NEWS

Handa အထည်ချုပ်စက်ရုံကအလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံနေရ

CoverLogo
460 Views

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ၊ ဦးရွှေဘင်လမ်းနှင့် ဦးမြူလမ်း ထောင့်မှာ ဖွင့်လှစ်ထားတဲ့ Handa အထည်ချုပ်စက်ရုံမှာ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက သိရပါတယ်။ 

 

စက်ရုံဟာ (BURTLE) အမှတ်တံဆိပ် ဖြစ်သော အင်္ကျီနှင့် ဘော်လီများ ကို အလုပ်သမားဦးရေ (၃၀၀၀) ဝန်းကျင်ဖြင့်ချုပ်လုပ်ကာ လုပ်ငန်းလည်ပတ်လျှက်ရှိတယ်လို့သိရပါတယ်။ 

 

WCC ဖွဲ့စည်းပေးထားခြင်းရှိသော်လည်း အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် ပြဿနာ

တွေနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးတာမျိုးမရှိဘဲ အလုပ်ရှင်ဘက်ကနေသာရပ်တည်ပြီး အလုပ်သမားတွေကို လက်မှတ်ထိုးခိုင်းတာပဲ

ရှိတယ်လို့ ပြောဆိုလာပါတယ်။  

 

"စက်ရုံဟာ ဥပဒေပါ ခွင့်တွေနဲ့ ပတ်သက်ပြီး hr ဌာနမှ အလုပ်သမားများအား ခွင့်များခံစားခွင့်ရှိသည်ဟု ကြေညာထားသော်လည်း အလုပ်သမားများက ခွင့်ယူမည်ဟုပြောသောအခါ စူပါ/အောစူပါများက ခံစားခွင့်မပေးဘဲ အချိန်ပို တစ်ရက်လျှင် ပုံမှန် (၄း၀၀) ခေါ်ပြီး စနေနေ့တွင် ညနေ ( ၈း၃၀)အထိ ဆင်းပေးရပြီး လစာ စာရွက်တွင်(၂း၀၀)စာသာ ထည့်ပေးပြီး ကျန်(၂) နာရီစာကို လက်ငင်းရှင်းပေးပြီး စာရင်းဖျောက်ထားခြင်းဖြစ်ကာ အလုပ်သမားဥပဒေထက်ကျော်ပြီး ခေါ်နေတာဖြစ်တယ်"လို့ အလုပ်သမားက ဆိုပါတယ်။ 

 

"ယခင်က အရေးကြီးလျှင် အောလင်း ခေါ်၍ လွန်ခဲ့သော တစ်လက စစ်ဆေးရေးဝင်စစ်ပြီးမှ မဆင်းရတော့လဲ အချိန်ပို ည (၈း၀၀) အထိသာခေါ်ကာ အထည်စံချိန်ကိုလဲ အလုပ်သမားများ မချုပ်လုပ်နိုင်သော စံချိန်ကိုတောင်းကာ အထည်စံချိန်မပြည့်သော အလုပ်သမားများကို တနင်္ဂနွေနေ့များတွင် အချိန်ပိုကြေးမပေးဘဲ အချိန်ပိုဆင်းပေးရခြင်း ရှိပြီး အချိန်ပိုမဆင်းသော အလုပ်သမားများကို လူအများရှေ့တွင် ရိုင်းစိုင်းစွာဆဲဆိုပြီး လူအများရှေ့တွင် အရှက်ခွဲလေ့ရှိကာ အဆောင်(၂) မှ စူပါ - ဒေါ်ဖြူဖြူနှင့် ဒေါ်ဝင်းသန္တာလှိုင်တို့ အဆိုးဆုံးဖြစ်တယ်"လို့ ပြောလာပါတယ်။ 

 

ကိုယ်ဝန်ဆောင်သည်များကိုလဲ အချိန်ပို ဆင်းခိုင်းပြီး စစ်ဆေးရေး လာသည့်အခါဆိုရင်တော့ ကိုယ်ဝန်ဆောင် များကို ဖွက်ထားလေ့ရှိတယ်လို့ အလုပ်သမားကပြော ဆိုပါတယ်။.

