NEWS

GYSEN (Myanmar) စက်ရုံ အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့် EC စာချုပ် ချိုးဖောက်

CoverLogo
548 Views
 
GYSEN (Myanmar) Apparel Co.,Ltd အထည်ချုပ် စက်ရုံ တာဝန်ရှိသူတွေက အလုပ်သမားတွေအပေါ် အလုပ်သမား အဖွဲ့အစည်းဥပဒေ အပါအဝင် ECစာချုပ်ကို ချိုးဖောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံ Finishing ဌာန တာဝန်ခံနှင့် Iron လီတာ ဆိုသူက Gysen အထည်ချုပ် အခြေခံ အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင် အလုပ်သမားတွေကို ကြိမ်းမောင်းပြောဆို ခွဲခြားဆက်ဆံတာနဲ့ စောင့်ကြည့်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားအဖွဲ့အစည်း ဥပေဒ အခန်း-၇၊ ပုဒ်မ-၂၉၊ အခန်း-၁၂၊ ပုဒ်မ- ၄၉၊ တို့ကို ချိုးဖောက်သသို့ EC စာချုပ် ပါ ပုဒ်မ-၁၇၊ (၁,၃,) ၊ နောက်ဆက်တွဲ(က)၊ ၁၂၊၁၄ တို့ကို ချိုးဖောက်ရာ ရောက်တယ်လို့ STUM အဖွဲ့က ပြောဆို ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၁၇ရက်က လီတာ(ခေါင်းဆောင်) ဆိုသူက မီးပူတိုက်သည့် ကိစ္စအဆင်မပြေဟုဆိုကာ အလုပ် နေရာသို့ လာရောက်ကြိမ်းမောင်း ရန်ရှာခဲ့ပြီး ဌာနရွှေ့ပြောင်းခိုင်းစေတာတွေလုပ်ခဲ့သလို မီးပူတိုက်ဌာနက အလုပ်သမားတွေကို မီတင်ပြုလုပ်ပြီး ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြောဆိုကြိမ်းမောင်းခဲ့တယ်လို့ သိရပါတယ်။
“ဌာနအတွက် မကောင်းတဲ့လူဆိုရင် မကောင်းသလို ဖြတ်မယ်ထုတ်မယ်၊ သူ့ဘဝမှာ ကြောက်တယ်ဆိုတာ မရှိဘူး၊ သူမှန်ရင် ဘယ်ကောင်မှ ေ-ာက် ဂရုမစိုက်ဘူး၊ မိဘကိုတောင် ဂရုမစိုက်ဘူးဆိုပြီး ပြောဆိုကြိမ်းခဲ့တယ်” လို့ အလုပ်သမား တစ်ဦးက ပြောပါတယ်။
အဲဒီနောက် အလုပ်သမားတွေကို ဌာနတာဝန်ခံက ရုံးခန်းအတွင်းခေါ်ယူပြီး ဝမ်တိန်ပေးကြောင်း ပြောဆိုခဲ့ပေမဲ့ လီတာဆိုသူကိုတော့ တစ်စုံတစ်ရာ ပြောဆိုတာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ QA အခန်းကထွက်လာတဲ့ အလုပ်သမားတွေကို လီတာဆိုသူက ထပ်မံရန်ရှာခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာတော့ လုပ်ငန်းလိုအပ်ချက်ဆိုပြီး အလုပ်နေရာ ပြောင်းခိုင်းခဲ့တယ်လို့ သိရပါတယ်။
GYSEN (Myanmar) Apparel တာဝန်ရှိသူတွေကစက်ရုံအတွင်း ဖွဲ့စည်းထားတဲ့ အခြေခံအလုပ်သမား အဖွဲ့အစည်းကို စောင့်ကြည့်တာ၊ ခွဲခြားဆက်ဆံတာတွေက ပြီးကတဲ့ ၂၀၂၄ ခုနှစ်ကတည်းက ဖြစ်ပြီး အခြေခံ အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်တချို့နဲ့ အလုပ်သမားတချို့ကို အလုပ်က ထုတ်ပယ်ခဲ့တာကို သိထား ပါတယ်။
GYSEN (Myanmar) Apparel က ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ ဝါးတရာလမ်းမှာ ရှိပြီး လက်ရှိ စက်ရုံမှာ လုပ်သား ၇၀၀ ဝန်းကျင်နဲ့ Velilla တံဆိပ်ပါ အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026