NEWS

GYSEN Myanmar Apparel အထည်ချုပ် သမဂ္ဂအဖွဲ့ဝင် ၅၀ ကျော်ကို အလုပ်ထုတ်

CoverLogo
766 Views

ရွှေပြည်သာမြို့နယ်မှာ ဝါးတရာစက်မှုဇုန်ရှိ GYSEN  Myanmar Apparel အထည်ချုပ်စက်ရုံက အလုပ်ရှင်ဟာ  အလုပ်သမားလျှော့ချသည်ဟုဆိုကာ အလုပ်သမားသမဂ္ဂအဖွဲ့၀င်အလုပ်သမား ၅၀ ဦးကို  အလုပ်မှထုတ်ပယ်ခဲ့ပြီး  နေ့စားအလုပ်သမားခေါ်ယူခိုင်းစေနေတယ်လို့ သိရပါတယ်။ 

အဆိုပါ အထည်ချုပ်စက်ရုံဟာ  အလုပ်သမားအင်အား ၇၀၀ ကျော် ဖြင့် လွန်ခဲ့သော ၄ နှစ်ခန့်မှစတင်ဖွင့်လှစ်လုပ်ငန်းလည်ပတ်ခဲ့တာ ဖြစ်ပြီး  လုပ်ငန်းရှင်ဟာ  စက်ရုံရှိ တရားဝင်ဖွဲ့စည်းထားတဲ့  အလုပ်သမား သမဂ္ဂအဖွဲ့ဝင် လုပ်သားများအား လုပ်သားလျော့ချသည်ဟု အ ကြောင်းပြကာ ဧပြီလ ၁၀ ရက်နေ့တွင် button ဌာနနှင့် Iron ဌာနရှိ
သမဂ္ဂခေါင်းဆောင်များအပါအဝင်အလုပ်သမား ၅၀ဦးကို အလုပ်မှထုတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လုပ်သားအင်အားလျှော့ချတယ်လို့ အကြောင်းပြကာ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေအပါ အလုပ်သမား ၅၀ ကို အလုပ်ထုတ်ခဲ့ပေမဲ့ နေ့စားအလုပ်သမားတွေခေါ်ယူခိုင်းစေနေတာတွေရှိနေတယ်လို့ သိရပါတယ်။
  
မေလ၂၁ ရက်နေ့မှာ  ယခင်အလုပ်မှလျော်ကြေးပေး အလုပ်ထုတ်ခဲ့သော Iron Leader အား Packing Leader အဖြစ်ပြန်လည်ခေါ်ယူပြီး Iron ဌာန တွင် အလုပ် ပြန်လည်လုပ်ခိုင်းခဲ့တာဖြစ်လို့ ၀န်ထမ်းများပြန်လည်ခေါ်ယူခန့်အပ်နေတဲ့အထောက်အထားများအရ လုပ်ငန်းရှင်ဟာ  အမှန်တကယ် အော်ဒါမရှိလို့ လုပ်သားအင်အားလျော့ချခြင်းမဟုတ်ဘဲ စက်ရုံရှိ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်များကိုအလုပ်မှ ထုတ်ပါယ်ရန်အတွက် ဟန်ပြ အလုပ်ထုတ်ခဲ့ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။  

အဲဒီလိုမျိုး အလုပ်သမားသမဂ္ဂခေါင်းဆေင်များကို  အလုပ်မှထုတ်ပယ်ခဲ့တာကြောင့်  အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာန သို့ လုပ်ငန်းရှင်အားအရေးယူပေးပါရန်တိုင်ကြားခဲ့သော်လည်း ယခုထိ အရေးယူဆောင်ရွက်ခြင်းမရှိဘူးလို့လည်း STUM ထံမှသိရပါတယ်။ 

ဒါ့အပြင်ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကုန်ပိုင်းက GYSen2 အထည်ချုပ်စက်ရုံ အော်ဒါနည်းလာတာကြောင့်ဆိုပြီး  အလုပ်သမားတွေကို နို့တစ်ကြေးနဲ့လျော်ကြေးပေးကာ စက်ရံပြန်ဖွင့်မယ်ဆိုပါက အလုပ်သမားဟောင်းတွေကို ဦးစားပေးခေါ်ယူမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ စက်ရုံရုတ်တရက်ပိတ်ခဲ့ပြီး အလုပ်သမား တွေ အလုပ်လက်မဲ့ဖြစ်ပွားခဲ့ပါတယ်။

 


Related posts

Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025
Cover
Myanto Garment လစာအတွက် ဘဏ်ကတ် အတင်းအကျပ် လုပ်ခိုင်း
Dec 18, 2025
Cover
Saifeom International Garment Myanmar အထည်ချုပ်စက်ရုံ ပိတ်ရက်မရှိ လုပ်ကိုင်ခိုင်း
Dec 18, 2025
Cover
Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ
Dec 16, 2025
Cover
Win Land Co,.Ltdစက်ရုံ မန်နေဂျာမှာ အလုပ်သမားများအား ရိုင်းစိုင်းစွာ ဆဲဆို
Dec 16, 2025
Cover
အလုပ်သမားဝန်ကြီး လာရောက်ပြီးနောက် အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံမည့် အရေး ရင်ဆိုင်နေရ
Dec 15, 2025