NEWS

GYSen Myanmar အထည်ချုပ်စက်ရုံသမဂ္ဂအဖွဲ့ဝင်တွေကို အလုပ်ထုတ်

CoverLogo
820 Views
အမှတ် (-)ဝါးတရာစက်မှုဇုန်၊ ရွှေပြည်သာမှာ လုပ်သားအင်အား ၇၀၀ ကျော်နဲ့ လွန်ခဲ့သော ၄ နှစ်ခန့်မှစတင်ဖွင့်လှစ်ခဲ့တဲ့ GYSen Myanmar အထည်ချုပ်မှာ စက်ရုံရှိ တရားဝင်ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂအဖွဲ့ဝင်နဲ့ ခေါင်းဆောင်တွေကို လျော်ကြေးပေးအလုပ်ထုတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
၂၀၂၄၊ ဧပြီလ ၁၀ ရက်နေ့တွင် button ဌာနနှင့် Iron ဌာနရှိဝန်ထမ်းများအား လုပ်သား လျှော့ချသည်ဟု အကြောင်းပြကာ တရား၀င်ဖွဲ့စည်းထားတဲ့သမဂ္ဂ ခါင်းဆောင်များအပါအဝင် အလုပ်သမား ၅၀ ကို အလုပ်မှထုတ်ခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့ တွင် Packing ဌာနမှာ နေ့စားဝန်ထမ်းများ ခေါ်ယူ ခိုင်းစေပြီး Button Section တွင်အလုပ်လုပ်စေခဲ့သလို မေ ၉ ရက်နေ့မှာလည်း နေ့စားဝန်ထမ်းးများခေါ်ယူပြီး Iron ဌာနတွင်လည်းကောင်း မေလ ၁၃ ရက်နေ့တွင် စက်ရုံဘက်မှ Line helper များ ခေါ်ယူပြီး Iron နေ့စားဝန်ထမ်းများအဖြစ်ခေါ်ယူပြီး လုပ်ငန်းလည်ပတ်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
အထက်ပါ အထောက်အထားများအရ လုပ်ငန်းရှင်သည် အမှန်တကယ် အော်ဒါမရှိခြင်းကြောင့် လုပ်သားအင်အား လျော့ချခြင်းမဟုတ်ဘဲ စက်ရုံရှိ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များကိုအလုပ်မှ ထုတ်ပယ်ရန်အတွက် ဟန်ပြ အလုပ်ထုတ်ခဲ့ခြင်းသာဖြစ်လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားတွေက အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာနသို့ တိုင်ကြားခဲ့ပေမဲ့ အရေးယူဆောင်ရွက်ခြင်းမရှိဘူးလို့ သိရပါတယ်။
 
အဲ့ဒီနောက် စက်ရုံတွင်းထပ်မံပြီး တရား၀င်ဖွဲ့စည်းထားတဲ့အလုပ်သမားသမဂ္ဂအဖွဲ့၀င်အဖြစ် ၉ ဦးကိုဆက်လက်ရွေးချယ်ခဲ့ရာ ၎င်းတို့၉ဦးကိုလည်းဆက်လက်ပြီး အလုပ်မှထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။
 
"သူကသမဂ္ဂကိုဖြိုထားတာလေ။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အလုပ်သမား ၆၀ ကျော်ကိုဖြုတ်ပစ်လိုက်တယ်။ လျော်ကြေးမယူဘဲကျန်နေခဲ့တဲ့ အီးစီတွေထဲမှာ other line ကနေ ကျန်နေခဲ့တဲ့သူတွေကနေ သမဂ္ဂကိုအသစ်ပြန်တင်ထားတာပေါ့နော်။ အဲ့ဒီကျန်နေခဲ့တဲ့အလုပ်သမားတွေကို ဟိုရက်ကအလုပ်ရှင်ကနေ လျော်ကြေးပေးလိုက်တယ်လို့ကြားတယ်။ ၉ ယောက်ကျန်နေခဲ့တယ်။ အဲ့ဒီ၉ယောက်ကိုလုပ်ငန်းရှင်က လျော်ကြေးပေးထုတ်လိုက်တယ်လို့ကြားတယ်။ ကျန်နေခဲ့တဲ့ EC အသစ်ပေါ့နော် ယောက်ျားလေး၇ယောက် မိန်းကလေးနှစ်ယောက် ၉ ယောက်လို့ကြားတယ်"လို့ အဆိုပါအလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကဆိုပါတယ်။
 
