NEWS

GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ

CoverLogo
559 Views
 
GYSen (Myanmar) စက်ရုံက အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေ တနှစ်ပြည့်တဲ့အထိ လုပ်ငန်းခွင်ကို ပြန်လည်ဝင်နိုင်တာ မရှိဘူးလို့ သိရပါတယ်။ အလုပ်သမားတွေကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဧပြီ ၈ ရက် မှာ လုပ်သား အင်အားလျော့ချတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားအဖွဲအစည်း ဥက္ကဋ္ဌ အပါအဝင် အလုပ်သမား ၅၀ကို GYSEN စက်ရုံက အလုပ် ရပ်စဲခဲ့တာဖြစ်ပါတယ်။
“ ခွဲခြားဆက်ဆံတာ တနှစ်ပြည့်ခဲ့ပြီ။ သမဂ္ဂခေါင်းဆောင်တွေ ခုထိ လုပ်ငန်းခွင် ပြန်ဝင်ခွင့်မရသေးပါဘူး။ တခြား စက်ရုံတွေကို တရားစွဲဖို စာထုတ်ပေးပေမဲ့၊ GYSEN ကတော့အောင်ပွဲခံနေဆဲပါဘဲ။ ဝန်ကြီးဌာနကို တင်ထားပါ တယ်ဆိုတဲ့ အဖွဲစုံ စစ်ဆေးချက်ကလည်း ဝန်ကြီးအပြောင်းအလဲမှာ အသံတိတ် သွားခဲ့ပါပြီ” လို့ အလုပ်သမားတွေ ကို ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က လူမှုကွန်ရက် စာမျက်နှာ ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။
GYSEN ပိုင်ရှင်ရဲ့ အဖွဲအစည်း ဖြိုခွဲမှုနဲ့ အရေးယူပေးဖို့ အလုပ်သမားတွေက တိုင်ကြားခဲ့ရာမှာ တိုင်းရုံးမှာ စေ့စပ်ဖြေရှင်းမှု ၂ ကြိမ်ပြုလုပ်ခဲ့ပေမဲ့ တနှစ်အကြာ လက်ရှိအချိန်ထိ အလုပ်ရှင်ကအလုပ်သမားတွေကို လုပ်ငန်းခွင်ကို ပြန်လည်ဝင်ခွင့် မပြုတာ ဖြစ်ပါတယ်။ တခြား စက်ရုံလုပ်ငန်းရှင်တွေကို တရားစွဲဆိုဖို့ အလုပ်သမားရုံးတွေက စာထုတ်ပေးပေမဲ့ GYSEN ပိုင်ရှင်ကိုတော့ တရားဆွဲဆိုဖို့ စာ ထုတ်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
စက်ရုံပိုင်ရှင်က တရုတ်နိုင်ငံသားဖြစ်ပြီး ရွှေပြည်သာဝါးတရာ စက်မှူဇုန်မှာ အထည်ချုပ် စက်ရုံ ၃ ရုံ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ GYSEN အထည်ချုပ်စက်ရုံဟာ ဝါးတရာလမ်း၊ဝါးတရာ စက်မှုဇုန်မှာ ၂၀၁၉ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ စက်ရုံ အလုပ်သမား ၈၀၀ ဝန်းကျင်က KAKAO FRIENDS ,TERRANOVA, CALLIOPE, Procera အမှတ်တံဆိပ် တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026
Cover
ကိုယ်ဝန်ဆောင် အလုပ်သမားအား Guotai Huasheng Glory Fashion လိုင်းစူပါက ကိုယ်ဝန်ဖျက်ချ ခိုင်း
Jan 16, 2026
Cover
Denko Petrochemical Management ကုမ္ပဏီ ခွင့်မပေးဘဲ ဥပဒေ ချိုးဖောက်
Jan 15, 2026
Cover
Chi Mei အထည်ချုပ် QR မန်နေဂျာ မှာ အတင်းအကျပ် အချိန်ပိုဆင်းခိုင်း
Jan 15, 2026
Cover
"မတရားသဖြင့် အလုပ်ထုတ်ခံရမှုအပေါ် မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိရေး ရင်ဖွင့်တိုင်ကြားစာ"
Jan 14, 2026
Cover
Grand Forest အထည်ချုပ် လုပ်သားများ တောင်းဆိုမှု ၆၀ ရာခိုင်နှုန်းဝန်းကျင်သာ ပြည့်ဝ ဟုဆို
Jan 14, 2026