 

စက်ရုံမှ သောက်ရေကို ရေသန့်စက်ဖြင့် စီစဉ်ပေးထားသော်လည်း သောက်ရေသည် အမှုံပါခြင်း/ အနံ့နံနေခြင်းများရှိပြီး မသန့်ရှင်းခြင်း တစ်ခါတစ်ရံ ရေပြတ်လပ်မှုရှိသောကြောင့် ဘေစင်မှ ရေကိုသာ သောက်သုံးကြရ ခြင်း လူဦးရေများသောကြောင့် အိမ်သာများမှာ ညစ်ပတ်နေခြင်း၊ မိန်လာများပြည်နေ့ခြင်း ဂျက်မကောင်းခြင်း၊ အိမ်သာသုံးရေ မသန့်ခြင်း ညနေ (၃း၀၀) နောက်ပိုင်းတွင် အိမ်သာသုံးရေကို မပေးတော့သဖြင့် ညနေပိုင်းတွင် အနံ့အသတ်များဖြင့် ပို၍ ညစ်ပတ်နေပြီး မသန့်ရှင်းခြင်းရှိနေသည်ကို စက်ရုံဘက်မှ သိနေရဲ့သားနဲ့ ဘာမှလုပ်မပေးဘူးလို့ အလုပ်သမားတွေက ပြောလာပါတယ်။ 

 

အစိုးရမှ ဒေကြေးကို ထောက်ပံ့ကြေးဖြင့် ပေါင်းပြီး (၅၈၀၀) တိုးပေးရန် ကြေငြာထားသော်လည်း စက်ရုံဘက်ကတော့ အလုပ်သမားများအား မချုပ်လုပ်နိုင်သော စံချိန်များတောင်းဆိုကာ အိမ်သာသွားချိန်/ရေသောက်သွားချိန်မရှိအောင်ပင် ချုပ်ကြရပြီး စံချိန်ပြည့်သူများကိုသာ ဒေးကြေး (၅၈၀၀) ပေးပြီး စံချိန်မပြည့်သူများကို ဒေးကြေး လျော့ပေးတာတွေလဲရှိနေတယ်လို့ ပြောဆိုလာပါတယ်။

 

စူပါ/လီတာများကိုလဲ နိုင်ငံခြားသား တရုတ်ဆရာ/ဆရာမများက အလုပ်သမားများအား အထည်စံချိန် ထွက်စေရန် ဖိအားပေးခိုင်းစေရန် ပြောဆိုနေခြင်းရှိသဖြင့် အလုပ်သမားများအပေါ် စူပါ/ လီတာများက ပို၍ အော်ဟစ်ကြိမ်းမောင်းပြောဆို၍ ဖိအားပေး ခိုင်းစေလျှက်ရှိနေတယ်လို့ သိရပါတယ်။

 

"အောစူပါများက အပြင်မှာ တိုင်တဲ့ အသံကြားရင် အလုပ်ထုတ်ပြစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်း၊ ရက်သတ္တပတ်အလုပ်ပိတ်ရက်နှင့် အစိုးရရုံး ပိတ်ရက်များတွင် စံချိန်မပြည့်ဟုဆိုကာ အချိန်ပိုကြေးမပေးဘဲ ဖိအားပေး အလုပ်ဆင်းခိုင်းခြင်းများ ရှိနေသောကြောင့် စက်ရုံအတွင်းမှ အလုပ်သမားများသည် အလုပ်ပိတ်ရက်များတွင် မိမိတို့ ဘဝရှေ့ရေးအတွက် သင်တန်းတက်နေရသူများလဲ ရှိနေသဖြင့် စက်ရုံအနေဖြင့် အလုပ်သမားများ၏ ဘဝရှေ့ရေးကို ပိတ်ပင်တားဆီး ထားသလိုဖြစ်နေသည်"ဟု အလုပ်သမားများက ရင်ဖွင့်ပြောဆိုလာပါတယ်။  

