NEWS

GTIT Easter Garment စက်ရုံ ရုံးပိတ်ရက် အချိန်ပို ဆက်တိုက် ခိုင်း

CoverLogo
612 Views
 
GTIG Easter Garment စက်ရုံက အစိုးရ ရုံးပိတ်ရက် နှစ်ရက်ကို အချိန်ပို ဆက်တိုက်ခိုင်းစေခဲ့ပြီး တပေါင်း လပြည့်နေ့ တရက်သာ ပိတ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက ရန်ကုန်မြို့ ၊ ရွှေပြည်သာမြိုနယ်၊ ဝါးတရာစက်မှုဇုန်မှာ ရှိပြီး လုပ်သား ၁၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
" ဝန်ထမ်း တွေက ဒီ ပိတ်ရက်ကို မဆင်းနိုင်ဘူး ပြောတော့၊ လာမဆင်းရင် ရက်မှန်ကြေး နဲ့ ဒေးကြေး ပြုတ်မယ် ဆို ပြီး ပြောတယ်။ ပိတ်ရက်ကို အစားထိုး ပြန်ယူထားတယ်။ WCC ကို သဘောမတူဘူးလို့ သွားပြောတယ်။ ညှိပေးတယ်။ ပိတ်ရက်ကို အိုတီ အဖြစ်နဲ့ အိုတီကြေး လက်ငင်း ရှင်းပေးမယ်ဆိုပြီး ပြောင်းခေါ်တယ်။ ဒါပေမဲ့ အိုတီ လက်မှတ် လာမထိုးခိုင်းဘူး ။ တစ်ရုံ လုံး ဆင်းရတယ်။ ၁၂ရက်နေ့က အိုတီ ကြေးလက်ငင်း ရှင်းပေးတယ်။ ၁၄ ရက်နေ့တွက် အိုတီကြေး မရှင်းပေးဘူး။ ၁၅ရက်နေ့ မှ ရှင်းပေးမယ် ဆိုပြီး လုပ်တယ်။ အိုတီ ခေါ်ရင် အိုတီ ခွင့်ပြုမိန့် ကြိုတင်ရတာ မဟုတ်ဘူးလား။ အခုက တစ်ရုံလုံး ဘယ်သူမှ အိုတီ လက်မှတ် သဘောတူကြောင်း မထိုးရဘဲ ဆင်းပေးရတယ်။ ပိတ်ရက်မှာ အလုပ်သမားတွေ အနားမရဘူး။ အခု ထပ်ပြီး ပြောပြန်တယ်၊ တနင်္ဂနွေနေ့ကို အစား ထိုးရက်အဖြစ် ပြောင်းယူမယ်လို့ ။ နားရက်ဆိုတာ မရှိ တော့ဘူး။ စက်ရုံက ရုံ ၅ရုံ တွဲမှာ ကျန်တဲ့ ရုံတွေ အေးဆေးပဲ ပိတ်တယ်။ ဒီရုံပဲ အခုလိုတွေ လုပ်နေတယ် ။ " ဆိုပြီး စက်ရုံအလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံက အချိန်ပို ၃ နာရီအပါ မနက် ၈ နာရီ မှ ည ၇နာရီ ခွဲ ထိ အလုပ်ဆင်းရပြီး စနေနေ့တွေမှာဆို ညနေ ၅နာရီခွဲ ထိ လုပ်ကိုင်ရတယ်လို့ သိရပါတယ်။ အချိန်ပိုတွေ နေ့စဉ်လုပ်ကိုင်နေရပြီး ညပိုင်း အချိန်ပိုတချို့ မဆင်းနိုင်တဲ့ အကြောင်း WCC အဖွဲ့ကနေ ညှိနှိုင်းပေမဲ့ အဆင်မပြေခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
“စက်ရုံမှာ ည ၇နာရီ ခွဲ အထိ ဆင်းရတော့ အရမ်းပင်ပန်းနေကြတယ်။ အရင်လို ပုံမှန် ၆နာရီ ခွဲ လေးပဲ ပြန်ခေါ်စေချင်တတာ။ ခေတ်ကာလ ကလည်း လုံခြုံမှု မရှိတဲ့ ကာလဆိုတော့ ည၇နာရီ ခွဲအထိ အလုပ်ခိုင်း တာက လုံးဝကို အဆင်မပြေဘူး။ စနေ ဆိုရင် လည်း ညနေ ၅နာရီ ခွဲ အထိ ခေါ်တယ်၊ တခြားစက်ရုံတွေက အဲ့နေ့မှာ ညနေ ၄ နာရီ ခွဲထိ ပဲ ခေါ်ကြတယ်။ စနေနေ့ဆို ညနေ ၄နာရီခွဲထိ ပဲ ခေါ်ပေးစေချင်တာ” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
GTIT Easter Garment စက်ရုံက CALLIOPE ၊ ALLER Bien Sport စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။

Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026