NEWS

Guston Amava Ltd အလုပ်ထွက်အလုပ်သမားအပေါ် ခွဲခြားဆက်ဆံ

CoverLogo
555 Views
ပေးစာ
မင်္ဂလာပါ အကို အမ တို့ရှင့်။
ဒီလိုကာလမှာ ဒီစာကို မရေးတော့ဘူးလို့ စဉ်းစားထားပေမဲ့ မနေ့က အမတယောက် ရေးထားတာတွေ့လို့ ညီမ အဖြစ်အပျက်ကို စားရေးပို့ လိုက်ရပါတယ်။
ညီမပြောချင်တာက အထည်ချုပ်အလုပ်သမားတွေဆိုတာ အမြဲတမ်း ဖိအားတွေနဲ့ အလုပ် လုပ်နေရတာပါ။ သာမန်လူတွေအတွက်ဆို ငရဲခန်းနဲ့တူလို့ အတော်အတန်အလုပ်သမားတွေ မလုပ်နိုင်တဲ့ လုပ်ငန်းပါ။
 
သတင်းတွေမှာ တွေ့ကြမှာပါ ။ အထည်စံချိန်တောင်းတယ်ဆိုတာကိုလေ။ တောင်းတယ်ဆိုတာ သာမန်ကြည့်ရင် ဆရာနဲ့ ကျောင်းသားလို ဆက်ဆံရေးမျိုးမဟုတ်ပါဘူး။ အချိန်တိုင်းဆဲဆို ပြောဆိုနေတဲ့ လုပ်ငန်းခွင်ကြီးပါ။
 
ဒီလို အခြေအနေ နေတိုင်းရင်ဆိုင်နေရဲ့ အလုပ်သမားတွေမှာ စိတ်ဖြေဖို့တာလည်း အချိန်မရှိပါဘူး။ ခွင့်မရ၊ နားချိန်မရှိသလောက် ပါတယ်။ ဒီလိုအခြေအနေတွေထဲက အလုပ်၊ မိသားစု၊ လူမှုရေး အခက်အခဲတွေကို ကျော်ဖြတ်နေရသူတွေပါ။ ဒီတော့ သင်္ကြန်လို ပိတ်ရက်မျိုးကို သိပ်ကိုမျှော်ပါတယ်။
ပိတ်ရက်မို့တင်မဟုတ်ပါဘူး။ သင်္ကြန်ပိတ်ရက် အကြို စက်ရုံထဲက ပျော်ပွဲလေးတွေလည်း မျှော်ပါတယ်။ ဒါကလည်း နှစ်တိုင်း စက်ရုံတိုင်း လုပ်နေကြ ပျော်ပွဲဆိုတာ စက်ရုံ လုပ်သားအားလုံး၊ လုပ်ငန်းရှင်တွေအားလုံး သိကြ ခွင့်ပြုကြတာပါ။
 
ညီမတို့စက်ရုံက သီလဝါအထူးစီးပွားရေးဇုန် မှာပါ။
ဒီနှစ်ကတော့ ငလျင်နဲ့ ဆိုတော့ ပျော်ပွဲလေးတွေ မလုပ်ဖြစ်တာ လုပ်ဖြစ်တာ သေချာမသိရပေမဲ့ ပျော်ဖို့ဆိုပြီး ညီမလည်း ဆိုဂျူ ၃ လုံး စက်ရုံထဲ ယူလာပါတယ်။ စက်ရုံအဝင်ဝ မှာပဲ သယ်လာတဲ့ ပုလင်းတွေကို လုံခြုံရေးတွေ တွေ့ပြီး ညီမလည်း ရုံးခန်းရောက်ပါတယ်။
 
ရုံးခန်းရောက်ပြီဆိုကတည်းက ညီမ နဲ့ စက်ရုံနဲ့ ရှေ့ဆက်မရတော့ဘူးဆိုတာကို သိနှင့်နေပါပြီ။ ညီမက မဟုတ်မခံ၊ အမှန်အတိုင်းပြောတတ်သူတွေကို စက်ရုံတာဝန်ရှိသူက အမြင်မကြည်မလင်ဖြစ်တာကလည်း သိပ်မဆန်းတော့ အလုပ်ထွက်ဖို့ ဖြစ်လာတာပါ။
 
ပုလင်း ၃ လုံးကိစ္စ မေးတော့ တခါတည်း ညီမ စည်းကမ်းချိုးဖောက်တယ်ဆိုတာကို တခါတည်း ဝန်ခံပြီး အလုပ်က ထွက်တဲ့ အကြောင်း ပြောခဲ့ပါတယ်။
ညီမ အကြောင်းက ဒီမှာ စပါတယ်။ ဒီလိုထွက်တယ်ပြောတော့ စက်ရုံမှူးက အဲမှာတင် ရပ်မနေပါဘူး။ ညီမ ဘယ်တုန်းက ဘယ်လို ခံပြောတာကာစ ရာဇဝင်လှန်ပါတော့တယ်။ စက်ရုံမှူးနဲ့ တာဝန်ရှိသူတွေ အငြိုးအတေး အမှတ်ကြီးတာကိုလည်း မြင်လိုက်ရပါတယ်။
 
