NEWS

Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်

CoverLogo
493 Views
ညီမတို့က ပုသိမ် Haker sအထည်ချုပ်စက်ရုံကပါ ရှင့်။
စက်ရုံမှာ WCC သတ်တမ်း ၂ နှစ်ပည့်လို့ ဒီနေ့ ဒီဇင်ဘာ ၁၂ ရက်မှာ မှာ အဖွဲ့ဝင်တွေကို ပြန်လည် ရွေးကောက်ပွဲ လုပ်ပါတယ်။
 
မဲအများဆုံးရခဲ့တဲ့ အလုပ်သမားတွေ ရွေးချယ်မဲပေးထားတဲ့သူတွေကို စက်ရုံဘက်က WCC ဥက္ကဌနေရာမပေးခဲ့ပါဘူး ။ အဲလို နေရာပေးရမဲ့ အစာ စက်ရုံက သူတို့ဘာသာ ဖွဲ့စည်းထားပြီး တင်မြောက်ထားတဲ့ Union အဖွဲ့ထဲက တယောက်ကို ဝင်မပြိုင်ဘဲ WCCရဲ့ဥက္ကဌ ဆိုပြီး ခန့်ပါတယ်။
 
ဒါကို အလုပ်သမားတွေက မကျေနပ်ကြပါဘူး။
အနိုင်ကျင့်ပြီး မတရားလုပ်သလို ခံစားနေရပါတယ်ပေါ့။
 
WCC အဖွဲ့ရွေးချယ်တာကို စက်ရုံနဲ့ မန်နေဂျာ ရဲ့ ချယ်လှယ်မှုလို့ မြင်ပါတယ်။
ညီမတို့ အလုပ်သမားတွေအပေါ် မတရားသဖြင့် အခုလို ပြုမှုတာကို လုံးဝမကျေနပ်လို့ Myanmar Labour Newကိုတိုင်တာပါရှင့်။
 
ပြီးတော့ စက်ရုံကို လာစစ်ရင် အလုပ်သမားတွေက ရွေးချယ်တင်မြှောက်ထားပါတယ် ဆိုပြီး လက်တစ်လုံးခြား ပြောဦးမှာပါ။ 
ညီမ တိုစက်ရုံက အခု ချုပ်လုပ်နေတဲ့အထည်တွေ တော်တော်များများက အမေရိကန် အော်ဒါတွေပါရှင့်။ အထည်စံချိန်တွေလည်း မတရားတောင်းခံနေရသလို တချို့ဆို စူပါတွေနဲ့စကားများပြီးအလုပ်တွေထွက်ကြရပါတယ်။
 
စူပါ၊ လီတာတွေကလဲ အလုပ်သမားတွေအပေါ် ဘက်လိုက်မှုတွေနဲ့ အကျင့်ပျက်ချစားမှုတွေလည်း ရှိပါတယ် ။
ပြီးခဲ့ ၁၀လပိုင်းလောက်က ဆိုရင် စက်ရုံဖွဲ့ထားတဲ့ အလုပ်သမားဥက္ကဋ္ဌက Storeဌာနကနေ ပစ္စည်းတွေခိုးရောင်းတာ မိပါတယ်။
 
စူပါ၊လီတာတွေနဲ့ HRမန်နေဂျာတိုက ဝကာကွယ်ပေးကြတော့ နောက်ဆုံးဝမ်တိန်နဲ့ အလုပ်မထုတ်ခဲ့ပါဘူး။ တခြား တစ်ယောက်ကိုတော့ အလုပ်ထုတ်ခဲ့ပါတယ်။ ဘက်လိုက် ဆုံးဖြတ်ပါတယ်။ အဲ့လို မျက်နှာလိုက်မှုတွေ ရှိနေတာပါ။
 
အမှန်ဆိုရင် စက်ရုံပစ္စည်းတွေကို အလွဲသုံးစားလုပ်ပြီး ခိုးရောင်းစားတာကို EC စာချုပ်ပါအတိုင်း အရေးယူရမှာပါ ။ အခုတော့ တစ်ယာက်ကို အလုပ်ထုတ်ပြီး သူတိုရဲ့လက်ကိုင်တုတ် WCCနဲ့Union၂ခုရဲ့ ဥက္ကဋ္ဌ ကိုတော့ နောက်ဆုံးဝမ်တိန်နဲ့ ခေါ်ထားခဲ့ပါတယ်။
 
ဘက်လိုက်မှုများတဲ့ Hakers စက်ရုံလုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ အခုလို မမျှမတ ခံစားနေကြရတာပါ။ ညီမတို့က ဥပဒေအတိုင်း မျှမျှတတ ဖြစ်စေချင်တာပါ။ အကူအညီပေးဖို့ မျှော်လင့်ပါတယ်ရှင့်။
 
 
 
 
 

Related posts

Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026
Cover
Tha Shu Myanmar အထည်ချုပ် လုပ်ငန်းခွင် ထိခိုက်မှုအား တာဝန်မယူဘဲ ဆေးခွင့်ပါ မပေး
Aug 10, 2026
Cover
RAINBOWTEC အထည်ချုပ် အမျိုးသားအလုပ်သမားများအား သုံးလတကြိမ် အလုပ်ထုတ်
Aug 10, 2026
Cover
SINOPROUND စက်ရုံ အထည်စံချိန် တောင်းလို့ နားချိန်မရဘဲ ချုပ်ပေးရ
Aug 10, 2026