NEWS

GYSEN (Myanmar) စက်ရုံ အလုပ်သမားအဖွဲ့အစည်း ဥပဒေနှင့် EC စာချုပ် ချိုးဖောက်

CoverLogo
409 Views
 
GYSEN (Myanmar) Apparel Co.,Ltd အထည်ချုပ် စက်ရုံ တာဝန်ရှိသူတွေက အလုပ်သမားတွေအပေါ် အလုပ်သမား အဖွဲ့အစည်းဥပဒေ အပါအဝင် ECစာချုပ်ကို ချိုးဖောက်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
စက်ရုံ Finishing ဌာန တာဝန်ခံနှင့် Iron လီတာ ဆိုသူက Gysen အထည်ချုပ် အခြေခံ အလုပ်သမားအဖွဲ့အစည်း အဖွဲ့ဝင် အလုပ်သမားတွေကို ကြိမ်းမောင်းပြောဆို ခွဲခြားဆက်ဆံတာနဲ့ စောင့်ကြည့်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အလုပ်သမားအဖွဲ့အစည်း ဥပေဒ အခန်း-၇၊ ပုဒ်မ-၂၉၊ အခန်း-၁၂၊ ပုဒ်မ- ၄၉၊ တို့ကို ချိုးဖောက်သသို့ EC စာချုပ် ပါ ပုဒ်မ-၁၇၊ (၁,၃,) ၊ နောက်ဆက်တွဲ(က)၊ ၁၂၊၁၄ တို့ကို ချိုးဖောက်ရာ ရောက်တယ်လို့ STUM အဖွဲ့က ပြောဆို ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီ ၁၇ရက်က လီတာ(ခေါင်းဆောင်) ဆိုသူက မီးပူတိုက်သည့် ကိစ္စအဆင်မပြေဟုဆိုကာ အလုပ် နေရာသို့ လာရောက်ကြိမ်းမောင်း ရန်ရှာခဲ့ပြီး ဌာနရွှေ့ပြောင်းခိုင်းစေတာတွေလုပ်ခဲ့သလို မီးပူတိုက်ဌာနက အလုပ်သမားတွေကို မီတင်ပြုလုပ်ပြီး ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ ပြောဆိုကြိမ်းမောင်းခဲ့တယ်လို့ သိရပါတယ်။
“ဌာနအတွက် မကောင်းတဲ့လူဆိုရင် မကောင်းသလို ဖြတ်မယ်ထုတ်မယ်၊ သူ့ဘဝမှာ ကြောက်တယ်ဆိုတာ မရှိဘူး၊ သူမှန်ရင် ဘယ်ကောင်မှ ေ-ာက် ဂရုမစိုက်ဘူး၊ မိဘကိုတောင် ဂရုမစိုက်ဘူးဆိုပြီး ပြောဆိုကြိမ်းခဲ့တယ်” လို့ အလုပ်သမား တစ်ဦးက ပြောပါတယ်။
အဲဒီနောက် အလုပ်သမားတွေကို ဌာနတာဝန်ခံက ရုံးခန်းအတွင်းခေါ်ယူပြီး ဝမ်တိန်ပေးကြောင်း ပြောဆိုခဲ့ပေမဲ့ လီတာဆိုသူကိုတော့ တစ်စုံတစ်ရာ ပြောဆိုတာ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ QA အခန်းကထွက်လာတဲ့ အလုပ်သမားတွေကို လီတာဆိုသူက ထပ်မံရန်ရှာခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက်မှာတော့ လုပ်ငန်းလိုအပ်ချက်ဆိုပြီး အလုပ်နေရာ ပြောင်းခိုင်းခဲ့တယ်လို့ သိရပါတယ်။
GYSEN (Myanmar) Apparel တာဝန်ရှိသူတွေကစက်ရုံအတွင်း ဖွဲ့စည်းထားတဲ့ အခြေခံအလုပ်သမား အဖွဲ့အစည်းကို စောင့်ကြည့်တာ၊ ခွဲခြားဆက်ဆံတာတွေက ပြီးကတဲ့ ၂၀၂၄ ခုနှစ်ကတည်းက ဖြစ်ပြီး အခြေခံ အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်တချို့နဲ့ အလုပ်သမားတချို့ကို အလုပ်က ထုတ်ပယ်ခဲ့တာကို သိထား ပါတယ်။
GYSEN (Myanmar) Apparel က ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်၊ ဝါးတရာလမ်းမှာ ရှိပြီး လက်ရှိ စက်ရုံမှာ လုပ်သား ၇၀၀ ဝန်းကျင်နဲ့ Velilla တံဆိပ်ပါ အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်
Jan 27, 2026
Cover
Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း
Jan 27, 2026
Cover
တရုတ်နှစ်သစ်ကူးမတိုင်မီ “၀"ဒေသရှိ အလုပ်သမားများ၏ လုပ်ခလစာ ကို အကုန်ရှင်းပေးရမည်ဟု WSP ထုတ်ပြန်
Jan 27, 2026
Cover
Eternal Fashion အထည်ချုပ် စက်ရုံ အလုပ်နေရာ ပြောင်းရွှေ့ပြီး လုပ်ခ လုပ်စာ ခွဲခြားပေး ၊ ဖိနှိပ်
Jan 27, 2026
Cover
Sunrise Myanmar Fashion အထည်ချုပ် စက်ရုံ ညနက် အချိန်ပို အပြင် တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း
Jan 27, 2026
Cover
Tai Hong အထည်ချုပ် EC စာချုပ် ဖောက်ဖျက်ပြီး သတိပေးလက်မှတ်ထိုးခိုင်း
Jan 27, 2026
Cover
Tianjin fashion Milestone အထည်ချုပ် အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်ပေမဲ့ ပြေလည်မှုမရ
Jan 24, 2026
Cover
Innovation Food Co.,Ltd ကုန်ကြမ်းမရှိသည့် ပိတ်ရက်အတွက် အစားထိုး အလုပ်ဆင်းခိုင်း
Jan 22, 2026