NEWS

GY Sen စက်ရုံ ကထိန်အလှူအတွက် အချိန်ပို   ၂ နာရီ လုပ်ခ ဖြတ်

CoverLogo
535 Views

GY Sen စက်ရုံက အလုပ်ချိန်အတွင်း ကတိန်အလှူလုပ်ပြီး အဲ့ဒီအချိန်အတွက် အိုတီ ၂ နာရီအတွက် လုပ်ခလစ ဖြတ်မယ်ဆိုပြီး ပြောဆိုမှုရှိ နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


ဒါ့အပြင် အချိန်ပို ညနက်ထိ ဆက်တိုက်လုပ်ကိုခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


“အခုဆို စနေနေ့ (၁.၁၁.၂၀၂၅) ရက်က အလုပ်ဆင်းရက်။ အဲ့ဒါ ကထိန်ခင်းတာကို အလုပ်ချိန်ထဲက ယူပြီး ကထိန်ခင်းတယ် ။ နောက်တပတ် စနေနေ့ အိုတီ ထဲက ၂နာရီ ပြန်ပေးရမယ် ဆိုပြီး ပြောတယ် ။ မနက်ပိုင်း အလုပ်ချိန်ပြီးမှ ကထိန်ခင်းဖို့ ပြောတော့လည်း လက်မခံဘူး။” လို့ ပြောပါတယ်။ 


လုပ်ငန်းခွင်အတွင်း ကထိန်အတွက် နေ့စဥ် အလှူခံနေတာဖြစ်တဲ့အပြင် ကထိန်အတွက် အလုပ်သမားတစ်ဦး ကို ကျပ် ၃၀၀၀ သတ်မှတ်ပြီး အိုတီ ကြေးထဲက ဖြတ်တောက် ထားတယ်လိုလည်း ပြောပါတယ်။ 


ညနက် ၁၀နာရီ အထိ ဆက်တိုက် အချိန်ပိုတွေလုပ်ကိုင်နေရပြီး အလုပ်သမား ဦးစီး မှူးတွေကို တိုင်ကြား ပေမဲ့ ထူးခြားမှု မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ 
"တပတ်လောက် ရှိနေပြီ ည ၁၀နာရီ ထိခေါ်နေတာ။  နေ့တိုင်း ဆင်းရတယ် ။ မဆင်းချင် လည်းမရဘူး ။ မဆင်းချင် ဘူးလို ပြောခွင့်လဲမရှိဘူး။  ဦးစီးမှူးတွေကိုတိုင်ကြားတော့လည်း လာမစစ်ဘူး။ တိုင်လို့ ဆိုပြီး မန်နေဂျာ က ရွဲ့ပြီး အိုတီ ကိုပိုခေါ်တယ်။” လို့ ပြောပါတယ်။ 


နေ့စားအလုပ်သမားတွေကို  လအတော်ကြာလုပ်ကိုင်းပေမဲ့ လခစား ပြောင်းပေးတာ မရှိဘဲ ခွဲခြား ဆက်ဆံ ခံရတယ်လို့လည်း ပြောပါတယ်။ 


“ကတိန်ခင်းတဲ့နေ့ကို နေ့စားတွေကို လာချင်လာ မလာချင်နေ လို ပြောတယ်။ လာလည်း ဒေးကြေး မရဘူး ။ မလာရလည်း မရဘူးလို့ စက်ရုံ ကပြောတယ်။ တခြားအလုပ်သမားတွေကို ပိတ်ရက်တွေမှာ ဒေးကြေးရတာ။  ကထိန်ခင်းတဲ့နေ့ဟာ ပိတ်ရက်လဲ မဟုတ်ဘူး အလုပ်ဆင်းရက် ၊ ဒါကို ခွဲခြား ဆက်ဆံတာမျိုးလုပ်နေတယ် " လို့ အလုပ်သမားတွေက ပြောပါတယ်။ 


စက်ရုံ  WCC တွေကလည်း ညှိနှိုင်း ဆောင်ရွက်မပေးသလို တိုင်ကြားမှုတွေကို အလုပ်သမားရုံးကလည်း  အရေးပေး ဆောင်ရွက်ပေးတာ မရှိခဲ့လို့ အလုပ်သမားတွေ နစ်နာနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  


GY Sen စက်ရုံက ရန်ကုန်မြို့၊ ရွှေပြည်သာမြိုနယ် ၊ ဝါးတရာစက်မှုဇုန်မှာရှိပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။ စက်ရုံက  Velilla, Radians, Reflatex စတဲ့ တံဆိပ်တွေ ချုပ်လုပ်နေပြီး တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံ ဖြစ်ပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026