ဒါတွေထားလိုက်ဦး။
စက်ရုံဘက်က လုပ်ဆောင်မှုတွေကို ဆက်ပြောပါ့မယ်။ စက်ရုံစည်းကမ်းဖောက်လို့ အလုပ်ထွက်ရတာဖြစ်ဖြစ်၊ ထုတ်ပယ်တာ ဖြစ်ဖြစ် ကြော်ငြာသင်ပုန်းမှာ ကပ်လေ့ မရှိပါဘူး။
ဒါပေမဲ့ ညီမကို အမည်ကို အလုပ်ဝင်နံပါတ်နဲ့တကွ ကြော်ငြာသင်ပုန်းမှာ ကပ်ထားခံရပါတယ်။ ဒါက ခွဲခြားခံရတာလို့ မြင်ပါတယ်။ ရှေ့က အလုပ်ထွက်ရတဲ့သူတွေဆို ရာဇဝတ်မှုတွေတောင် ပါပါတယ်။ ညီမလို အကပ်မခံရပါဘူး။
 
ဒီလို အကပ်ခံရတာက ညီမလို မိန်းကလေး တယောက်အတွက် ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ မြင်ပါတယ်။ အရှက်လည်း ရပါတယ်။ စိတ်လည်း ထိခိုက်ရတာပါ။
ညီမ အလုပ်ထွက်တော့ ရပိုင်ခွင့်တွေကို စက်ရုံက ပြန်ပေးပါတယ်။ အဲတာတွေ သွားထုတ်တော့ HR ဌာနက တာဝန်ရှိသူကို ညီမက ကပ်ထားစာကို ဖြုတ်ပေးဖို့ တောင်းဆိုပါတယ်။ မရပါဘူး။ ဒါနဲ့ ညီမ သက်ဆိုင်ရာကို တိုင်းကြားမဲ့ အကြောင်း ပြောတော့ ကြိုက်တဲ့နေရာတိုင်လို့ အဖြေပေးပါတယ်။
ညီမနဲ့ စကားပြောတဲ့ တာဝန်ရှိသူဆိုတာ အမျိုးသမီးတဦးပါ ။ အမျိုးသမီးချင်း ကိုယ်ချင်းစာရင် ဒီလို ငြင်းမယ် မထင်ပါဘူး။
နောက်ပြီး ညီမ ကိုယ့်အပြစ်ကိုယ် ဝန်ခံပြီး အလုပ်ထွက်တာပါ။ အထုတ်ခံရတာ မဟုတ်ပါဘူး။
ညီမအနေနဲ့ ဂုဏ်သိက္ခာနဲ့ အလုပ်ထွက်ခဲ့တာပါ။ ဒါပေမဲ့ စက်ရုံတာဝန်ရှိသူတွေက ညီမ ဂုဏ်သိက္ခာမဲ့အောင် ကြော်ငြာသင်ပုန်းမှာ အလုပ်ထုတ်ဆိုပြီး ကပ်ထားတာက ခွဲခြားဆက်ဆံတာ ဖြစ်တယ်ဆိုတာပါ။
 
အခုစာကြောင့် အနှောင့်အယှက် ဖြစ်ရတယ်ဆိုရင် တောင်းပန်ပါတယ်။
သတင်းဌာနက အကိုအမတို့ကို ကျေးဇူးတင်ပါတယ်။ Guston Amava Ltd စက်ရုံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကတော့ စက်ရုံ ဖေ့ဘွတ်မှာ ရှိပါတယ်။

Related posts

Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026
Cover
ခရီးဝေးသွားသည့် ကိုယ်ပိုင်ယာဉ်များ မိုင်၁၀၀ အထက် ရောက်ပါက စက်သုံးဆီ ထပ်ဖြည့်နိုင်ဟု စစ်ကော်မရှင်ကြေညာ
Mar 16, 2026
Cover
အလုပ်ပိတ်ရက် အချိန်ပို မဆင်းပါက သတိပေးလက်မှတ်ထိုးရပြီး အလုပ်သမားအချို့အလုပ်ထုတ်ခံနေရတဲ့ Chai Moon Sports (Myanmar)​
Mar 15, 2026
Cover
Jiangsu Soho Myanmar လုပ်ငန်းခွင်တွင် နိုင်ငံခြားသူ အမျိုးသမီးမှ စောင့်ကြည့်အလုပ်ဖြုတ်
Mar 15, 2026
Cover
Earnest Myanmar သိုးမွှေးစက်ရုံ တနင်္ဂနွေဆင်းခိုင်းပြီး ၂ ဆချုပ်ဖို့ ဖိအားပေး
Mar 15, 2026