အဆိုပါအလုပ်ထုတ်မှုဟာ တရား၀င်ဖွဲ့စည်းထားတဲ့ သမဂ္ဂအဖွဲ့ကိုဖြိုခွဲခြင်းဖြစ်လို့ အလုပ်ရှင်ကိုတာ၀န်ရှိသူများကအရေးယူဆောင်ရွက်နိုင်ရန် GYSen အထည်ချုပ် စက်ရုံ က အလုပ်သမားအဖွဲ့အစည်းဥပဒေ ပုဒ်မ ၄၄(ဃ)နဲ့ ပုဒ်မ ၅၀(က) ကို ဖောက်ဖျက်တဲ့အတွက် လုပ်ငန်းရှင် ကို တရားစွဲဖို့ မှတ်ပုံတင်အရာရှိချုပ်ဆီကို လွန်ခဲ့တဲ့၂-လ နီးပါးက စာတင်ခဲ့ပေမဲ့ အရေးယူခြင်းမရှိဘဲ အလုပ်ရှင်နဲ့အလုပ်သမားကြားစေ့စပ်ညှိနှိုင်းကာလျော်ကြေငွေဖြင့် ညှိနှိုင်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
"လုပ်ငန်းရှင်က လျော်ကြေးပေးပြီးထုတ်လိုက်တာကို လက်ခံရတယ်ဆိုတာကတော့ သိပ်တော့အဆင်မပြေဘူး။ လုပ်ငန်းရှင်ကပိုက်ဆံပေးတိုင်းထွက်သွားရိုးဆိုရင် သမဂ္ဂလည်းလုပ်မနေနဲ့တော့ပေါ့။ ခုလိုဆိုတော့ ဒေါသထွက်ရတယ်။ လိုင်းထဲမှာ ၉ ယောက်တစ်ဖွဲ့ကျန်နေခဲ့တာ။ ပထမလုပ်ဖြုတ်တာအကုန်ပါသွားတယ်။ ခုအသစ်ဖွဲ့ထားတဲ့ EC ၉ယောက်မှာလည်း ဘယ်ချိန်ကလျော်ကြေးပေးထုတ်လိုက်တယ်မသိဘူး"လို့ အလုပ်သမားရေးဆောင်ရွက်ပေးသူကဆိုပါတယ်။
 
အလုပ်ရှင်အနေနဲ့ ဥပေဒကို ကျော်သောလျော်ကြေးငွေ များပေးကာအလုပ်ထုတ်မှုများကို STUM ကိုင်စွဲထားသောမူအရ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ ဆိုပါတယ်။
 
အလုပ်သမားများအနေဖြင့် အလုပ်ထုတ်နစ်နာကြေး များ ရယူလိုသောဆန္ဒ အဂတိဖြင့် လုပ်ငန်းခွင် အတွင်းပြဿနာဖန်တီးကာ အလုပ်ထုတ်နစ်နာကြေးများ ကို အလုပ်ရှင်ထံမှ နစ်နာကြေးယူသွားသော (၉)ဦးနှင့် ရွှမ်းမိန်ဇာစိမ် စက်ရုံ မှ တဦးတို့အားလုပ်ငန်းရှင်အား လျော်ကြေးရယူလိုသောဆန္ဒဖြင့် တောင်းဆိုမှုများ ဆက်တိုက်ပြုလုပ်ခဲ့မှုအပေါ်ပြင်းထန်စွာရှုံ့ချတယ်လို့လည်း STUM ကဆိုထားပါတယ်။
 
သမဂ္ဂ ဖြိုခွဲခြင်းဟာ ILO Convation 87 အရ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ကို ချိုးဖောက်တာဖြစ်သလို တည်ဆဲဥပဒေ အရ အရေးယူရန်ပျက်ကွက်မှုများ စက်ရုံရှိအလုပ်သမားသမဂ္ဂကို ပြိုကွဲစေရန် သမဂ္ဂအဖွဲ့ဝင်များကို အလုပ်မှထုတ်ပယ်လိုက်သော်လည်း အလုပ်ရှင်က အလုပ်သမားဥပဒေကိုချိုးဖောက်ပြီး အရေးယူခံရခြင်း မရှိသည့် ယင်း အထည်ချုပ်စက်ရုံအပေါ် ကန့်ကွက်ရှုံ့ချခြင်းနဲ့အတူမှတ်တမ်းတင်ထားတယ်လို့ သိရပါတယ်။

Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026