ အသိပေး ကြေညာထားတယ်လို့ သိရပါတယ်။
 
မတ်လ ၁၁ ရက်မှာ ခေါင်းဆောင် အလုပ်သမား ၂၁ ဦးကို စက်ရုံအတွင်း ပေးမဝင်ပေမဲ့ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားတောင်းဆိုမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (FGWM) ကထုတ်ပြန်ထားပါတယ်။
 
Handa 2 စက်ရုံက Handa Group စက်ရုံ (၄) ရုံထဲက တစ်ရုံဖြစ်ပြီး အလုပ်သမား ၃၀၀၀ ကျော် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။ MADE စီမံကိန်းအဖွဲ့ဝင် စက်ရုံဖြစ်ပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဦးရွှေဘင်လမ်းနှင့် ဦးမြူး လမ်း ထောင့်မှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026