NEWS

GYSEN (Myanmar) အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိ

CoverLogo
752 Views
 
GYSen (Myanmar) စက်ရုံက အလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားတွေ တနှစ်ပြည့်တဲ့အထိ လုပ်ငန်းခွင်ကို ပြန်လည်ဝင်နိုင်တာ မရှိဘူးလို့ သိရပါတယ်။ အလုပ်သမားတွေကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဧပြီ ၈ ရက် မှာ လုပ်သား အင်အားလျော့ချတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်သမားအဖွဲအစည်း ဥက္ကဋ္ဌ အပါအဝင် အလုပ်သမား ၅၀ကို GYSEN စက်ရုံက အလုပ် ရပ်စဲခဲ့တာဖြစ်ပါတယ်။
“ ခွဲခြားဆက်ဆံတာ တနှစ်ပြည့်ခဲ့ပြီ။ သမဂ္ဂခေါင်းဆောင်တွေ ခုထိ လုပ်ငန်းခွင် ပြန်ဝင်ခွင့်မရသေးပါဘူး။ တခြား စက်ရုံတွေကို တရားစွဲဖို စာထုတ်ပေးပေမဲ့၊ GYSEN ကတော့အောင်ပွဲခံနေဆဲပါဘဲ။ ဝန်ကြီးဌာနကို တင်ထားပါ တယ်ဆိုတဲ့ အဖွဲစုံ စစ်ဆေးချက်ကလည်း ဝန်ကြီးအပြောင်းအလဲမှာ အသံတိတ် သွားခဲ့ပါပြီ” လို့ အလုပ်သမားတွေ ကို ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် STUM က လူမှုကွန်ရက် စာမျက်နှာ ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။
GYSEN ပိုင်ရှင်ရဲ့ အဖွဲအစည်း ဖြိုခွဲမှုနဲ့ အရေးယူပေးဖို့ အလုပ်သမားတွေက တိုင်ကြားခဲ့ရာမှာ တိုင်းရုံးမှာ စေ့စပ်ဖြေရှင်းမှု ၂ ကြိမ်ပြုလုပ်ခဲ့ပေမဲ့ တနှစ်အကြာ လက်ရှိအချိန်ထိ အလုပ်ရှင်ကအလုပ်သမားတွေကို လုပ်ငန်းခွင်ကို ပြန်လည်ဝင်ခွင့် မပြုတာ ဖြစ်ပါတယ်။ တခြား စက်ရုံလုပ်ငန်းရှင်တွေကို တရားစွဲဆိုဖို့ အလုပ်သမားရုံးတွေက စာထုတ်ပေးပေမဲ့ GYSEN ပိုင်ရှင်ကိုတော့ တရားဆွဲဆိုဖို့ စာ ထုတ်ပေးတာ မရှိခဲ့ဘူးလို့ သိရပါတယ်။
စက်ရုံပိုင်ရှင်က တရုတ်နိုင်ငံသားဖြစ်ပြီး ရွှေပြည်သာဝါးတရာ စက်မှူဇုန်မှာ အထည်ချုပ် စက်ရုံ ၃ ရုံ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ GYSEN အထည်ချုပ်စက်ရုံဟာ ဝါးတရာလမ်း၊ဝါးတရာ စက်မှုဇုန်မှာ ၂၀၁၉ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ စက်ရုံ အလုပ်သမား ၈၀၀ ဝန်းကျင်က KAKAO FRIENDS ,TERRANOVA, CALLIOPE, Procera အမှတ်တံဆိပ် တွေ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026