 

လက်ရှိတွင် သင်္ကြန်ရက်စားဟု ဆိုကာ အလုပ်ပိတ်ရက်များကို အချိန်ပိုဆင်းနေရပြီး စနေနေ့ကိုပင် (၆း၀၀) ခေါ်နေခြင်းဖြစ်ကာ ထိုသို့ အချိန်ပိုခေါ်ရာတွင် အလုပ်သမားများ၏ သဘောဆန္ဒကိုမေးမြန်းခြင်းမရှိဘဲ ဖိအားပေး ဆင်းခိုင်းနေတယ်သိရပါတယ်။ 

 

"၁၁.၂.၂၀၂၄ ရက် တနင်္ဂနွေနေ့တွင် သင်္ကြန်ရက်စား ဆင်းနေရပြီး ထိုနေ့ကိုပင် ညနေ(၆း၀၀) အထိဆင်းရခြင်းရှိနေတယ်လို့ ဆိုပါတယ်။ အထက်ပါ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အလုပ်သမားဌာနမှ တာဝန်ရှိသူတွေနဲ့ အလုပ်ရှင်ဘက်က တာဝန်ရှိသူတွေက အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်ပြသာနာတွေကို ဖြေရှင်းပေးစေလိုတယ်လို့ အကူအညီတောင်းဆိုလာပါတယ်။


Related posts

Cover
လုပ်ငန်းခွင်အတွင်း အလုပ်ရှင်အလိုကျ WCC ဖွဲ့ရန် အလုပ်သမားတွေကို အတင်းအကျပ်လက်မှတ်ထိုးခိုင်း
Jul 26, 2024
Cover
အစိုးရဝန်ထမ်းနဲ့ အငြိမ်းစားတွေကို အပိုထောက်ပံ့ကြေးငွေ သုံးသောင်းကျပ်   ခံစားခွင့်ပြုမယ်လို စစ်ကောင်စီ ထုတ်ပြန်
Jul 26, 2024
Cover
တိုင်ဖွန်းမုန်တိုင်းကြောင့် MV FU SHUN အမည်ရှိသင်္ဘော နစ်မြုပ်ခဲ့လို့ ပျောက်ဆုံးနေတဲ့ မြန်မာ သင်္ဘောသား ၉ ဦးအနက် ၄ ဦးပြန်လည်တွေ့ရှိထား
Jul 26, 2024
Cover
အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့လုပ်ခ တစ်ဒေါ်လာ သာရရှိနေပြီး ပြည်ပ အလုပ်အကိုင်တွေကို ပိုမိုရွေးချယ်လာ
Jul 25, 2024
Cover
၂၀၂၀ မှာ အခြေခံလုပ်ခ ဒေါ်လာ ၁၆၀ ဝန်းကျင်ရှိပြီး၊ ၂၀၂၄ မှာ အခြေခံလုပ်ခလစာဒေါ်လာ ၄၀ ကျော်သာရရှိနေ
Jul 24, 2024
Cover
Feng Teng Garment အချိန်ပိုအလွန်အကျွံခေါ်ခိုင်းစေ၊ စံချိန်အများအပြားတောင်းခံနေဟုဆို
Jul 23, 2024
Cover
Sheng Mei Garment အများပြည်သူ ပိတ်ရက် နှစ်ရက်အပြင် အောနိုက် လုပ်ကိုင်ခိုင်း လုပ်ခ ဖြတ်မဲ့အစီအစဉ်အား အတင်းအကြပ် လက်မှတ်ထိုးခိုင်း
Jul 21, 2024
Cover
New Plus အထည်ချုပ် နေ့စဉ် ည ၈ နာရီအထိ လုပ်ကိုင်ခိုင်း၊ တနင်္ဂနွေနေ့ပါ အနားမရ၊ ဝန်ထမ်းတချို့ အလုပ်သမားများအား ဆဲဆို
Jul 19, 2024